ရှေးဘဝဆုတောင်းတွေကောင်းခဲ့တာလား ဆရာမဝန်မလေးရယ်

Health Local News

🙏 ရှေးဆုတောင်းများ~
ကောင်းခဲ့လေသလား…???
🙏 မန္တလေး၌ ၊ သံဃာအပါး ။
တစ်သောင်းနှစ်သောင်း ၊ သုံးသောင်းတို့ကို ။

သုံးကြိမ်သုံးခါ ၊ ဆွမ်းဆန်စိမ်းတွေ ။
လောင်းလှူတဲ့ခါ ၊ အမြဲတမ်းပဲ ။

ဒေါက်တာမလေး ၊ ဆောင်းရူပါဝင်း ။
ပါနေပါတယ် ၊ ရှေးဆုတောင်းများ ။

ကောင်းခဲ့လေသလား ၊ ဝမ်းသာပီတိ ။
ဖြစ်မိပါတယ် ၊ ယခုလိုမျိုး ။

ဆွမ်းလောင်းလှူရ ၊ မြတ်ပုညကြောင့် ။
အိုခြင်းနာခြင်း ၊ သေခြင်းမရှိရာ ။

မြတ်နိဗ္ဗာန်၏ ၊ အထောက်အပံ့ ။
ဖြစ်ပါစေသား ၊ ဖြစ်စေသတည်း👏👏👏

👉 ရုပ်ဆင်းအင်္ဂါ ၊ ရုပ်ရည်ဟာလည်း ။
ဒိထက်မက ၊ လှပပါစေ ။

တင့်တယ်ပါစေ ၊ ချောမောပါစေ ။
လိုအင်ဆန္ဒ ၊ တောင်းသောဆုတွေ ။

အမြန်ပြည့်ဝ ၊ ပါစေသားလို့ ။
စာရေးသူက ၊ ထပ်ဆင့်ကာဖြင့် ။

ပတ္ထနာပြု ၊ တောင်းဆုပြုရင်း ။
မှတ်တမ်းရေးထိုး ၊ တင်လိုက်ပါပြီ 👍👍👍

Credit AshinZavana

Leave a Reply