အပျိုတွေဖြစ်ရက်နဲ့ အိမ်ထောင်သည်ယောကျ်ားကိုမှ စွဲလန်းကြရတဲ့အကြောင်းရင်း (၅) ချက်

Knowledge

 ခုနောက်ပိုင်း အိမ်ထောင်ရေးပြဿနာ တော်တော်များများမှာ အပျိုလေးတွေက ဗီလိန်ဖြစ်နေတာကို အားလုံးလည်း တွေ့မြင်ရမှာပါ။ ဘာကြောင့် အပျိုတစ်ယောက်က ရုပ်ရည်လည်းရှိရက်သားနဲ့၊ ပညာအရည်အချင်းလေးလည်း ရှိရဲ့သားနဲ့ အိမ်ထောင်သည် ယောကျ်ားကိုမှ သိက္ခာအကျခံပြီး တွဲနေရလဲဆိုတာ အားလုံးသိချင်နေတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေရဲ့အဖြေကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်

(၁) ဖောက်ပြန်ချင်တဲ့ ယောကျ်ားမှန်းသိနေလို့

မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားတစ်ယောက် ဖောက်ပြန်ချင်စိတ်ရှိနေတယ်ဆိုတာ အလိုလိုသိကြပါတယ်။ သူတို့ဖက်က ချစ်နေရင်တောင် ဒီတစ်ယောကျ်ားတစ်ယောက်က ဖောက်ပြန်မယ့်သူမဟုတ်ဘူးဆိုရင် ရှေ့ဆက်တိုးလေ့ မရှိပါဘူး။ တကယ်လို့ အိမ်ထောင်သည်ယောကျ်ားတစ်ယောက်က ဖောက်ပြန်ခဲ့တယ်ဆိုရင်တော့ သူကိုယ်တိုင်က ဖောက်ပြန်ချင်တဲ့စိတ်ရှိလို့ဆိုတာကို သိထားဖို့လိုပါတယ်။

(၂) ရင့်ကျက်တည်ငြိမ်လို့

အိမ်ထောင်သည်ယောကျ်ားကိုမှ စွဲလန်းကြရတဲ့အကြောင်းရင်း (၅) ချက်အိမ်ထောင်သည်ယောကျ်ားတွေက ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြုံတွေအရ ပိုပြီးတည်ငြိမ်ကြသလို၊ ပိုပြီးတော့လည်း ရင့်ကျက်ကြပါတယ်။ မိသားစုကို ကျွေးမွေးပြုစုနိုင်စွမ်းရှိတဲ့အပြင် တည်ငြိမ်တဲ့ အသွင်အပြင်၊ ရင့်ကျက်တဲ့အတွေးအခေါ်တွေက မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ ညဖက် ဂိမ်းထိုင်ဆော့နေတာလိုမျိုး မရင့်ကျက်တဲ့အမူအကျင့်တွေ မရှိသလို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ယောင်ခြောက်ဆယ်လုပ်မနေပဲ အလုပ်ကြိုးစားနေတာမျိုးက တစ်ဖက်လူရဲ့အမြင်မှာ ဆွဲဆောင်မှုရှိလွန်းနေတာဖြစ်ပါတယ်။

(၃) ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိလို့

နာက်ထပ်အကြောင်းရင်းတစ်ခုကတော့ အိမ်ထောင်ရှိတဲ့ ယောကျ်ားတွေဟာ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီးစိတ်ပူစရာ မရှိတဲ့သူတွေမို့လို့ပါ။ အရမ်းမချမ်းသာရင်တောင် အထိုက်အလျောက်တော့ မိန်းကလေးတစ်ယောက်ကို ကျွေးမွေးနိုင်၊ ပြုစုနိုင်တဲ့ သူတွေဖြစ်လို့ပါ။ အလုပ်အကိုင်ရှိပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ရပ်တည်နေတဲ့ ယောကျ်ားတစ်ယောက်၊ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီးစိတ်ပူစရာမရှိတဲ့ ယောကျ်ားတစ်ယောက်ဟာ တစ်ဖက်လူရဲ့အမြင်မှာ အရမ်းကို ဆွဲဆောင်မှုရှိနေလို့ဖြစ်ပါတယ်။

(၄) ပိုပြီးဂရုစိုက်ယုယတတ်လို့

အိမ်ထောင်သည်ယောကျ်ားတွေဟာ လူပျိုယောကျ်ားလေးတွေထက် ပိုပြီးဂရုစိုက်ကြင်နာယုယတတ်ကြပါတယ်။ အကြောင်းကတော့သူတို့မှာ အတွေ့အကြုံတွေရှိနေပြီးသားဖြစ်လို့ပါ။ လိင်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ မိန်းကလေးတစ်ယောက်ကို ချစ်ပြ၊ ဂရုစိုက်ပြရာမှာပဲဖြစြ်ဖစ် ပိုပြီးတော်ကြသလို၊ ပိုပြီးတော့လည်း စိတ်ရှည်သည်းခံနိုင်ကြတာကြောင့် တစ်ဖက်သားအတွက် ရုန်းထွက်ဖို့ခက်နေတာဖြစ်ပါတယ်။

(၅) ယောကျ်ားကောင်းအားလုံးမှာ ဆိုင်သူရှိသွားပြီလို့ထင်ကြလို့

အပျိုလေးတွေတန်မဲ့ အိမ်ထောင်ရှိတဲ့ ယောကျ်ားကိုမှစွဲလန်းရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ယောကျ်ားကောင်းတွေအားလုံးမှာ ဆိုင်သူရှိသွားပြီလို့ထင်ကြလို့ပါ။ ဆိုလိုတာကတော့ အိမ်ထောင်သည်ယောကျ်ားကိုမှ ယောကျ်ားကောင်းဖြစ်မယ်လို့ ထင်မိကြလို့ပါ။ ဥပမာ ဇနီးနဲ့ကလေးကို အရမ်းချစ်ပြီးအရမ်းဂရုစိုက်တဲ့ယောကျ်ားကိုသာ ပိုင်ဆိုင်လိုက်ရင် သူ့ကိုလည်း ဒီလိုပဲ ဂရုစိုက်လာမယ်လို့ ထင်လို့ပါ။

Em Em

Leave a Reply