Zodiac signs and Love (part -2) (Gemini, Leo, Virgo)

Astrology

Gimini
Gimini တွေဟာ ပထမဦးဆုံး လေဓာတ်စိုးမိုးတဲ့ ရာသီဖွားတွေဖြစ်ပြီး အမွှာ နှစ်ယောက်နဲ့ ကိုယ်စားပြုပါတယ်။ Gimini တွေဟာ မျက်နှာ ၂ဖတ်ရှိတဲ့သူတွေ အဖြစ်ကျော်ကြားပြီး ခင်မင်ဖို့ကောင်းကာ ဆိုရှယ်ကျတဲ့လူတွေပဲဖြစ်ပါတယ်။ မာကျူရီ ဂြိုလ် ရဲ့ လွှမ်းမိုးမှုခံရတဲ့ Gimini တွေဟာ စကားများတယ် ကူညီတတ်တယ် အကောင်းမြင်စိတ်ရှိတတ်ကြပါတယ်။ Gimini တွေရဲ့ အချစ်ရေးဟာလဲ သူတို့ရဲ့ စရိုက်အတိုင်းပါပဲ။ ဒီရာသီဖွားတွေဟာ စကားပြောရတာကို ကြိုက်နှစ်သတ်လေ့ ရှိကြပါတယ်။ Gimini တွေဟာ ပုံပြောတတ်သူတွေ ဖြစ်ကြပြီး သူများတွေနဲ့ မတူတဲ့ ဝါသနာတွေရှိတတ်ကြတယ်။ Gimini တွေဟာ သူများတွေကို အားပေးကူညီတတ်ကြတဲ့လူတွေဖြစ်ပါတယ်။ ဒီရာသီဖွားတွေဟာ တတ်ကြွတတ်တဲ့ အမျိုးအစားတွေဖြစ်ပြီး သူတို့ရဲ့ အကြောင်းကိုသေချာသိဖို့အတွက်တော့ အတော့ကို ခတ်ခဲတတ်ပါတယ်။ Gimini တွေဟာ ညနေပိုင်းတိတ်ဆိတ်တဲ့အချိန်လေးမှာ အိမ်မှာနေရတာကို ကြိုက်နှစ်သတ်ကြတဲ့ လူတွေဖြစ်ပြီး အဲဒီအကျင့်ကပဲ သူတို့ဟာ relatoion အသစ်တွေကို ရဖို့ခတ်ခဲသွားတတ်တာဖြစ်ပါတယ်။

Leo 

cele တစ်ယောက်နဲ့ date ဖူးပါသလား။ Leo တစ်ယောက်နဲ့ အရင် date ကြည့်ပါ။ အတွေ့အကြုံရပါတယ်။ 😛 ။Leo တွေဟာ နေကို ကိုယ်စားပြုတဲ့ လူတွေဖြစ်ပြီး မီးဓာတ်စိုးမိုးတဲ့ရာသီခွင်ပဲဖြစ်ပါတယ်။ သူတို့တွေဟာ ဟောလီး၀ုဆန်ဆန် အချစ်တွေကို သဘောကျတတ်ပီး အထင်ကြီးစရာကောင်းတဲ့ အသိအမှတ်ပြုမှုတွေကို လိုချင်တတ်ကြပါတယ်။ သတင်းထောက်တွေ သဘောကျလောက်တဲ့ အချစ်ဇာတ်လမ်းကို ဖန်တီးတတ်ကြတဲ့လူတွေလဲ ဖြစ်ပါတယ်။ Leo တွေဟာ  ပြီးပြည့်စုံတဲ့ အချစ်ရေးကို မျှော်လင့်တတ်ကြတဲ့လူတွေဖြစ်ပြီး သူတို့ရဲ့ချစ်သူတွေကို သူတို့လိုပဲဖြစ်ဖို့ မျှော်လင့်တတ်ကြတဲ့လူတွေဖြစ်ပါတယ်။ ဒီခြင်္သေ့တွေဟာ စိတ်ထိခိုက်လွယ်ကြပြီး သူတို့နာကျင်ခံစားရပြီ ဆိုရင် သူတို့ရဲ့ မာနတွေအကုန်လုံးကို အရည်ဖျော်ပစ် နိုင်တဲ့လူမျိုးတွေဖြစ်ကြပါတယ်။ ဒီရာသီဖွားတွေ သတိထားရမှာကတော့ အချစ်ဆိုတာ သတင်းစာထဲမှာ ပါသင့်စရာ သတင်းတစ်ပုဒ်လိုမဟုတ်ပဲ အားနည်းချက်တွေ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည်မှုတွေ နဲ့ဖွဲ့စည်းထားတယ်ဆိုတာပါပဲ။ 

Virgo

Virgos တွေဟာ zodiac sign တွေထဲမှာ ပြသနာတျွေကို ခွဲခြမ်းစိတ်ဖြာနားလည်နိုင်မှု အမြင့်ဆုံးလူတွေ ဖြစ်ကြပါတယ်။ ဒီရာသီဖွားတွေဟာ ဦးနှောက်ကို ပိုဦးစားပေးတတ်တဲ့ လူတွေဖြစ်ကြပြီး မြေဓာတ်စိုးမိုးတဲ့ ရာသီခွင်တွေဖြစ်ကြပါတယ်။ သူတို့တွေဟာ အနုပညာကို ခံစားတတ်ကြပြီး emotion ထက် fact ကိုဦးစားပေးတတ်ကြတဲ့လူတွေ ဖြစ်ကြပါတယ်။Virgo တွေဟာ အချက်အလကနဲ့ အဖွဲ့အစည်းကို ဦးစားပေးတတ်ကြတဲ့လူတွေဖြစ်ကြကြပြီး မာကျူရီ ဂြိုလ်ရဲ့လွှမ်းမိုးမှုအရ နေ့စဉ်နေ့တိုင်း ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှတ်နေတတ်တဲပ လူမျိုးဖြစ်ပါတယ်။ သင့်မှာ သေသေချာချာဆွဲထားတဲ့ အိပ်စက်မှု အချိန်ဇယားရှိပါသလား? ဂျာနယ်တွေထဲမှာ ပါလာတတ်တဲ့ ဆူဒိုခုလိုမျိုး pazzel တွေကို စိတ်ဝင်စားပါသလား။ Virgo တွေက အဲ့လိုလူစားမျိုးတွေပါ။  Virgo တွေဟာ ပါတနာရွေးချယ်ရာမှာ ဂရုစိုက်မှုတွေ ကြင်နာမှုတွေထက် အချက်အလက်တွေကို ကြည့်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ Virgo တွေရဲ့ အားသာချက်ကတော့ သူတို့ရဲ့ထက်မြတ်လွန်းတဲ့ စဉ်းစားတွေးခေါ်မှုပါပဲ။ အဲ့အချက်ကပဲ အချစ်ရေးမှာ အားနည်းချက်ပြန်ဖြစ်သွားတတ်ပါတယ်။ Virgo တွေဟာ တစ်ခါတစ်လေမှာ အတွေးသမားတွေပဲဖြစ်တတ်ကြပြီး ကောင်းမွန်တဲ့ relationship တစ်ခုအတွက်ဆိုရင် နှလုံးသားခံစားချက်ကို ပိုပြီးနားထောင်သင့်တယ်လို့ အကြံပေးပါရစေ။

Leave a Reply