Zodiac Signs And Love (Part -3)(Libra ,Scorpio, Sagittarius)

Astrology

Libra

Libra တွေကို ချိန်ခွင်တစ်ခုနဲ့ကိုယ်စားပြုပါတယ်။ Libra အများစုဟာ အပျော်ရွှင်ဆုံး relation ကို ပိုင်ဆိုင်လေ့ရှိပြီး လေဓာတ်စိုးမိုးတဲ့ ရာသီခွင်တွေထဲမှာ romance ဆန်တဲ့ ပထမဦးဆုံးရာသီခွင်ပဲဖြစ်ပါတယ်။ Libra တွေကို venus (သောကြာ) ဂြိုလ်က စိုးမိုးပြီး အလှအပကို အခံစားတတ်ဆုံး ရာသီဖွားတွေ ဖြစ်လာစေပါတယ်။ Libra တွေဟာ အာဏာရှင်ဆန်တတ်ကြသူတွေ လည်းဖြစ်ပါတယ်။ သူတို့တွေဟာ ပြတိုက်တွေကို သွားလည်ရတာ ဝိုင်ချက်လုပ်တဲ့နေရာတွေကို သွားလည်တာ စတာတွေကို ကြိုက်နှစ်သတ်ကြသူတွေဖြစ်ပါတယ်။ Libra တွေနဲ့ အတူရှိနေချိန်ဟာ မင်းသဘောကျတဲ့ အရုပ်ဆက်ကစားနည်းတစ်ခုကို ထိုင်ဆော့နေရသလို စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ပြီး သူတို့ဟာ သူများ အထင်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကောင်းကောင်းမွန်မွန် သိတဲ့ လူစားမျိုးတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ LIbra တွေဟာ သူတို့ရဲ့ ပါတနာက အဖြူရောင်မုသားလိုမျိုး ပြသနာမတတ်ချင်လို့ သုံးလိုက်တဲ့ စကားလုံးတွေကြောင့် ပြသနာရှာလေ့ရှိသူတွေလည်းဖြစ်ကြပါတယ်။ တရားမျှတမှုကို အထူးလိုလားတဲ့ ရာသီခွင်တွေဖြစ်ပြီး တချို့သောကိစ္စလေးတွေမှာ အမြင်မတူတာလေးတွေကို သည်းခံတတ်ဖို့ အကြံပေချင်ပါတယ်။ အမှန်တရားဟာ ဘယ်လောက်ခါးသီးသီး လက်ခံနိုင်ပေမဲ့ လိမ်ပြောရင်တော့ နည်းနည်းမှ မကြိုက်တဲ့ ရာသီခွင်သမားတွေ ဖြစ်ကြပါတယ်

 

Scorpio 

Scorpio တွေဟာ zodiac sign မှာ ကျော်ကြားတဲ့ရာသီခွင် ဖြစ်ပြီး ကင်းမြီးကောက်နဲ့ ကိုယ်စားပြုလေ့ရှိပါတယ်။ အမှောင်ထဲမှာ နေရတာသဘောကျတဲ့သတ္တဝါမျိုး ဖြစ်ပြီး သူတို့ရဲ့ အဆိပ်ဆူးကြောင့် နာမည်ကြီးပါတယ်။ Scopio တွေမှာ တခြားရာသီဖွားတွေနဲ့ မတူတဲ့ အချစ်ရေးမျိုးရှိပြီး  သူတို့သာ ရိုမန့်တစ်ဆန်မယ်ဆိုရင် ရေဓာတ်စိုးမိုးတဲ့ သူတို့ဟာ သူတို့ရဲ့ ပါတနာတွေကို တကယ့်ကို နတ်နတ်ရှိုင်းရှိုင်း ချစ်ပေးနိုင်တဲ့ လူမျိုးဖြစ်ပါတယ်။ သူတို့နဲ့ အလိုက်ဖတ်ဆုံးပါတနာကတော့ ခံစားချက်များတဲ့သူ၊ ဆွဲဆောင်မှုရှိသူ စတဲ့လူမျိုးတွေဖြစ်ကြပါတယ်။ scopio တစ်ယောက်နဲ့ date လုပ်တဲ့အခါမှာ တစ်ခါထဲတွေ့ရုံနဲ့ ကြွေသွားနိုင်လောက်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ သူတို့ဟာ အင်မတန်ကို ဖမ်းစားတတ်တဲ့ စုန်းမလေးတွေပါပဲ။ scopio အများစုဟာ သူတို့ရဲ့ ဆွဲဆောင်နိုင်မှုကို သိရှိပြီး ကောင်းကောင်းအသုံးချနိုင်တတ်တဲ့လူမျိုးဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ အရည်အချင်းတွေကို ကောင်းမွန်တဲ့ဖတ်မှာ အသုံးချဖို့လိုပြီး မကောင်းတဲ့နေရာမှာ အသုံးမပြုဖို့ အင်မတန်အရေးကြီးပါတယ်။ ကောင်းကောင်းမွန်မွန် မထိန်းချုပ်နိုင်ရင် စွဲလမ်းမှုလွန်ကဲတဲ့ ပြသနာတွေ၊ ထိန်းချုုပ်ရခတ်တဲ့ ပြသနာတွေ နဲ့ relationship ထဲမှာ power ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ Scopio တွေသတိထားရမှာက စိတ်ချင်းနီးကပ်မှုဟာ တန်ဖိုးရှိကြောင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားဖို့ လိုအပ်ကြောင်း ပဲဖြစ်ပါတယ်။

 

Sagittarius 

သဲကန္တရထဲမှာ ဘာမှမပါပဲနဲ့ လမ်းပျောက်ဖူးပါသလား။ အမေဇုန်သစ်တောထဲက ခဲနေတဲ့ ရေတံခွန်ကြီးကို တတ်ကြည့်မယ်လို့ စိတ်ကူးယဉ်ဖူးပါသလား။ Sagittarius တွေက အဲဒါမျိုးတွေကို သဘောကျတတ်ပါတယ်။ Sagittarius တွေဟာ မီးဓာတ်စိုးမိုးတဲ့ ရာသီခွင်တွေဖြစ်ကြပြီး လေသည်တော်ရုပ်နဲ့ ကိုယ်စားပြုပါတယ်။ Sagittarius တွေဟာ သူတို့ရဲ့မြှားတွေလိုပဲ သူတို့ရဲ့ ရည်မှန်းချက်တွေကိုလဲ ဘယ်လောက်ဝေးဝေး ပြည့်၀အောင်ဖြည့်စည်းလေ့ ရှိတဲ့လူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ ပုံပြင်အပြောကောင်းသူတွေ philosophy သမားတွေဖြစ်ပြီး သူတို့နဲ့ date ရတာဟာ အင်ဒီယာနာဂျုံးဂျစ်ကားထဲက pessenger နေရာမှာ လိုက်ထိုင်နေရသလိုပါပဲ။ Sagittaius တွေဟာ လူတိုင်းနဲ့ ပေါင်းသင်းနိုင်ပါတယ်။ သူတို့တွေဟာ အတူတူသာလုပ်ရမယ်ဆိုရင် ရာဇဝတ်မှုတွေကိုတောင် ကျူးလွန်ဖို့ ဝန်လေးကြမဲ့လူမျိုး မဟုတ်ပါဘူး။ Sagitarrius တွေဟာ  လှည့်လည်သွားလာဖို့ မွေးဖွားလာကြသူတွေဖြစ်ပြီး လွတ်လပ်မှုကို အင်မတန်မြတ်နိုးတတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကတိတစ်လုံးထက် လွတ်လပ်မှုကို ပိုသဘောကျတတ်တဲ့လူမျိုးတွေဖြစ်ပြီး အဲ့အချက်ဟာပဲ relationship အတွက် ပြသနာတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ Sagittarus တွေဟာ အကူလေယဉ်မှူးလို ပါတနာမျိုးကို လိုအပ်တာဖြစ်ပြီး အဲ့ပါတနာဟာလဲ သူ့ရဲ့စွန့်စားခန်းတွေကနေ ရင်ခုန်မှုကိုသဘောကျတတ်လာမှာဖြစ်ပါတယ်။

Leave a Reply