အစိုးရက ဝက်ဘ်ဆိုက်တစ်ခုနှင့် ဆက်စပ် IP လိပ်စာသုံးခုကို ပိတ်ရန် အော်ပရေတာများအား ညွှန်ကြားခဲ့

Local News

 

အစိုးရက ဝက်ဘ်ဆိုက်တစ်ခုနှင့် ဆက်စပ် IP လိပ်စာသုံးခုကို ပိတ်ရန် အော်ပရေတာများအား ညွှန်ကြားခဲ့ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) က သြဂုတ် ၂၇ ရက်တွင် ဝက်ဘ်ဆိုက်တစ်ခုနှင့် ဆပ်စပ် IP လိပ်စာများကို ပိတ်ရန် မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါဝက်ဘ်ဆိုက်သည် သတင်းအမှားများနှင့် ကောလာဟလများကို ဖြန့်ဖြူးနေသောကြောင့်ဖြစ်သည်ဟု သိရသည်။

သုံးစွဲသူများသည် ပိတ်ပင်ထားပြီးဖြစ်သည့် ဝက်ဘ်ဆိုက်များ၏ လင့်ခ်များကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါ ဝက်ဘ်ဆိုက်များကို မြန်မာအာဏာပိုင်များ၏ညွှန်ကြားချက်အရ ပိတ်သိမ်းထားခြင်းဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းညွှန်ကြားချက်များသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အပေါ် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အပိတ်ခံရသော website မှာ justice for myanmar အမည်ရ website ဖြစ်ပြီး အစိုးရအနေနှင့် အခုနှစ်ပိုင်းအတွင်း cyber sensor လုပ်ခြင်းများပိုမိုများပြားလာကြောင်း အင်တာနတ် အခွင့်အရေး လှုပ်ရှားသူတစ်ဦးမှ ပြောကြားသည်။

Leave a Reply