ရွှေတိဂုံဘုရားပေါ်ကလူသိနည်းသော တန်ခိုးကြီးဘုရားများနှင့်သမိုင်းဝင်နေရာများ အပိုင်း (၁)

Knowledge

ရွှေတိဂုံဘုရားကြီးပြန်ဖွင့်တဲ့အချိန်ကျရင် ဒီနေရာတွေကို သတိတရနဲ့သွားကြည့်လိုက်ကြပါ

ဝိဇ္ဇာ ဇော်ဂျီတန်ဆောင်းပါ အရမ်းထူးခြားပါတယ်
နံပါတ် တစ် ထူးခြားချက်ကတော့ နောင်ပွင့်မယ့်
အရိမေတ္တယျဘုရားရှင်ရဲ့ ပုံတော်လို့ ယူဆချက် ဖြစ်ပါတယ်
မက္ကိုက်ဆောင်းထားတာလဲ ထူးခြားပါတယ် ဘုရားရှင်ပွင့် တော်မူမယ့်အချိန်ကိုစောင့်ပြီး ကျွတ်တန်းဝင်ကြမယ့်
ဝိဇ္ဇာ ဇောဂျီများ တရားအားထုတ်ရာတန်ဆောင်းလို့
ယူဆကြပါတယ်
ချစ်သူစုံတွဲတွေဟာ တန်ဆောင်းပေါ်အတူတူတက်ရင်
အတက်မှာ ညာဘက်ခြမ်းကဇော်ဂျီတောင်ဝှေးကို ကိုင်
ပြီးရင် အထဲဝင် ဘုရားကန်တော့ သံသရာအဆက်ဆက်
ပါရမီဖြည့်ဘက် ဖြစ်ပါရစေဆုတောင်း အဆင်းကျရင်တော့ ဘက်ဘက်ခြမ်းက ဝိဇ္ဇာဓာတ်လုံးကို ကိုင်ပြီးမှ ဆင်းမယ်
ဆိုရင် ဘယ်တော့မှ ဘယ်သူခွဲခွဲ တသက်လုံး မကွဲတော့ဘူးတဲ့
တန်ဆောင်းအပေါ်ကအင်းပြားကြောင့်လို့လဲ ယူဆရပါတယ်

နဂါးကိုးကောင်ဘုရား လောကီကိစ္စရပ်တွေအတွက်
အဓိဌာန်အောင်မြင်ပါသည်မြောက်ဘက်မုဒ်ကတက်လာရင် ထန်းပင် ကျော်ပြီး ဘယ်ဘက်ခြမ်းမှာ အတွင်းထဲ ဝင်ရှာကြည့်ပါ

ခြေတော်ရာတန်ဆောင်းတွင်း ရုပ်ပွားတော်အား
အမျိုးသားများမှ နဖူးနှင့်ထိပြီး လိုသောဆုတောင်းနိုင် ပါတယ် (အမျိုးသမီးမထိရပါ)

မြက်ရှင်ဘုရားပါ အမှတ် ၄၀-က

 

ဘုရားအမှတ် ၅၃ ပါ မောင်ကံဇနီးသည်ဟာ ခင်ပွန်းကို သတိရတဲ့အတွက် တည်ထားခဲ့တဲ့လွမ်းစေတီပါ

 

ဒီဘုရားကတော့ ဘိုးဘိုးအောင် အဓိဌာန်ပုတီးစိတ်တဲ့
ဘုရားပါ ညအချိန်တွေမှာဆို စိတ်ပုတီး စိတ်တဲ့ အသံ ကြားရတယ်လို့ဆိုကြပါတယ် အမျိုးသမီးများ တက်ဖူးခွင့်မရှိပါဘူး
ကြာသာပ​တေး ​ဒေါင်​့မှာ ရှာပြီးဖူးလိုက်ပါ။

 

ဒီဘုရားမှာ အမျိုးသားတစ်ဦးဟာ ထွက်ရပ်ပေါက်(အရှင်ထွက်) ထွက်ခဲ့တဲ့ ဘုရားလို့ဆိုကြပါတယ်

 

အမှတ် ၃၈-က သစ္စာမုနိဘုရားပါ ဘယ်လိုအခက်အခဲ ကြုံလာပါစေ မိမိသည်ရတနာသုံးပါးအား

ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ပါသည် အသက်ထက်ဆုံး ကိုးကွယ်ပါမည်
ဆိုပြီး အဓိဌာန်ပြု ဆုတောင်းနိုင်ပါသည်။

ဒီဘုရားကတော့ တောင်ဘက်မုဒ်တည့်တည့် တန်ဆောင်း
အတွင်းမှာ တည်ရှိပါတယ် ကောဏဂမနဘုရားရဲ့ ဝဲယာနှစ်ဘက်မှ ရုပ်ပွားတော်အပြင် အနောက်ဘက် အတွင်းထဲမှ ရုပ်ပွားတော်နှစ်ဆူဟာ ရှေးဟောင်းဘုရားများ ဖြစ်ပါတယ်
အမှတ်တမဲ့ ကျော်သွားတတ်တာမို့ သတိတရနဲ့ ဖူးမျှော် နိုင်ဖို့တင်ပြလိုက်ပါတယ်။

 

Leave a Reply