“အရှုံးတွေနဲ့ အသားတကျဖြစ်လာတဲ့ မန်ချက်စတာယူနိုက်တက်”

Sports

၂၀၂၀-၂၁ ဘောလုံးရာသီ စဖွင့်လှစ်ကတည်းက ဒယိမ်းဒ ယိုင်ဖြစ်နေတဲ့ မန်ယူဟာ မန်နေ ဂျာဟောင်း ဟိုဆေးမော်ရင်ဟို ဦးဆောင်နေတဲ့ တော့တင်ဟမ် ဟော့စပါးနဲ့ အတွေ့မှာတော့ ချောက်ထဲထိ ထိုးဆင်းသွားပါပြီ။ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ တော့တင်ဟမ်က ၆-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အ နိုင်ယူသွားခြင်းက မန်ယူရဲ့ မဖြေ ရှင်းနိုင်သေးတဲ့ နှစ်ချို့ပြဿနာ တွေရဲ့ သိသာထင်ရှားတဲ့ ဆိုးကျိုး ရလဒ်တစ်ခုလို့ သုံးသပ်ရုံပါပဲ။

တော့တင်ဟမ်နဲ့ ပွဲစဉ်မှာ မန်ယူတိုက်စစ်မှူး အန်သိုနီယို မာစီရယ်လ် အနီကတ် ထိသွား တာက အတော်လေး အငြင်းပွား စရာဖြစ်ခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်း ထုတ်စရာတွေ တစ်ပုံတစ်ပင်ရှိခဲ့ တယ်။ ဒါပေမဲ့ အဲဒီအနီကတ် မထိခင်ကတည်းက မန်ယူဟာ နောက်ကလိုက် ကစားနေရသလို ပွဲရဲ့ အနေအထားကလည်း ပြိုင် ဘက်ရဲ့ စိတ်ကြိုက်ဖြစ်နေပါပြီ။ တစ်ယောက်လျော့သွားလို့ ရှုံးရ တယ်ဆိုတာက ယေဘုယျလက်ခံ လို့ရပေမယ့် ဂိုးဒါဇင်ဝက်အ သွင်းခံရတာကို ကာကွယ်ဖို့အ တွက်တော့ လုံလောက်တဲ့ အ ကြောင်းပြချက် မဟုတ်ပါဘူး။ ဒီ ပွဲမှာ မန်ယူရဲ့ခံစစ်ကဆိုးရွားလွန်း ပါတယ်။ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကလည်း Covid-19 ရောဂါ ကူးစက်ခံရပြီး ပြန် သက်သာလာတဲ့အချိန်ကစလို့ အံ့ ဩစရာကောင်းလောက်အောင် ခြေစွမ်းကျဆင်းနေပါတယ်။ ပွဲပြီး သွားတော့ မန်ယူကစားသမား တော်တော်များများက Twitter ကနေ ပရိသတ်တွေကို တောင်း ပန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကွင်းထဲ မှာ ရှိနေချိန်ကတော့ သူတို့ဆီမှာ ဆာဆာလောင်အောင် အားထုတ် နေတာမျိုး လုံးဝ မတွေ့ခဲ့ရပါဘူး။ တော့တင်ဟမ်ဟာ မန်ယူဘက်ကို တစ်ဂိုးပြီးတစ်ဂိုး ခပ်လွယ်လွယ်ပဲ  သွင်းယူသွားခဲ့ပါတယ်။

ဒီရာသီမှာ မန်ယူက ပြိုင်ပွဲ အဆင့် ငါးပွဲကစားပြီး လိဂ်ဖလား နှစ်ပွဲမှာတော့ ရလဒ်ကောင်းနေ ဆဲပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ  ဒီအသင်းရဲ့ ဖြစ်ပျက်နေပုံတွေက  ရုပ်ပျက်ဆင်းပျက် နိုင်လွန်းပါ တယ်။ သုံးပွဲကစားပြီး ၁၁ ဂိုးပေး ထားရတဲ့ခံစစ်က တန်းဆင်းဇုန် အသင်းတွေနဲ့ နင်လားငါလား ပါပဲ။ မန်ယူရဲ့ ပြဿနာတွေကို အရင်းစစ်ကြည့်ရင် လက်ညှိုး ထိုးချင်စရာတွေက များလွန်းပါ တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်အ တွင်း ကစားသမားတွေ ရောင်း မှားဝယ်မှားဖြစ်ခဲ့တဲ့ဒဏ်က အခု ထိ ဖိစီးနေဆဲပါ။ ဒီကြားထဲ လက် ရှိ အပြောင်းအရွှေ့ကာလမှာ မန် ယူရဲ့ လှုပ်ရှားမှုက စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။ အောက်တိုဘာ ၅ ရက် ညပိုင်းမှာ အီဒင်ဆန်ကာဗာ နီ၊ အဲလက်စ်တဲလက်စ်နဲ့ ဖာကွန် ဒိုပယ်လစ္စထရီတို့ကို စာချုပ်တော့ မယ်လို့ သတင်းတွေထွက်နေပေ မယ့် ဒီကစားသမားတွေဟာ အ သင်းရဲ့ ဦးစားပေးပစ်မှတ်မဟုတ် ခဲ့တာကတော့ သေချာပါတယ်။ နွေရာသီ ဈေးကွက်ကာလတစ် လျှောက်လုံး ဒွန်နီဗန်ဒါဘိခ်တစ် ယောက်တည်းကို ခေါ်ယူပြီး ငုတ် တုတ်ထိုင်နေခဲ့တဲ့ အသင်းအမှု ဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ကို ပရိသတ်တွေ အခဲမကျေဖြစ်နေ ကြတာလည်း သိပ်တော့ မဆန်း ပါဘူး။

မန်နေဂျာ အပိုင်းမှာလည်း အားနည်းချက်တွေက ပိုပိုပြီး သိ သာလာပါတယ်။ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ် ကလပ်တွေ အား လုံးရဲ့ မန်နေဂျာတွေ စာရင်းကို တန်းစီကြည့်ရင် အောင်မြင်မှု၊ အတွေ့အကြုံ ကြွယ်ဝမှုတွေအရ နံပါတ် (၇၊ ၈)ဝန်းကျင်လောက်မှာ သာ ရှိပါလိမ့်မယ်။ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်း အားနည်းချက် တွေ ရှိရင်တောင် မန်ယူကစားသ မားဟောင်းပီပီ အသင်းနဲ့ပတ် သက်ပြီး နှစ်နှစ်ကာကာ ရှိတဲ့ အ ချက်က ဆိုးလ်ရှားကို အဓိက မောင်းနှင်နေတာပါ။ ဒါပေမဲ့ လက်ရှိရာသီမှာ သူ့ကို ကြည့်ရ တာ အဲဒီလို လေးနက်မှု Passion ပျောက်နေသလိုပါပဲ။ ၆-၁ ဂိုးနဲ့  ရှုံးပြီးချိန်မှာတောင် ရယ်ရယ် မောမော ဖြစ်နေတာမျိုးက သူ့အ ပေါ် သံယောဇဉ် လက်ကျန်ရှိနေ တဲ့ ပရိသတ်တွေကိုတောင် တွန့် သွားစေပါတယ်။

ကွင်းပြင်မှာ မန်နေဂျာ လုပ် ကိုင်နေတာတွေကို အားမရလို့ ကွင်းထဲ ကြည့်ပြန်တော့လည်း နှစ်ဆရင်မောရပါလိမ့်မယ်။ အား ကိုးတကြီးနဲ့ အသင်းခေါင်းဆောင် ခန့်ထားတဲ့ ဟယ်ရီမက်ဂွိုင်းယား က အသင်းကို လက်တွေ့ကျကျ ဦးဆောင်ပြနေပါတယ်။ ဘယ်နေ ရာမှာလဲဆိုတော့ အမှားတွေကျူး လွန်တဲ့အပိုင်းမှာပါ။ အငြင်းပွား စရာ အခြေအနေမျိုးမှာ ကိုယ့်က စားသမား အနီကတ်အပြခံရတာ တောင် သေချာစောဒကမတက် တာ၊ ခပ်လှမ်းလှမ်းက ရပ်ကြည့် နေတာမျိုးက သူ့ရဲ့ခေါင်းဆောင် မှုစွမ်းရည်အပေါ် မေးခွန်းထုတ် စရာပါပဲ။

တကယ်တော့ မန်ယူရဲ့ လူ စာရင်းဟာ အမြင့်ဆုံး အောင်မြင် မှုတွေကို စိန်ခေါ်ဖို့ မဖြစ်နိုင်သေး ရင်တောင် လူရိုသေ၊ ရှင်ရိုသေ ဆိုတဲ့အဆင့်ထက် အများကြီး ပိုတောင့်တင်းနေဆဲပါ။ ဒါပေမဲ့ ကစားသမားတွေကို မန်နေဂျာက မလှုံ့ဆော်ပေးနိုင်သလို ကိုယ် တိုင်လည်း ဘာလုပ်ချင်နေသလဲ သိပုံမပေါ်ပါဘူး။ ဒီကြားထဲ ကွင်း ပြင်ပစီမံခန့်ခွဲမှုတွေကလည်းအား နည်းလွန်း၊ လွဲချော်လွန်းပါတယ်။ ဆာအဲလက်စ်လက်ထက်၊အောင် လံတလူလူလွှင့်ခဲ့တဲ့ ရွှေထီး ဆောင်းကာလတွေမှာ ကြီးပြင်း လာတဲ့ မန်ယူပရိသတ်တွေအ တွက်တော့ ခါးသီးလွန်းတဲ့ ဘော လုံးလောကဓံကို အံကြိတ်နှလုံး သွင်းရင်း ဝုဒ်ဝက်ဒ်၊ ဆိုးလ်ရှားနဲ့ ကစားသမားတွေကြားမှာ ဘယ် သူ့ကို ကျိန်ဆဲရမှန်းမသိဘဲ လမ်း ပျောက်နေမှာ သေချာပါတယ်

 

Leave a Reply