I phone 12 Series အသစ်တွေကို Apple က စတင်မိတ်ဆက်ပြသပေးလိုက်ပါပြီနော််

Tech

I phone 12 Series အသစ်တွေကို Apple က စတင်မိတ်ဆက်ပြသ

I phone 12 Series အသစ် ၄ မျိုးကို Apple က —————————-

ပိုမိုမြန်ဆန်တဲ့ 5G ဝိုင်ယာလက် နက်ဝပ်ခ်အသစ်ပါတဲ့ နည်းပညာတွေနဲ့အတူ မိတ်ဆက်ပြသလိုက်ပါတယ်။

အခုထုတ်ဖော်ပြသလိုက်တဲ့ အိုင်ဖုန်း ၁၂ ရဲ့ ဖန်သားပြင်ဟာ ၆.၁ လက်မ ရှိတဲ့အတွက်

အိုင်ဖုန်း ၁၁ နဲ့ ဆင်တူတယ်ဆိုပေမယ့် ပိုတောက်ပပြီး၊ ပိုပါးတယ်လို့ ဆိုပါတယ်။

I phone12  ရဲ့ ဈေးနှုန်းကတော့ အများဆုံး အမေရိကန် ဒေါ်လာ ၈၀၀ ရှိပါတယ်။
ဖန်သားပြင် ၅.၄ လက်မရှိတဲ့ I phone 12 mini ရဲ့ဈေးနှုန်းဟာ အများဆုံး အမေရိကန် ဒေါ်လာ ၇၀၀ ရှိပါတယ်။

ဒီ့ထက်အဆင့်ပိုမြင့်တဲ့ I phone 12 pro ကတော့ ကင်မရာပိုကောင်းပြီး၊ ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိပါတယ်။
I phone 12 pro max က ဖန်သားပြင် ၆.၇ လက်မရှိပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၀၀ ရှိတယ်လို့ သိရပါတယ်။

ဒီအိုင်ဖုန်းအသစ်တွေဟာ ကြာကြာအသုံးခံတယ်လို့ Apple က ပြောပါတယ်။
ဒီအိုင်ဖုန်းအသစ်ကို ဝယ်ယူသုံးစွဲသူတွေ စိတ်အနှောက်အယှက်ဖြစ်နိုင်တာကတော့ Apple က ဒီဖုန်းတွေမှာ

အားသွင်းကြိုးတပ်ဆင်ပေးမထားဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပါဝါအားသွင်းကြိုးကို ဒေါ်လာ ၂၀ ကနေ ၅၀ လောက် ပေးရမှာဖြစ်ပြီး၊

အားသွင်းနှုန်း အနှေး-အမြန်ပေါ်မူတည်ပြီး ဈေးနှုန်းကွာသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အခု အိုင်ဖုန်းအသစ်ဟာ အရင်ကထက် ပိုပြီးသေးငယ်တာ၊ ပိုပြီး ပေါ့ပါးတဲ့အတွက်လည်း သယ်ယူပို့ဆောင်ရေးမှာ ပိုပြီးလွယ်ကူတယ်လို့ ဆိုပါတယ်။

Apple ကတော့ 5G ဟာ အမြန်နှုန်း ပိုမိုမြန်ဆန်ပြီး၊ ရုပ်ရှင်နဲ့ ဂိမ်းတွေကို မြန်မြန်ဆန်ဆန် ကူးယူနိုင်တယ်လို့ ချီးမွမ်းပြောဆိုထားပါတယ်။

I phone 12 နဲ့ 12 pro ကိုတော့ အောက်တိုဘာ ၂၃ ရက်မှာ ပြသပြီး I phone Mini နဲ့ Pro Max တို့ကိုတော့ နိုဝင်ဘာ ၁၃ ရက်မှာ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။. ။

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော််။

Leave a Reply