တရုတ်တွင် ကိုရိုနာ ကပ်ဘေးကာလ အတွင်း ဘီလျံနာများ တိုးတက်များပြားလာခဲ့

International News

ကိုရိုနာ ကပ်ဘေးကာလအတွင်း ပိတ်ဆို့ကန့်သက်မှုများကြောင့် အွန်လိုင်းကူးသန်းရောင်းဝယ်မှုနှင့် ဂိမ်းလုပ်ငန်းများ ဖွံံံဖြိုးတိုးတက်လာခဲ့ပြီး တရုတ်သန်းကြွယ်သူဌေးများသည် ၂၀၂၀ တွင် ဒေါ်လာ ၁.၅ ထရီလီယန်အထိ စံချိန်တင်ချမ်းသာလာကြောင်း အောက်တိုဘာ ၂၀ တွင်ထုတ်ပြန်သည့် ချမ်းသာမှု အစီအရင်ခံသာတွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငဲံဖြစ်သော တရုတ်တွင် ဩဂုတ်လအတွင်းက ဘီလျံနာစာရင်းသို့ အသစ်ပါလာသူ ၂၅၇ ဦးရှိခဲ့ပြီး ၂ နှစ်ဆက်တိုက် ဘီလျံနာ အရေအတွက်များ ကျဆင်းနေခဲ့ရာမှ ယခုနှစ်တွင် တရုတ်နိုင်ငံ၌ ဘီလျံနာဦးရေ တိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်တွင် ယခုအခါ ဘီလျံနာ ၈၇၈ ဦးထိရှိလာပြီး အမေရိကတွင် ဘီလျံနာ ၆၂၆ ဦးရှိခဲ့ကြောင်း Hurun ၏ စာရင်းများက ဆိုသည်။ ဩဂုတ်လက ဒေါ်လာသန်း ၃၀၀ (ယွမ် ၂ ဘီလျံ) အထက်ချမ်းသာသူ ၂,၀၀၀ ခန့်ရှိကြောင်း ၎င်းသူဌေးများ၏ ပိုင်ဆိုင်မှာသည် ဒေါ်လာ ၄ ထရီလီယံ ရှိသည်ဟု Hurun က ပြောကြားခဲ့သည်။

Alibaba တည်ထောင်သူ တရုတ်သူဌေးကြီး ဂျက်မားသည် ၂၀၂၀ အတွင်း ပိုင်ဆိုင်မှု ၄၅% တိုးတက်လာပြီး ဒေါ်လာ ၅၈.၈ ဘီလျံအထိ ချမ်းသာလာခဲ့သည်။ Tencent တရုတ်ဂိမ်းလုပ်ငန်းကို ပိုင်ဆိုင်သူ ပိုနီးမားသည် ပိုင်ဆိုင်မှု ၅၀% တိုးတက်လာပြီး ၅၇.၄ ဘီလျံအထိ ချမ်းသာလာခဲ့သည်။ Nongfu ရေသန့်လုပ်ငန်းနှင့် ထင်ရှားသော အသက်၆၆ နှစ်အရံယ် ကျောင်ရှန်ရှန်သည် တရုတ်ဘီလျံနာ စာရင်းတွင် ပထမဦးဆုံးပါဝင်လာပြီး ၅၃.၇ ဘီလျံနှင့် တရုတ်တွင် တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

တစ်နှစ်အတွင်း ဒီလောက်ချမ်းသာလာကြတာမျိုး ကမ္ဘာပေါ်မှာ ဘယ်သူမှ မကြုံဘူးပါဘူးဟု Hurun Report ၏ သုတေသန ပညာရှင် ခေါင်းဆောင်ရူးပတ်ဟူးဂဲဝက်က ပြောကြားသည်။ ယခုနှစ်စာရင်းအရ တရုတ်သည် ကုန်ထုတ်လုပ်မှုနှင့် အိမ်ခြံမြေကဲ့သို့သော အစဉ်အလာကဏ္ဍများမှ ဖယ်ခွာပြီး digital စီးပွားရေးသစ်ကို ကူးပြောင်းလာကြောင်း ဖော်ပြခဲ့သည်ဟု ၎င်းကပြောကြားသည်။

Leave a Reply