ရေငုတ်သင်္ဘော(ဟာသ)

Funny Tech

မိမိရေပိုင်နက်ထဲသို့
အမည်မသိရေငုပ်သင်္ဘောတစ်စီး
ကျူးကျော်၀င်ရောက်နေကြောင်း
ရေဒါတွင် ပေါ်လာသဖြင့်
တပ်သားတစ်ဦးကိုရေငုပ်ပြီး
စုံစမ်းခိုင်းလိုက်ရာ

” ကပ္ပတိန် တရုတ်ရေငုပ်သင်္ဘောခင်ဗျ ”
“ဘာလို့ မင်းပြောနိုင်ရတာလဲ ”
“ရေငုပ်သင်္ဘောမှာ တရုတ်စာတွေ
ရေးထားတာ တွေ့တယ် ခင်ဗျ ”
“မင်းအတော်ညံ့ပါလားကွ
အခုနေရာတိုင်းလိုလိုမှာ
တရုတ်စာရေးထားတယ် ထပ်ငုပ်”

မကြာမီ ပြန်ပေါ်လာပြီး
” အင်္ဂလိပ်ရေငုပ်သင်္ဘော ခင်ဗျ”
“ဘာဖြစ်လို့လဲ”
” ကျွန်တော် ချောင်းနားထောင်တော့
အင်္ဂလိပ်စကား ပြောသံတွေ ကြားနေရလို့ပါ ”
“မင်းတော်တော် တုံးပါလား
အင်္ဂလိပ်စကားက
နိုင်ငံတကာစကားကွ ပြန်ငုပ် ”

ဆက်ငုပ်သည်၊မကြာမီ ပြန်ပေါ်လာပြီး
” တရုတ်ရေငုပ်သင်္ဘောလည်းမဟုတ်ဘူး
အင်္ဂလိပ်ရေငုပ်သင်္ဘောလည်း မဟုတ်ဘူး
သိပြီ …သိပြီ..မြန်မာရေငုပ်သင်္ဘောခင်ဗျ ”

“ဟေ…သေချာရဲ့လား ဘယ်လိုလုပ်သိလဲ ”

“ကျိန်းသေတယ်ခင်ဗျ
ကျွန်တော် ချောင်းကြည့်တော့
သင်္ဘောသားတွေ
ဆီခိုးထုတ်နေတာတွေ့ခဲ့တယ် ”a

Leave a Reply