မုန့်တွေ၊ကင်မရာဘူးတွေထဲမှာပါတဲ့ Silica Gel bags တွေရဲ့ အသုံးဝင်ပုံများ

Knowledge

Silica Gel Bags တွေကို ဘာလို့ လွှင့်မပစ်သင့်တာလဲ

မုန့်ဘူးတွေ၊ ကင်မရာဘူးတွေ၊ ဖိနပ်ဘူးတွေထဲမှာ Silica Gel Bags လို့ခေါ်တဲ့ဂျယ်လီလို အလုံးလေးတွေ အစေ့လေးတွေပါတဲ့ အိတ်လေးကိုတွေ့ဖူးကြမှာပါ။ ဒီအထုပ်လေးတွေကို တွေ့တာနဲ့ အသုံးမလိုလောက်ဘူး အန္တရာယ်ရှိမလား မသိဘူး ဆိုပြီး လွှင့်ပစ်လိုက်ကြပါတယ်။

တကယ်တမ်းမှာတော့ ဒီအိတ်လေးတွေက အရမ်းကို အသုံးဝင်ပါတယ်။ သူဟာ ဆီလီကွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ပြီး ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဟာ ဘေးနားက အရာဝတ္ထုတွေကို ခြောက်သွေ့နေစေတာ ဖြစ်ပါတယ်။ ဒါဟာ အဆိပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေကိုတော့ မထိတွေ့စေခိုင်းသင့်ပါဘူး။ ကောက်စားလိုက်တာမျိုး ဖြစ်မှာစိုးလို့ပါ။ Silica Gel Bags လို့ခေါ်တဲ့ ဒီအိတ်လေးတွေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါပဲ။

၁) ကိုယ့်ရဲ့ Gym ပစ္စည်းအသုံးအဆောင် ထည့်တဲ့အိတ်ထဲကို ထည့်ထားရင် ဗက်တီးရီးယားနဲ့ မှိုပေါက်ဖွားခြင်းမရှိ အောင် ကာကွယ် ပေးနိုင်ပါသေးတယ်။ အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေပါတယ်။

၂) ဖုန်းကို မတော်တဆ ရေထိသွားရင် ဒီအထုပ်လေးတွေ ကူနိုင်ကယ်နိုင်ပါတယ်။ သူက ဆန်ထဲမှာ ထားတာထက်တောင် ပိုစွမ်းပါသေးတယ်။ ဒီအထုပ်လေးတွေ အများကြီးကို ခွက်ထဲထည့်ပြီး ဖုန်းကို ထားလိုက်ပါ။ စိုထိုင်းမှုကို အလျင်မြန်ဆုံး စုပ်ယူ လိုက်နိုင်ပါတယ်။

၃) ဓာတ်ပုံဟောင်းတွေကိုလည်း မပျက်စီးစေဖို့ ကယ်တင်နိုင်ပါသေးတယ်။ ဓာတ်ပုံအဟောင်းတွေကို ဘူးတစ်ခုထဲမှာ သိမ်းထားတယ်ဆိုရင် အဲဒီဘူးထဲကို ဒီအိတ်လေးတွေ ထည့်ထားလိုက်ပါ။ ဓာတ်ပုံတွေဆေးကွာ ပူးကပ်ပြီး ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၄) သူ့ကို ကားမှန်အောက်ခြေ ကားဒတ်ရ်ှဘုတ်ပေါ် တင်ထားမယ်ဆိုရင်လည်း မြူတွေ နှင်းတွေကြောင့် ကားမှန်စိုစွတ်တာမျိုး မဖြစ်အောင် ကာကွယ် ပေးနိုင်ပါသေးတယ်။

၅) ကင်မရာအိတ်ထဲ ထည့်ထားမယ်ဆိုရင်လည်း ကင်မရာကို ခြောက်သွေ့စွာ သိမ်းဆည်းထားနိုင်မှာပဲ ဖြစ်ပါတယ်။

၆) မုတ်ဆိတ်ရိတ်ဓားတွေကို ကြာရှည် ထက်မြနေစေချေင်ရင် ဒီအိတ်လေးတွေကို သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေ ထားတဲ့နေရာမှာ ဒီအိတ်လေးတွေကို ထားပေးမယ်ဆိုရင် အစိုဓာတ်တွေကို စုပ်ယူပေးပြီး မုတ်ဆိတ်ရိတ်ဓားတွေ တာရှည်ခံစေဖို့ ကူညီပေးပါတယ်။

၇) ခရီးဆောင်အိတ်ထဲမှာ ထည့်သွားမယ်ဆိုရင်လည်း အနံ့အသက်ကင်းပြီး ခြောက်သွေ့မှု ရှိနေစေမှာ ဖြစ်ပါတယ်။

၈) သူက ရွှေထည် ငွေထည်ပစ္စည်းတွေကိုလည်း အရောင်မလွင့်အောင် ကာကွယ်နိုင်တာမို့ လက်ဝတ်ရတနာ သိမ်းတဲ့နေရာမှာလည်း သူ့ကို သုံးနိုင်ပါတယ်။

၉) သစ်စေ့တွေ မျိုးစေ့တွေကို ခြောက်ခြောက်သွေ့သွေ့ သိမ်းဆည်းရမယ်ဆိုရင်လည်း လေလုံတဲ့ဘူးထဲမှာ ဒီအိတ်လေးတွေကိုထည့်ပြီးသိမ်းဆည်းပေးနိုင်ပါတယ်။

၁၀) စက္ကူနဲ့အခြားသော စာရွက်စာတမ်းတွေကို မှိုတက်ပျက်စီးတာမျိုး မဖြစ်စေဖို့ စာရွက်တွေသိမ်းဆည်းတဲ့နေရာမှာ ဒီအထုပ်လေးတွေကိုထားပေးလို့ရပါတယ်။

၁၁) ဆေးဘူးတွေနဲ့ မုန့်ဘူးတွေထဲမှာ ဒီအထုပ်လေးတွေကို ထားသိုတယ်ဆိုတာက အစိုပြန်မှုကိုကာကွယ်စေဖို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့သောက်ဆေးတွေ၊ အားဆေးတွေကို ဒီအထုပ်လေးတွေနဲ့အတူသိမ်းဆည်းလို့ရပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ သူ့ကို လွှင့်မပစ်ဘဲ ဘယ်လိုအကျိုးရှိရှိသုံးလို့ရမလဲဆိုတာ သိသွားကြပြီထင်ပါတယ်နော်။

Crd:မူရင်းရေးသားသူ

Leave a Reply