” မ ” ပေးတဲ့ဒဏ်ရာ အကယ်လို့ *မ*ဖတ်မိရင် မျက်ရည်မကျပါနဲ့၊၊

Local News
” မ ” ပေးတဲ့ဒဏ်ရာ အကယ်လို့ *မ*ဖတ်မိရင် မျက်ရည်မကျပါနဲ့၊၊

ကျွန်တော့်လက်ဖျံ မှာ ခုထိအနာမကျက်သေးတဲ့ သေရာပါ ဒဏ်ရာ အဆင်းကြောင်းလေးတစ်ခုရှိတယ်ဗျ “မ “ပေးခဲ့တာပေါ့ ..
ကျွန်တော် ၈တန်းလောက်က အသဲသန်ကြိုက်ခဲ့ဖူးတဲ့ အမကြီးတစ်ယောက် ရှိခဲ့ဖူးတယ် သူက ဆယ်တန်းတစ်ခါကျထားတဲ့ ရက်ပီတာ ဗျ ကျွန်တော်နဲ့ တစ်ရပ်ကွပ်ထဲ
ညည ဆို မုန့်ထွက်ဝယ်သလိုနဲ့ အဲ့ မမ အိမ်ရှေ့မှာ စက်ဘီး ခေါက်တုံ့ ခေါက်ပြန် နင်းရတာအမောပဲ

ကျွန်တော်တို့ ကျူရှင်ကဆင်းပြီဆို “မ” တို့သူငယ်ချင်း တစ်သိုက် ကြက်တောင်ရိုက်နေပြီ
ကြက်တောင်ရိုက်နေရင် မ နဖူးမှာချွေးလေးတွေကိုစို့ လို့ ပိတုံးရောင် ဆံပင်အထူကြီးကလဲ လွှားကနဲလွှားကနဲပဲ
ကျွန်တော်က ရပ်ထားတဲ့မစက်ဘီးခြင်းထဲ
အသဲပုံသကြားလုံးလေးတွေအမြဲထည့်ပေးတယ်

သူ့ သူငယ်ချင်းတွေက
ကျွန်တော်တို့အဖွဲ့ ဆင်းလာရင် “မ “ကို
“ဟဲ့ ဟိုမှာ နင့်မောင်လေး လာပြီ ”
ဆိုပြီးစရင် မ ကရှက်ရှက်နဲံ့ ရီပြီး မျက်လွှာလေး လှန်ကြည့်ရင်း ပြုံးပြတယ်
အဲ့ချိန်ဆို ကျွန်တော့်ရင်ထဲ လိူက်ကနဲပဲ ဘဝသာ ရူခင်းတစ်ခုဆို မ က ပန်းချီကားတစ်ချပ် ပေါ့
မတို့အိမ်က စာအုပ်အဌားဆိုင်လေးဖွင့်ထားတယ်
ကျွန်တော်က ကာတွန်းစာအုပ်သွားသွားဌားပြီး စာရင်းမှတ်နေတဲ့ မမျက်နှာလေးကို ငေးငေးနေတာ
မက ဟဲ့ကောင်လေး ရပြီ ယူသွားတော့လို့ပြောမှ
ရှက်အမ်းအမ်းနဲ့ ဗျာ လို့ထူးတော့
မက ရီရင်း ခေါင်းကို ဖွဖွလေး တချက်ခေါက်တယ်

နောက်ကြတော့ စာလေးတွေ မမကို စာအုပ်ပြန်အပ်ရင်း ညှက်ညှက်ထည့်ပေးတယ်
မမတွေ့ မတွေ့ မသိသေးခင် သူ့အမေကြီးတွေ့သွားတယ်ထင် တယ် ။ နောက်နေ့ စာအုပ်လာဌားတော့ ”
“လူကနို့နံ့မစင်သေးဘူး အတတ်ကောင်းတွေကတတ်နေပြီတဲ့ ”
မကတော့ ဆံပင်ဖားလားကြီးနဲ့ လက်နဲ့ နှခမ်းကိုကာပြီး ကိုယ်လေး တသိမ့်သိမ့်ခါအောင်ကြိတ်ရီနေတယ်
မအမေက အိမ်ပေါကနေ စသလိုနောက်သလို ပြောလိုက်ပေမဲ့ သူခိုးလူမိသလို ကျွန်တော် လန့်ပြီး ပြန်မယ်အလုပ်
မက ရီနေရင်းကနေ လက်ကိုဖမ်းဆွဲပြီး
“ဟဲ့ ကောင်းထက် စာအုပ်ဌားမှာမလား ဌားလေ” တဲ့
ကျွန်တော်လဲစာအုပ်ရွေးရင်း မကို ခိုးကြည့်တော့ အရင်နေ့တွေက သူ့ဘာသာ စာကျက်နေတဲ့မက ကျွန်တော့ကို ကြည့် ပြီး တခ်ခ် ကြိတ်ရီနေတယ်
အဲ့နေ့က ရှက်လဲရှက်တယ်
“မ”က လက်မောင်းကို ဆွဲလိုက်လို့ ပျော်လဲပျော်တယ် ညကြအိပ်မပျော်ဘူး
ဒီလိုနဲ့ မနဲ့ ကျွန်တော် ရင်းနီးသွားကြပါတယ်
မမနဲ့ ကြက်တောင် အတူရိုက်တယ် လမ်းထိပ်က မုန့်တီအတူသွားစားတယ် ။
ကျွန်တော်ဆေးလိပ် ခိုးသောက်တတ်တာ မ သိတော့ ကျွန်တော့်ကို လက်မောင်းကို ရိုက်ရိုက်ပြီး ဆုံးမတယ် ။
ကျွန်တော်ဆေးလိပ် ပြက်သွားတာ “မ”ကြောင့်ပေါ့

ကျွန်တော် စွန်လွှတ်နေရင် “မ” က အတင်းလုပြီး
လွှတ်တယ် ကျွန်တော်က “မ ” မလွှတ်တတ်ဖူး စွန်ပျက်မယ် ”
လို့ပြောတာကို မရမကယူပြီးလွှတ်တယ်
စွန်လဲကြိုးပျက်ရော မ မှာ ငိုမဲ့မဲ့နဲ့ ညကြတော့
ကျွန်တော့ အိမ်ရှေ့ကို မမ မရောက်စဖူးရောက်လာတယ်
စက်ဘီး ဘဲလ်လေးကို တီးရင်း
“ကောင်းထက်ရေ ကောင်းထက်ရေ “တဲ့
ကျွန်တော့်ကိုတွေ့တော့ စက်ဘီးခြင်းထဲက စွန်အသစ်လေး တစ်ခု ထုတ်ပေးတယ်
ငါ ညနေက နင့်စွန်လေး ကိုဖြက်မိလို့စိတ်မကောင်းလို့ ငါမု့်မစားပဲဝယ်ပေးတာတဲ့
ကျွန်တော်”မ”မျက်နှာကိုကြည့်ရင်း စိတ်မထိန်းနိင်တော့ပဲ မကို ကျွန်တော် အရမ်းချစ်တယ်လို့ ပြောချလိုက်တယ်
မ က မျက်လုံးလေးအဝိုင်းသားနဲ့
“ကောင်းထက် ရယ် နင်ကကလေးလေး ပဲရှိသေးတယ်လေတဲ”

ကျွန်တော်က အမကိုဘလို ချစ်ကြောင်း ရူးကြောင်း ဘာညာ တော်ကီအကြာကြီးဖုတ်လိုက်တော့ “မ “ခန တွေဝေသွားတယ်
“ဒီလိုလုပ် မင်းစာကိုကြိုးစား
မ လဲဆယ်တန်း ဒီနှစ်အောင်အောင်ကြိုးစားမယ်မင်းနဲ့တက္ကသိုဟ် တူတူတတ်ရရင် အဖြေပြန်ပေးမယ်” တဲ့
ကျွန်တော်လဲ မမ ငြင်းနေရာက ခုလိုစဉ်းစားပေးမယ်ပြောတော့ ဝမ်းသာအားရပဲ လက်ခံလိုက်တယ်
မကို မုန့်ဖိုးလေးတွေ စုပြီး ကလစ်လေးတွေဝယ်ဝယ်ပေးတယ် မကတော့ မလိုချင်ပါဘူး ကို့ဘာသာ ချစ်လို့ကို ဝယ်ပေးတာ
ဗယ်လင်တိုင်းဒေး အမှီ မှာ မမ လိုချင်လိုက်တာလို့ ပြောဖူးတဲ့ ဝက်ဝံရုပ်ကို ဝယ်ပေးဖို့
ကျွန်တော် အဲ့နေ့မရောက်ခင် တလအလိုထဲက မနက်စာ မုန့်ဖိုးကိုပါ မနက်စာပါမစားတော့ဘဲ စုခဲ့တယ်
ဗယ်လင်တိုင်းဒေးမရောက်ခင် ၁ ပတ်အလိုမှာ ကျွန်တော် သု ဝဏကွင်းမှာ သငယ်ချင်းတွေနဲ့ ဘော်လုံးကန်ပြီး အပြန်
မမကို စက်ဘီးတစီးပေါ်မှာ သူ့ရည်းစား ခါးကိုဖက် ရက် တွေ့လိုက်တယ်

ကျွန်တော် လမ်းတလျောက် ငိုလာ တာ ပတ်ဝန်းကျင်က ကြည့် နေလဲ မရှက်နိင်တော့ဘူး
မုန့်ဆိုင်က ခဲတံချွန်တဲ့ဓား တချောင်းဝယ် ပြီး မအိမ်လမ်းထိပ် မှာ “မ”ပြန်လာတဲ့ထိ သွားစောင့်တယ်
ခြင်တွေလဲကိုက်တယ် “မ”တို့အိမ်ရှေ့က မီးမရှိတော့ မှောင်မဲနေတာပဲ ၇နာရီလောက်မှာ “မ”ပြန်လာတယ်
“မ”က ကောင်းထက် ဘာလုပ်နေတာလဲ လို့နူတ်ဆက်တော့ ကျွန်တော် မကို ငိုပြီး “မ” တို့ကို တွေ့လိုက်ကြောင်း ပြောပြတော့
“မ”ခေါင်းငုံသွားတယ် သူလဲငိုနေတယ်
ခနတာ နှစ်ယောက်လုံးတိတ်ဆိတ်ရင်း
ခနနေတော့ “မ”က
“အင်း ဟုတ်တယ် အဲ့ဒါ အမရည်းစား တဲ့”
ရင်ဘက်ထဲ ဗုံးကွဲသလိုပဲ
“မ ဒါဆိုသားကိုအစကဘာလို့မပြောလဲ ” လို့မေးရင်း လက်ထဲက ခဲတံချွန်ဓားနဲ့ လက်ဖျံကို လှီးချ လိုက်တော့
“မ”
အင့် ကနဲ ရိူက် သွားပြီး
“မင်းကို ချစ် လို့ ” လို့ပြောပြီး အိမ်ပေါကို ငိုရင်းပြေးတတ်သွားတယ်
အဲ့နေ့ကစပြီး မနဲ့ကျွန်တော် ထပ်မဆုံဖြစ်ကြတော့ပေမဲ့
အခုချိန်ထိ “မ “က ကျွန်တော့ယ့် အတွက်တော့ “မ “ပါဘဲ
“မသာမ”🙃လေ
လူကိုသက်သက်လှည့်စားသွားတာ။

(မိုးနတ်မင်း Page ကို like & follow  လုပ်ခြင်းဖြင့် အကြောင်းအရာမျိုးစုံကိုဖတ်ရှုလိုက်ပါ။)

Leave a Reply