ထောက်ပံ့ကြေးလေးသောင်းအမှန်တစ်ကယ်ရရဲ့လား

Local News

ယခုလို ကပ်ရောဂါဆိုက်ရောက်နေတဲ့ကာလမှာ
နိုင်ငံတော်က လက်လုပ်လက်စား အခြေခံလူတန်းစားတွေကိုထောက်ပံ့ကြေးပေးသော်လည်း

အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံကြေးကိုမရတဲ့သူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့်အခြေခံလူတန်းစားတွေကို ထောက်ပံ့ကြေးပေးအပ်ရာမှာ
အချို့ကလည်း အစိုးရကအမှန်တကယ်ပေးတဲ့လေးသောင်းကို အကြောင်းပြချက်အမျိုးမျိုးကြောင့်
သုံးသောင်းတို့ နှစ်သောင်းတို့ရတဲ့လူတွေလည်းရှိပါတယ်
ဆင်းရဲနွမ်းပါးပြီးဝင်ငွေမရှိတဲ့လူတွေလက်ဝယ်ရောက်ရှိမယ့်အစား

အချို့ရပ်ကွက်များတွင် ပါတ်သက်ရာပါတ်သက်ကြောင်းတွေကို

လက်သိပ်ထိုးပေးတာတွေလည်း ကြားသိရပါတယ်
အချို့ရပ်ကွက်များတွင်သမာသမတ်ကျကျအခြေခံလူတန်းစားတွေကိုခွဲဝေပေးသော်လည်း
ရပ်ကွက်အတော်များများတွင် အမှန်တစ်ကယ်ထောက်ပံ့ကြေးရသင့်သူများကိုမျက်ကွယ်ပြုမှုတွေကြားသိရပါတယ်
ထောက်ပံ့ကြေးပေးခံစားနိုင်မည့်သူများမှာ

လူမှုဝန်ထမ်းဦးစီးဌာနမှတိုင်ကြားဆက်သွယ်ရန် ဖုန်းနံပါတ်ထုတ်ပြန်ပေးထားသည်ကိုဖော်ပြပေးလိုက်ပါတယ်

ယခုလို လူတိုင်းစီးပွားရေးပျက်ကပ်ဆိုက်ရောက်နေချိန်မှာ တဘို့တည်းကြည့် အောက်ခြေလူတန်းစားကိုမငဲ့ကွက်တတ်သူအချို့ကို

အုပ်ချုပ်ရေးမှူးအဖြစ်ရပ်ကွက်သားတွေတင်မြှောက်ထားသည့်အဖြစ်မျိုး
မြန်မာပြည်အနှံ့တွင်မည်မှများပြားနေပြီမသိပါ

Like & Share လုပ်ပေးကြပါဦး

Leave a Reply