အိမ်စီးကား ဆိုင်ကယ်ကိုတိုက်မိ၍ တစ်ဦး သေဆုံး၊ ကားအောက်ညပ်ပါသွားသူကို အချိန်တစ်နာရီကြာ ကယ်ထုတ်ခဲ့ရ

Local News

စမ်းချောင်းမြို့နယ်တွင်  ကိုယ်ပိုင်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိရာမှ တစ်ဦးသေဆုံးရာ ကျန်တစ်ဦးမှာ ကားအောက်ညပ် ပါသွားပြီး ၎င်းကိုတစ်နာရီခွဲကြာ ကယ်ထုတ်ခဲ့ရကြောင်း ဝေဠုဝန် မြောက် အရန်မီးသတ်တပ်ဖွဲ့ (စမ်းချောင်း)မှ ကိုရဲသူရိန်က  ပြောသည်။

နိုဝင်ဘာ ၂၉ ရက် နံနက် ၁ နာရီခန့်က FORD အမျိုးအစား ယာဉ်သည် ဗဟန်းမြို့နယ်ဘက်မှ စမ်းချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ဓမ္မစေတီလမ်း Happy Zone ရှေ့အရောက် ရှေ့ မှမောင်းနှင်နေသည့် Honda Wave  ဆိုင်ကယ်အား ဝင်တိုက်မိ ခဲ့သည်။

ထိုသို့တိုက်မိစဉ် ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသူ  အမျိုးသမီးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့ပြီးဆိုင်ကယ်မောင်း နှင်သူ အသက် (၄၃)နှစ်အရွယ်  အမျိုးသားမှာ တိုက်မိသည့်ကား ဖြင့် ညပ်ပါသွားခဲ့ကြောင်း ကိုရဲ သူရိန်ကပြောသည်။

‘‘အဲဒီအမျိုးသားက ကား အိတ်ဇောနဲ့ ဂျွိုင်းတန်း ကြားထဲမှာ ညပ်ပြီးပါသွားတာ။ ကားသမား က သူ့အိမ်ကိုရောက်တော့မှ သိရ တာ။ ကားနဲ့ ညပ်ပါသွားတဲ့အမျိုး သားက တစ်ကိုယ်လုံး ပွန်းပဲ့နေ တာကိုတွေ့ရတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဉ်မောင်းမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အလုံမြို့နယ်ရှိ ၎င်း၏နေအိမ်သို့  မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူ အမျိုး သားမှာ မော်တော်ယာဉ်အောက် ပိုင်းဂျွိုင်းဆက်နှင့် ဆီတိုင်ကီကြား တွင် ညပ်ပါလာသည်ကို နေအိမ် ရောက်မှသိခဲ့ရကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

နေအိမ်ကားဂိုဒေါင်အထိ  ကားအောက် ညပ်ပါသွားခဲ့ခြင်း ဖြစ်ပြီး ယင်းအမျိုးသားကို အလုံ မြို့နယ် မီးသတ်တပ်ဖွဲ့၊ စမ်း ချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့နှင့်  ရဲတပ်ဖွဲ့တို့က နံနက် ၁ နာရီခွဲက စတင်ကယ်ထုတ်ခဲ့ရာ နံနက် ၂နာရီခွဲမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရ သည်။ ‘‘တော်တော် ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်။ အချိန်ကြာ တော့ အသက်အန္တရာယ်ထိခိုက် မှာစိုးလို့ အောက်ဆီဂျင်ပေးပြီး ကယ်ထုတ်ခဲ့ရတာပါ’’ဟု ကိုရဲသူ ရိန်ကဆိုသည်။

ကားအောက်ညပ်ပါသွား သည့် အမျိုးသားမှာဦးခေါင်း၊ ကျောကုန်း၊ လက်နှင့်ခြေထောက် တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ ပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင် ပေးခဲ့သည်။

ယင်းအမျိုးသားမှာ ကမာ ရွတ်မြို့နယ် လှည်းတန်း (၃) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ MGL Express အမြန် ချောပို့ကုမ္ပဏီတွင် လုပ်ကိုင်သူ ဖြစ်ပြီး အခင်းဖြစ်ပွားသည့်ဆိုင် ကယ်မှာလည်း ယင်းကုမ္ပဏီအ မှတ်တံဆိပ်ပါရှိကြောင်း ကိုရဲသူ ရိန်ကပြောသည်။

‘‘ယာဉ်မောင်းကိုတော့ ဖမ်း မိထားပါတယ်။ အမှုဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေပါတယ်’’ ဟု စမ်းချောင်းမြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ် မောင်းအမျိုးသားကို စမ်းချောင်း မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)(ပေါ့လျော့မှု ကြောင့်လူသေမှု)၊ ပုဒ်မ ၃၃၇၊ ၃၃၈(သာမန်၊အပြင်းထန်နာကျင် စေမှု)ဖြင့် အမှုဖွင့်ထားသည်။

ကိုဗစ်ရောဂါ ဖြစ်ပွားနေ သည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ည ၁၀နာရီမှ နံနက် ၄နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားသည့် အချိန်အ တွင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‘‘ညမထွက်ရ အမိန့်ထုတ် ပြန်ထားတဲ့အချိန်မှာ ဖြစ်သွားတာ အဲဒီဥပဒေကို ချိုးဖောက်တာပဲ။ တိုက်တဲ့သူရော၊ အတိုက်ခံရတဲ့ သူရောသွားလာခွင့်မရှိဘဲ သွား လာတာ ဥပဒေကိုချိုးဖောက်တာ ပဲ’’ဟု စမ်းချောင်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသော်တာအောင်ကပြော သည်။

Leave a Reply