စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်း ယာဉ်တိုက်မှုဖြစ်စဉ်အပေါ် အရေးယူဆောင်ရွက်မှုအခြေအနေ

Local News

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၂ နာရီကျော်တွင် စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်း၊ ယုဇနစီးပွားရေးတာဝါရှေ့၌

ဆိုင်ကယ်(၁)စီးကို ကား(၁)စီးမှ တိုက်ပြီးထွက်ပြေး သွားကြောင်းသတင်းအရ အခင်းဖြစ်နေရာသို့

လှည့်ကင်းရဲတပ်ဖွဲ့သည် ချက်ချင်းရောက်ရှိသွားရာ အခင်းဖြစ်နေရာ၌ ယာဉ်တိုက်ခံရသူ အမျိုးသမီး(၁)ဉီးသေဆုံးပြီး

မောင်းနှင်ထွက်ပြေးသွားသည့် လမ်းပေါ်၌ သွေးစွတ်ကြောင်း ကျန်ရှိခဲ့သည်ကိုတွေ့ရ၍

လိုက်လံရှာဖွေခဲ့ရာ အလုံမြို့နယ်၊ ကရင်ခြံ ရပ်ကွက်ရှိ ခြံဝန်း(၁)ခုအတွင်း ဝင်ရောက်သွားသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က

သက်သေများ နှင့်အတူ ဝင်ရောက်စစ်ဆေးရာ တိုက်ပြေးသည့်ကားကို ယာဉ်မောင်းနှင့်အတူ တွေ့ရှိရပြီး

ကား၏ အောက်ပိုင်း ဂျွိုင်းဆက်နှင့်ဆီတိုင်ကီကြားတွင် ယာဉ်တိုက်ခံရသည့် အမျိုးသား(၁)ဉီးမှာ ညှပ်လျက် ရှိသည်ကို

တွေ့ရှိရသဖြင့် ၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းအား

ဥပဒေနှင့်အညီ အမှုဖြင့် ဖမ်းဆီးအရေးယူထားရှိပါသည်။ ဒဏ်ရာရရှိသူ အမျိုးသားမှာ

ယခုအခါ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့်အခြေအနေ မရှိတော့ကြောင်း သိရှိရပါသည်။ အတိုက်ခံရသည့်ဆိုင်ကယ်မှာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမြန်ချောပို့ဆိုင်ကယ်ဖြစ်ပြီး ရန်ကုန်မြို့အတွင်း ခွင့်ပြုချက်ဖြင့် စီးနင်းသည့်ဆိုင်ကယ် ဖြစ်ကြောင်း

စိစစ်တွေ့ရှိရသော်လည်း ကန့်သတ်ထားသည့်အချိန် ကျော်လွန်နေသည်ကိုတွေ့ရှိရ၍

တာဝန်ဖြင့် သွားလာခြင်း ဟုတ်မဟုတ် စိစစ်လျက်ရှိပါသည်။

Source: ရဲဇာနည်

Leave a Reply