ဆိုင်ကယ်ကိုတိုက်ပြီး ထွက်ပြေးသည့် အိမ်စီးကားကို သွေးစွတ်ကြောင်းမှတစ်ဆင့် ဖမ်းမိခဲ့ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

Local News

စမ်းချောင်းမြို့နယ်တွင်  တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိ သည့် ယာဉ်တိုက်မှုဖြစ်စဉ်ကျူးလွန်သူယာဉ်မောင်းကို လမ်းမပေါ်ကျန်ခဲ့သည့် သွေးစွတ်ကြောင်းမှတစ်ဆင့် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က နိုဝင်ဘာ ၃၀ရက်တွင်ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၉ရက် နံနက် ၁ နာရီခန့်က ရှင်စောပုလမ်း ယုဇန စီးပွားရေးတာဝါရှေ့တွင် FORD  အမျိုးအစားယာဉ်တစ်စီးက ဆိုင် ကယ်တစ်စီးကိုတိုက်ပြီး ထွက် ပြေးသွားကြောင်းသတင်းရ၍ ရဲ တပ်ဖွဲ့ကစစ်ဆေးခဲ့ရာ ယာဉ် တိုက်ခံရသူ အမျိုးသမီးတစ်ဦးမှာ  အခင်းဖြစ်နေရာတွင် သေဆုံးပြီး  မောင်းနှင်ထွက်ပြေးသွားသည့် လမ်းပေါ်၌ သွေးစွတ်ကြောင်း ကျန်ခဲ့သည်ကို တွေ့ရှိ၍ လိုက်လံ ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ် ပြန်သည်။

ထိုသို့လိုက်လံရှာဖွေခဲ့ရာ အလုံမြို့နယ် ကရင်ခြံရပ်ကွက်ရှိ ခြံဝင်းတစ်ခုအတွင်းသို့ဝင်ရောက် သွားခဲ့ကြောင်း၊ ယင်းခြံဝင်းအ တွင်း ဝင်ရောက်ရှာဖွေစဉ်တိုက် ပြေးသည့်ကားကို ယာဉ်မောင်းနှင့်  အတူတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ကထုတ်ပြန်သည်

ယာဉ်အောက်ပိုင်း ဂျွိုင်း ဆက်နှင့် ဆီတိုင်ကီကြားတွင် ယာဉ်တိုက်ခံရသည့် အသက် (၄၃) နှစ်အရွယ် စိုင်းအောင်မိုးမှာ  ညှပ်နေသဖြင့်သက်ဆိုင်ရာ မီး သတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က တစ်နာရီခွဲအကြာ ကယ်ထုတ်ခဲ့ရ ကြောင်း ကယ်ဆယ်ရေးဆောင် ရွက်ခဲ့သည့် ဝေဠုဝန်မြောက်အ ရန်မီးသတ်တပ်ဖွဲ့(စမ်းချောင်း)မှ  ကိုရဲသူရိန်ကပြောသည်။

အတိုက်ခံရသည့်ဆိုင်ကယ် မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အမြန်ချောပို့ဆိုင်ကယ်ဖြစ်ပြီး  ရန်ကုန်မြို့အတွင်း ခွင့်ပြုချက်ဖြင့်  စီးနင်းသည့်ဆိုင်ကယ် ဖြစ် ကြောင်း စိစစ်တွေ့ရှိရသော်လည်း ကန့်သတ်ထားသည့်အချိန် ကျော်လွန်နေသည်ကိုတွေ့ရှိရ၍   တာဝန်ဖြင့်သွားလာခြင်း ဟုတ်၊ မဟုတ် စိစစ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ် သက်၍ အတိုက်ခံရသည့် ဆိုင် ကယ်စီးနင်းမောင်းနှင်သူကို စိစစ် နေဆဲဟုသာ ဖော်ပြထားသော် လည်း ယာဉ်မောင်းအား ညမ ထွက်ရအမိန့် ကျော်လွန်မောင်း နှင်ခြင်းအပေါ် မည်သို့စစ်ဆေးနေ သည်ဟု ထုတ်ပြန်ထားခြင်းမရှိသ ဖြင့် လူမှုကွန်ရက်တွင်ဝေဖန်နေ သည်။ ထို့အပြင် ရဲတပ်ဖွဲ့၏ထုတ် ပြန်ချက်တွင် ကျူးလွန်သူ၏နာ မည် ဖော်ပြခြင်းမရှိသည့်အပေါ် တွင်လည်း ဝေဖန်နေသည်။

Leave a Reply