ည၁၂နာရီစာပို့ ဆိုင်ကယ်အားတိုက်ပြေးသွားသည့် အမူ့မှ ဖြစ်ရပ်မှန်နှင့်သတင်းမှန် ပြည်သူသိရှိစေရန်

Local News

ရွှေကသစ်(စမ်းချောင်း)မောင်လွင်

အမူ့ဖြစ်စဥ်မှာ နိုဝင်ဘာ၂၉ရက်ည(၁၂)နာရီကျော် ခန့်တွင် စမ်းချောင်းမြို့နယ် အတွင်း၌

စမ်းချောင်းမြို့မ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် ညဦးပိိုင်း(မီးတန်းယာဥ်)ဖြင့်လှည့်ကင်းတာဝန်ဆောင်ရွက်နေစဥ်
COLOUR BK(2G???)ယာဥ်မှာ အရှိန်ပြင်စွာမောင်းနှင်းသွားသည့်အပြင် ကားအောက်ပိုင်း၌

မသက်ာဖွယ်အရာဝတ္တူတခုတွေ့မြင့်၍ ထိုကားနောက်သို့ထပ်ချပ်မကွာလိုက်လံစုံစမ်းခဲ့ရာ

ထိုကားမှာ ရှင်စောပုလမ်း ခြံအမှတ်(၂၀-၂၂)ကရင် ခြံရပ်ကွက် အလုံမြို့နယ်ရှိ ကားဂိုဒေါင်အတွင်းဝင် ရောက်သွားသဖြင့်

စစ်ဆေးရာ သွေးစွန်ကွက်များ ထပ်၍တွေ့ရှိသဖြင့် ကားအောက်စစ်ဆေးရာ လူတစ်ဦးညှပ်ပါလာသည်ကိုတွေ့မြင်ရသဖြင့်

ယာဥ်မောင်းနှင်းသူ ခြူးဝင်းထိန် အားစစ်ဆေးရာ ယုဇနတာဝါရှေ့၌ဆိုင်ကယ်(၁)စီးအားဝင်ရောက်တိုက်မိခဲ့ ကြောင်းဝန်ခံထွက်ဆိုခဲ့သဖြင့်

စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ချက်ခြင်းပင် ဖမ်းဆီးထိန်းသိမ်း၍

စခန်းသို့ခေါ်ဆောင်ပြီး သက်ဆိုင်ရာနယ်မြေယာဥ်ထိန်းရဲတပ်ဖွဲ့သို့သတင်းပေးပို့ခေါ်ယူ ခြင်း၎င်းအပြင်ကား၏

အောက်ပိုင်းဂျိုင်းဆက်နှင့်ဆီတိုင်ကီကြားညပ်၍ပါလာသူအား

ကူညီကယ် တင်နိုင်စေရေးအတွက် စမ်းချောင်းမြို့မီးသတ်တပ်
ဖွဲ့ဝင်များနှင့်အတူ(ရဲသူရိန်)အရံမီးသတ်တပ်ဖွဲ့ ဝင်များအားခေါ်ယူ၍ပူးပေါင်းဆောင်ရွက်ကြပြီး

ဆိုင်ကယ်စီးနင်းသူ စိုင်းအောင်မိုးအား ခဲရာခဲဆစ်ဖြင့် အပြင်သို့အချိန်မှီသယ်ယူထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ ဆောင်နိုင်ခဲ့ကြပြီး

အခင်းဖြစ်ပွားသည့် နေရာတွင် ဒဏ်ရာများဖြင့်ကျန်ခဲ့သည် မဇင်သွယ်မိုးအား ဆေးရုံပို့၍ကယ်တင်ကူညီခဲ့ကြသော်လည်း

မဇင်သွယ်မိုးမှာ လမ်း၌ပင်ရရှိဒဏ်ရာများနှင့်ကွယ်လွန်ခဲ့၏

ထိုဖြစ်စဥ်ဖြစ်ရပ်နှင့်ပတ်သတ်၍ သတင်းအမှန်ရရှိ
စေရေး ကျွန်နုပ်တို့သတင်းဌာနမှစုံစမ်းရာ Fbများနှင့်လူမူ့ကွန်ယက်များ ပေါ်၌ ပြန့်နှံနေသည့်သတင်းများအတိုင်း

လူကြီးသားသမီး လည်းမဟုတ်သလို
ဦးဝင်းထိန်၏သားလည်းမဟုတ်ပါ တရားခံ၏ဖခင် ၏အမည်ဆင်သူသာဖြစ်ပြီး

တရားခံသည်လည်းညတွင်းခြင်းပင်မိမိအပြစ်မိမိဝန်ခံသဖြင့်စမ်းချောင်းရဲတပ်ဖွဲ့မှဖြစ်စဥ်သိသိခြင်း

ကားအတွင်းညပ်ပါနေသူအားကယ်ထုတ်၍မရသေခင်း စခန်းသို့ခေါ်ဆောင်ထိန်းသိမ်းထားပြီးဖြစ်သလို

တရားခံကိုလည်းအစားမထိုးထားပါကြောင်းနှင့် တရားခံမှာ ယာဥ်တိုက်မူ့ဖြစ်လျင်ဖြစ်ခြင်း စိုးရမ်းစိတ်များဖြင့် သွေးကြောင်၍

ထွက်ပြေးလွတ်မြောက်မည််အထင် ဖြင့်နေအိမ်သို့ ပြန်မောင်းနှင်ပြေးလာစဥ်းစမ်းချောင်းရဲတပ်ဖွဲ့၏နယ်မြေလှည့်ကင်း(မီးတန်း)ကား

အဖွဲ့နှင့်တွေ့ဆုံပြီးယခုကဲ့သို့အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်းပြည်သူများသိစေအပ်ပါ၏

မူ့ခင်းဖြစ်ရပ်နှင့်ပါတ်သတ်၍လည်း စမ်းချောင်းမြို့ မရဲစခန်းမှ ယာဥ်(ပ)၂၅/၂၀၂၀ ပုဒ်မ ၃၀၄-က ၃၃၈ ၂၇၉အရအမူ့ဖွင့်၍

အရေးယူဆောင်ရွက်ထားရှိပြီး
တရားလိုအဖြစ် ယာဥ်မူ့စစ်ရဲအုပ်ဇော်လင်းဦးမှ လို အပ်သည့်စစ်ဆေးမူ့များအား

ရဲလုပ်ငန်းများနှင့်အ ညီ တရားဥပဒေအတိုင်းဆောင်ရွက်လျှက်ရှိပါကြောင်းသတင်းရရှိ၏

ရွှေကသစ်(စမ်းချောင်း)
ဆောင်ရွက်မှု့များအား ရဲလုပ်ငန်းများ နှင့်

Credit _ SKT Crime News

Leave a Reply