ဇာတ်တော်ထဲက မိန်းမပျက် အင်္ဂါရပ် (၂၅)ရပ် (ပြည့်တန်ဆာတူတဲ့ မိန်းမဆိုတာ)

Local News

မိန်းမပျက်အင်္ဂါ ၂၅ ချက်

၁။ လင်ယောကျ်ား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။

၂။ အရပ်ဝေးသွားသော လင်ယောကျ်ားအား အမှတ်မရတတ်ခြင်း။

၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။

၄။ လင်ယောကျ်ား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။

၅။ လင်ယောကျ်ားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။

၆။ လင်ယောကျ်ားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။

၇။ လင်ယောကျ်ားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း

၈။ လင်ယောကျ်ားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။

၉။ လင်ယောကျ်ားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။

၁၀။ အဝတ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။

၁၁။ လင်ကို ကျောပေးအိပ်ခြင်း။

၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။

၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။

၁၄။ လင်ယောကျ်ား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။

၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။

၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။

၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။

၁၈။ တခြားယောကျ်ားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။

၁၉။ လင်ယောကျ်ားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။

၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောကျ်ားများကို အကျွမ်းဝင်တတ်ခြင်း။

၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ဝင်ထွက်သွားလာတတ်ခြင်း။

၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။

၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။

၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။

၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။

(မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)

အိမ်ထောင်သည်ဘဝတွင် ယောကျ်ားမိန်းမနှစ်ဦးတို့ မကွဲကွာအောင် ဘယ်လိုပြုမှုနေထိုင်ရမလဲလို့

မေးထားတဲ့မေးခွန်းကို မိန်းမသားဘက်က မိန်းမပျက်အင်္ဂါများမှ ရှောင်ကြဉ်နိုင်ပြီး ….

ယောကျ်ားသားဘက်ကလည်း မိမိဇနီးမယားကို စောင့်ကြည့်ကာ သတိပေးပြင်ဆင်ပေးနိုင်ဖို့

မိန်းမသားများ ရှောင်ကြဉ်ရမဲ့ အချက်အလက်တွေကို ရေးပေးလိုက်ပါတယ်။

မကြာခင် ယောကျ်ားသားများရှောင်ကြဉ်ရမဲ့ အချက်တွေလည်း တင်ပေးပါဦးမယ်။ဒီအချက်အလက်များကို

ရေးသားပေးရခြင်းမှာ မိန်းမများကလည်းမိမိတို့ ဒီအချက်တွေထဲက တော်တော်များများ ဖြစ်နေပြီဆိုရင်….

မိမိကိုယ်ကို မိန်းမပျက်မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့၊ ယောကျ်ားများကလည်း မိမိဇနီးမယားဟာ

မိန်းမပျက် ဟုတ်မဟုတ်ကို စိစစ်တတ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။

မိန်းမသားများကလည်း မိန်းမပျက်ဘဝမှ လွတ်ကင်းကြကာ ယောကျ်ားသားများလည်း မိန်းမပျက်များနဲ့

ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်….။အရှင်ကောမလ ဆန်နီနေမင်း original uploader

Leave a Reply