ခိုင်ရာဇာဦးဆောင်ခဲ့သည့် NUPA ကို ဖျက်သိမ်း၍ AA နှင့်ပူးပေါင်းဟု ထုတ်ပြန်

Local News

ရခိုင်သမိုင်းတွင် ထင်ရှားသည့် လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သော ခိုင်ရာဇာဦးဆောင်ခဲ့ သည့် NUPA/AA က ၎င်းတို့အဖွဲ့ ကိုဖျက်သိမ်းကာ ရခိုင်လက်နက် ကိုင်အဖွဲ့ (AA) နှင့် ပူးပေါင်းခဲ့ သည်။

ရခိုင်အမျိုးသားညီညွတ် ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA) သည် ၎င်းတို့အဖွဲ့ အား ဖျက်သိမ်းပြီး ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် (ULA/AA) နှင့်  ပူးပေါင်းလိုက်ကြောင်း ဒီဇင်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ပါတီခေါင်းဆောင်အချို့မှာ ကွယ်လွန်သွားခဲ့ပြီး အချို့မှာ အ သက်အရွယ်ကြီးရင့်ကာ ကျန်းမာ ရေးချို့တဲ့နေသည့်အတွက် အမျိုး သားလွတ်မြောက်ရေးအတွက် ပြည်သူတစ်ရပ်နှင့် လက်တွဲပြီး တိုက်ပွဲဝင်နေသည့် ULA/AA နှင့် ပူးပေါင်းခြင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တွင်ဖော်ပြသည်။

ယင်းကဲ့သို့ ပူးပေါင်းပြီး အမျိုးသားရေးတာဝန်ကို ဆက် လက် ထမ်းဆောင်နိုင်ရေးအ တွက် ဒီဇင်ဘာ ၁၁ ရက်တွင် အ စည်းအဝေးပြုလုပ်ကာ သဘော တူဆုံးဖြတ်ခဲ့သည်ဟု NUPA/AA ပြောရေးဆိုခွင့်ရှိသူ ဦးစိုးလင်း ထွန်းက ပြောသည်။ ယင်းကြောင့်  NUPA/AA ပါတီလုပ်ငန်းစဉ်များ နှင့်ပတ်သက်ခဲ့သော မည်သည့် လုပ်ငန်းမဆို သက်ဆိုင်မှုမရှိတော့ ကြောင်းနှင့် တာဝန်ယူမည်မဟုတ် ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

NUPA/AA သည် ၁၉၉၈ ခုနှစ်က ရခိုင်ပြည်အမျိုးသားညီ ညွတ်ရေးတပ်ဦး (NUFA) မှတစ် ဆင့် ကူးပြောင်းဖွဲ့စည်းလာသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ရခိုင် ပြည်အမျိုးသားညီညွတ်ရေးတပ် ဦး (NUFA) ကို ရခိုင်ပြည်လွတ် လပ်ရေးအဖွဲ့ (AIO)၊ ရခိုင်ပြည် ကွန်မြူနစ်ပါတီ (ACP)၊ ရခိုင် ပြည်အမျိုးသားလွတ်မြောက်ရေး ပါတီ (ANLP)၊ လူမျိုးစုအမျိုးသား ပါတီ (TNP)၊ ဒီမိုကရေစီအင်အား စု (NDFA)တို့နှင့် စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

NUFA ဖြစ်ပေါ်လာပြီး စစ် ဦးစီးချုပ် ခိုင်ရာဇာဦးဆောင်သော ရခိုင့်တပ်မတော် (AA) နှင့် ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) တို့ပါ ပူးပေါင်းခဲ့ကာ နောက်ပိုင်းတွင် ပါတီကို ရခိုင် ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၊ လက်နက်ကိုင်တပ်ကို ရခိုင်ပြည်တပ်မတော် (AA) ဟု ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့ သည်။

သို့သော် ၁၉၉၈ ဖေဖော်ဝါရီ တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း၌ စစ်ဦးစီးချုပ် ခိုင်ရာဇာအပါအဝင် ရခိုင်နှင့် ကရင်  ခေါင်းဆောင် ခြောက်ဦး လုပ်ကြံခံရကာ ၃၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းအချိန်က စ၍ (NUPA) ပါတီသည် စစ် ရေး၊ နိုင်ငံရေးလုပ်ငန်းနှင့် ပါတီ လုပ်ငန်းများမှာ တစ်စတစ်စ ယိမ်းယိုင်လာခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

Leave a Reply