Gmail, YouTube နှင့် အခြားဝန်ဆောင်မှုများ ကမ္ဘာတစ်ဝန်း ချွတ်ယွင်းမှုများနှင့် Google ကြုံတွေ့ခဲ့ရ။

Local News Tech

ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် ဝန်ဆောင်မှုအများစု အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း google search ဝန်ဆောင်မှုများစွာ မထိခိုက်ဘဲရှိခဲ့

ဆန်ဖရန်စစ္စကို – Gmail, Google Calendar နှင့် YouTube တို့အပါအဝင် Google ကုမ္ပဏီ၏  ဝန်ဆောင်မှုများ ကမ္ဘာတစ်ဝန်း ချွတ်ယွင်းမှုများ ရှိသည်ဆိုသော  သတင်းများနှင့်အတူ ယင်း ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း ဝန် ဆောင်မှုပြတ်တောက်မှုများ ဒဏ် ခံခဲ့ရသည်။

များစွာမထိခိုက်ဘဲ လည် ပတ်နိုင်ခဲ့သည့် google search ဝန်ဆောင်မှုမှလွဲ၍ ဂရင်း နစ်စံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်ကစတင်ပြီး ချွတ် ယွင်းမှုများကြောင့် Google ၏ ဝန်ဆောင်မှုအများစုကို ရိုက်ခတ်  ခဲ့ပုံရသည်။

တစ်ကမ္ဘာလုံး ချွတ်ယွင်းမှု ဖြစ်ခဲ့သောသဘောရှိသော်လည်း  ကုမ္ပဏီ၏ အလိုအလျောက်စနစ် များက ၎င်းတို့၏ဆော့ဖ်ဝဲရေးသူ များအတွက် အဝေးထိန်းသိမ်း ဆည်းရေးစနစ်များနှင့် သုံးစွဲသူ များနှင့်တွေ့ဆုံရေးစနစ် နှစ်ခုစ လုံးတွင် ယင်းချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့သောကြောင့် ပထမဆုံးမိနစ် ၃၀ အထိ မည်သည့် ဝန်ဆောင်မှုအတွက်မှ ပြဿနာလုံးဝမရှိကြောင်း ဖော်ပြ ခဲ့ကြသည်။

နေ့လယ် ၁၂ နာရီ ၂၅ မိနစ်တွင် ယင်းကုမ္ပဏီက နောက်ဆုံးအခြေအနေကို ဖော်ပြ ခဲ့ပြီး ‘‘ပြဿနာတစ်ရပ်ကို ကျွန် တော်တို့သတိပြုမိပါတယ်။ အ သုံးပြုသူအများစု ထိခိုက်မှုရှိနေပါတယ်။ ထိခိုက်သူတွေဟာ Google ဝန်ဆောင်မှုတွေကိုဝင် ရောက်လို့မရကြပါဘူး’’ဟု ပြော ကြားခဲ့သည်။

ယင်းချွတ်ယွင်းမှုမှာ ဝန် ဆောင်မှုများသို့ အသုံးပြုသူများ ဝင်ရောက်မှုပုံစံကို စီမံခန့်ခွဲသည့် Google နှင့် ကြားခံဆော့ဖ်ဝဲရေး သူများ နှစ်ဖက်စလုံးကထိန်းချုပ် ထားသည့် ယင်းကုမ္ပဏီ၏အလို အလျောက် ဆော့ဖ်ဝဲများနှင့်ဆက် စပ်နေပုံရသည်။

ယင်းမှာ Gmail နှင့် Google Calendar တို့ကဲ့သို့ စကားဝှက် ရိုက်ထည့်ခြင်းမရှိဘဲ အလုပ်မ လုပ်သောဆော့ဖ်ဝဲများ လုံးဝအ သုံးမပြုနိုင်ခဲ့သည့်သဘော ဖြစ် သည်။ Google ၏စစ်မှန်မှု စစ် ဆေးရေးဝက်ဘ်ဆိုက်ကို အသုံး ပြုသော ကြားခံဝန်ဆောင်မှုများ မှာ ဝင်ရောက်အသုံးပြုနှင့်ပြီးဖြစ် သူများအတွက် ဆက်လက်အ သုံးပြုနိုင်ခဲ့သော်လည်း ယင်းဝန် ဆောင်မှုမှ အသုံးပြုသူများသို့ ဝင်ရောက်ရန် (သို့မဟုတ်) ထွက် ရန်ကြိုးစားချိန်များတွင် မအောင် မြင်ဖြစ်ခဲ့ရသည်။

Google အကောင့်သို့စကား ဝှက်ရိုက်ထည့်ကာ ဝင်ရောက် ထားနှင့်ပြီးဖြစ်သည့် အသုံးပြုသူ များအတွက် YouTube ကဲ့သို့ ဝန် ဆောင်မှုများ သုံးမရဖြစ်ခဲ့သော် လည်း ဆက်အလုပ်လုပ်နေဆဲဖြစ် သော ယင်းဝက်ဘ်ဆိုက်မှထွက်ရှိ ပြီးဖြစ်ကြောင်း ကြည့်ရှုရန် သီး သန့်ရှာဖွေမှုပုံစံမျိုးဖြင့် ဝင်ရောက် ၍သာ ကြည့်ရှုရခဲ့သည်။

ယင်းချွတ်ယွင်းမှုကြောင့် အ လုပ်နေရာများစွာအတွက် ဝန် ဆောင်မှုများ ပြင်းထန်စွာအနှောင့် အယှက်ဖြစ်ခဲ့ရသည်။

ထိခိုက်မှုရှိခဲ့သည့် ဝန် ဆောင်မှုများအနက် တစ်ခုဖြစ် သော Google Suite သည် အီး မေးလ်ဆက်သွယ်မှုများ ပြုလုပ်၍ မရရုံသာမဟုတ်ဘဲ Chat နှင့် Meet ဝန်ဆောင်မှုများမှတစ်ဆင့် လည်း ရုံးတွင်းမက်ဆေ့ချ်ပေးပို့ မရဖြစ်ခဲ့ကာ Google Docs, Sheets နှင့် Slides တို့မှတစ်ဆင့် အမှန်တကယ် အသုံးပြု၍ရခဲ့ သည်။

အခြားသော ဝန်ဆောင်မှု များအားအသုံးပြုသူများပင် ပြ ဿနာများနှင့် ကြုံတွေ့ခဲ့ရသည်။ ဥပမာ Salesforce ပိုင်ဆိုင်သည့် စကားပြော ဆက်သွယ်ရေးအက် ပလီကေးရှင်း Slack ကိုအားထား အသုံးပြုသူများအနေဖြင့် ချွတ် ယွင်းမှုဖြစ်ချိန်က ဝင်ရောက်အ သုံးပြုနှင့်ပြီးဖြစ်သော လုပ်ဖော် ကိုင်ဖက်များနှင့်သာ ဆက်သွယ် စကားပြော၍ ရရှိခဲ့သည်။

အိမ်မှအလုပ်လုပ်သူများအ တွက် Google Home smart speaker, Nest thermostats နှင့် မီးခိုးသတိပေးမှု ဆော့ဖ်ဝဲတို့အပါ အဝင် Google Smart Home ဝန် ဆောင်မှုများ ချွတ်ယွင်းမှုများဖြစ် ပေါ်ခဲ့သည်။ ယင်းအက်ပလီကေး ရှင်းများသည် အသုံးပြုမရသော ဘေးကင်းရေးပုံစံမျိုးဖြင့် လည် ပတ်နေသော်လည်း အသုံးပြုသူ များအနေဖြင့် ၎င်းတို့အသုံးပြုနေ သောပုံစံကို ပြောင်းလဲရန်အက် ပလီကေးရှင်းမှတစ်ဆင့် ယင်းဝန် ဆောင်မှုများသို့ ဝင်ရောက်၍မရ ဖြစ်ခဲ့သည်။

Leave a Reply