ဆိုင်ကယ်ခိုးတဲ့သူက ငိုပြီးတောင်းပန်လို့ ဆေးဖိုးပါပြန်လှူလိုက်တယ်တဲ့ သာဓုပါ

Local News

ဆိုင်ကယ်ခိုးတဲ့သူက ငိုပြီးတောင်းပန်လို့ ဆေးဖိုးပါပြန်လှူလိုက်တယ်တဲ့ သာဓုပါ

ဆိုင်ကယ်သူခိုးမိလို့ ပြေးကြည့်မိတာ ကြားလိုက်ရတဲ့ အသံတကိုယ်လုံးတုန်ပြီး ငယ်သံပါအောင် လက်အုပ်လေးချီ အော်နေတာ…

” ကျနော့်ကို မလုပ်ကြပါနဲ့ ဗျာ ”

” ကျနော်သမီးလေး ဆေးရုံတင်ထားရလို့ပါဗျာ”

” ကျနော့်ကို မလုပ်ကြပါနဲ့ ”

” အမေရေ အမေ ကျုပ်ကို ကယ်ပါအုံးးး အမေရယ် ” တဲ့

မျက်ရည်တွေကျ ခေါင်းငုံ့ပြီး တအားးငို

” သမီးရေ ဖေကြီးးဒုက္ခ ရောက်နေပြီ သမီးရေ ဖေကြီးကို ကယ်ပါအုံးး”

လူအုပ်ဝိုင်းထားတဲ့ အလယ်မှာ ခပ်နွမ်းနွမ်းးယောက်ျားတယောက် လက်အုပ်ချီပြီး ငိုပြောနေတာ

” သမီးလေးးအတွက် ငွေရှာ မရလို့ လမ်းက တွေ့တဲ့ ဆိုင်ကယ်တွန်းလာရတာပါ ” တဲ့

ဘေးက ကြည့်နေတဲ့သူတွေတောင် တချို့ စိတ်မကောင်းးဖြစ်နေကြတာ ရဲကလဲ အတင်းးချော့ခေါ်

” ငါ့ညီကို ဘာမှ မလုပ်ပါဘူးးတဲ့ ”

ဆေးရုံကို ဖုန်းဆက်မေးတော့လဲ တကယ်ပဲ သူ့သမီးလေးး ဆေးရုံတက်နေရတာ တဲ့ ဆိုင်ကယ် ပိုင်ရှင်ကလဲ လေးစားးစရာပါ အမှု မလုပ်တဲ့ အပြင် ဆေးဖိုးးဆိုပြီးး ၂သောင်းးပါ ထပ်ကူညီလိုက်တယ်…

ကိုဗစ်ကာလမှာ အသင့်အတင့် ပိုက်ဆံရှိတဲ့ သူတွေက ဟန်မပျက် နေနိုင်ကြပေမယ့် အလုပ်လက်မဲ့ ဖြစ်နေတဲ့ အခြေခံလူတန်းစားတွေထဲမှာ ကြံမိ ကြံရာ ကြံမိတဲ့ သူလိုလူတွေ…

ဒီကာလ ဆိုးကြီးထဲမှာ ဘယ်နှစ်ယောက်များး ဒုက္ခတွေနဲ့ ကြုံနေကြပီလဲ မသိနိုင်ဘူး လေ စာနာမိပါရဲ့ ဗျာ…

မှီငြမ်း – တောင်ပံနီလူလေး(ပခုက္ကူ )

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply