မြန်မာနှင့်ရုရှား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်း မပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်အား နှစ်နိုင်ငံ လက်မှတ်ရေးထိုး

Local News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်း မပြုရေးဆိုင်ရာ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးသည့်ကိစ္စအား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါကြေညာချက်အရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်း မပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov တို့က အဝေးရောက်စနစ်ဖြင့် မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်း ပူးတွဲကြေညာချက်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံလုံးအနေဖြင့် အာကာသဟင်းလင်းပြင်အတွင်း မည်သည့်အကြောင်းနှင့်မျှ ဦးစွာ လက်နက်တပ်ဆင်မည် မဟုတ်ကြောင်းနှင့် အာကာသဟင်းလင်းပြင်အား စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်သည့်နေရာ ဖြစ်မလာစေရေးနှင့် အာကာသဟင်းလင်းပြင်အတွင်း လုပ်ဆောင်ချက်များတွင် လုံခြုံမှုရှိစေရေးတို့အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဟု ဖော်ပြထားကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြမှုအရ သိရသည်။

သို့သော် အမေရိကန်ပြည်ထောင်စု အနေနှင့် အာကာသအတွင်း လက်နတ်တပ်ဆင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြီးခဲ့သောနှစ်များအတွင်းက သတင်းများထွက်ပေါ်လာခဲ့ ပြီးနောက် ရရှားနိုင်ငံသည်လည်း အလားတူကြိုးပမ်းမှုမျိုး လုပ်ရန်စီစဉ်လျက်ရှိကြောင်း ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။ ယခုအခါတွင်မူ မြန်မာကဲ့သို့ နိုင်ငံလေးနှင့် ရရှားနိုင်ငံ၏ အာကာသအတွင်း လက်နတ်တပ်ဆင်ခြင်းမပြုသော ကြေငြာချက်၏ လားရာကိုမှန်းဆကြည့်သင့်ပါကြောင်း။ 

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်..

Leave a Reply