2024 မှာကားထုတ်လုပ်ချင်နေတဲ့ Apple

Tech

Apple ရဲ့ Apple car Project ဟာထပ်မံအသံကြားလာရပါပြီ။ Apple ရဲ့ 2024 အတွက်အကြီးမားဆုံးရည်မှန်းချက်ဟာ Apple Car ဖြစ်လာနိုင်ပြီး Project နာမည်ကိုတော့ Project Titan လို့နာမည်ပေးထားပါတယ်။ Reuters သတင်းဌာနရဲ့ထုတ်ပြန်ချက်အရ 2024 မှာ အလိုအလျှောက်မောင်းနှင်စနစ်နဲ့လုံးဝပြောင်းလဲသွားမဲ့ပြောင်းလဲသွားမဲ့ ဘက်ထရီနည်းပညာပါပေါ်ထွက်လာမှာပါ။ဒါပေမဲ့အခု Report က‌တော့မရေရာမသေချာသေးပါဘူး။ဒါပေမဲ့ဒီနည်းပညာတွေအကုန်လုံးက ပထမဆုံးခရီးသည်တင်ကားမှာပါဝင်လာမယ်ဆိုတာမသေချာသေးသလို Apple က ကားထုတ်လုပ်မှုလုပ်ငန်းကိုအရင်တုန်းကလည်းရပ်နားထားခဲ့ဘူးပါတယ်။ဒီလိုမျိုးကောလဟာလတွေဟာ2015 တုန်းကလည်းထွက်‌ပေါ်ခဲ့ဘူးပါတယ်။ 2016 မှာတော့ Project ကိုချုံ့လိုက်ရပြီး Car တစ်စီးလုံးမထုတ်လုပ်တော့ပဲအခုရှိနေပြီးသား Car ထုတ်လုပ်သူတွေအတွက်အလိုအလျှောက်မောင်းနှင်တဲ့ Software ကိုပဲရောင်းချခဲ့ပါတယ်။

အခုတော့ Apple ကကားထုတ်လုပ်မှုကို အာရုံပြန်စိုက်နေပါပြီ။ဒါပေမဲ့ဘယ်တော့စမယ်ဘယ်အချိန်မိတ်ဆက်မလဲဆိုတဲ့မသေချာမှုတွေကအများကြီးရှိနေပါသေးတယ်။ Reuter ကတော့ 2024 ဟာ Apple အတွက်ကားကိုတစ်ကယ်ထုတ်လုပ်မဲ့ရည်မှန်းနှစ်ဖြစ်နိုင်ပေမဲ့ ကပ်ရောဂါနဲ့ပတ်သတ်တဲ့နှောင့်နှေးမှုတွေကြောင့် 2025 အနောက်ကိုထပ်ပြီးရွေ့ဆိုင်းနိုင်ပါသေးတယ်။ အဲ့တာတွေအပြင် Apple အနေနဲ့အရင်လိုမောင်းသူမဲ့ကားစနစ်ဆော့ဖ်ဝဲကိုဘက်ကိုပဲပြန်အာရုံစိုက်နိုင်ပါသေးတယ်။ သတင်းထုတ်ပြန်ချက်ထဲမှာ Apple အနေနဲ့ LiDAR စနစ်ကိုအသုံးပြုလာနိုင်သလိုကားထုတ်လုပ်ဖို့လိုအပ်တဲ့ တစ်ချို့အစိတ်အပိုင်းတွေကို Third party ကုမ္ပဏီတွေထံမှာအားကိုးနိုင်ပါသေးတယ်။ Apple ရဲ့ Battery နည်းပညာဟာ Mono cell နည်းပညာပေါ်မှာအခြေခံထားပြီးသိုလှောင်နိုင်စွမ်းမြင့်မားအောင်ဘက်ထရီကို cell တစ်ခုချင်းဆီခွဲမထုတ်တော့ပါဘူး။ Reuter ရဲ့ထုတ်ပြန်ချက်အရတော့ဒီနည်းပညာဟာ စျေးသက်သာဖို့နဲ့ခရီးဝေးများများသွားနိုင်ဖို့ဖြစ်ပါတယ်။ တစ်ကယ်လို့ Apple က အလိုအလျှောက်မောင်းနှင်နိုင်တဲ့ကားကိုထုတ်လုပ်ဖို့စဉ်းစားနေတယ်ဆိုရင် လမ်းပေါ်မရောက်ခင်မှာတစ်နိုင်ငံချင်းဆီမှာရှိတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ရင်ဆိုင်ရမှာပါ။အခုလက်ရှိတော့ လုံးဝကိုပြီးပြည့်စုံတဲ့မောင်းသူမဲ့ကားမရှိသေးပါဘူး။ဒါပေမဲ့ Telsa ကကားတွေကတော့ Driver တွေကိုတစ်ချို့အခြေအနေမှာကူညီပေးနိုင်တဲ့အဆင့်မြင့်စနစ်တွေတော့ရှိနေပါပြီ။ ဒီလအစောပိုင်းမှာ Apple က မောင်းသူမဲ့ကား Project ကို ကုမ္မဏီရဲ့ AI အကြီးအကဲ Giannandrea ကိုခန့်လိုက်ပါတယ်။ Giannandrea ဟာအရင်က Goolge မှာ Search and AI အကြီးအကဲအဖြစ်လုပ်ခဲ့ပြီး 2018 မှာ Siri အတွက် Apple ကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့တာကြောင့် Apple ရဲ့မောင်းသူမဲ့ ကား ရည်မှန်းချက်ရာမရေရာမသေချာပေမဲ့ ရေးရေးလေးတော့မြင်နေရပါတယ်။

Leave a Reply