ကမ္ဘာ့အချောဆုံးအမျိုးသား အယောက်(၁၀၀) စာရင်းမှာ နံပါတ်(၁၀)ချိတ်ခဲ့တဲ့ သရုပ်ဆောင်ပိုင်တံခွန်

Local News

သရုပ်ဆောင် ပိုင်တံခွန်ကတော့ Tc Candler ရဲ့ The 100 Most Handsome Faces Of 2020 စာ ရင်းမှာ နံပါတ်(၁၀) ချိတ်ခဲ့တယ်လို့ TC Candler ရဲ့ဖေ့ဘွတ်ပေ့ရှ်ကနေ ဒီဇင်ဘာလ ၂၈ ရက်နေ့ က ကြော်ငြာခဲ့တာပါ။

ပိုင်တံခွန်ဟာ နာမည်ကျော် မော်ဒယ်လ်သရုပ်ဆောင် တစ်ဦးဖြစ်သလို ပြည်ပမှာလည်း ပရိသတ် တွေအခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ Tc Candler ဟာဆိုရင် ကမ္ဘာတစ် ဝှန်းက နာမည်ကြီး အနုပညာရှင် အကျော်အမော်တွေရဲ့ စာရင်းကိုထုတ်ပြန်ပေးနေတဲ့ ပေ့ရှ်လည်း ဖြစ်ပါတယ်။ 

ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံက သရုပ်ဆောင် ပိုင်တံခွန်အပါအဝင် ဝတ်မှုန်ရွှေရည်၊ ခင်ဝင့်ဝါ၊ နော်ဖော် အယ်ထား နဲ့ မေမြင့်မိုရ် အစရှိတဲ့ အနုပညာရှင်တွေကို ဆန်ခါတင်စာရင်းထဲ ထည့်ခဲ့တာပါ။ အဲဒီထဲ ကမှ Tc Candler ရဲ့ The 100 Most Handsome Faces Of 2020 စာရင်း အခြားနာမည်ကျော် အနု ပညာရှင်တွေကို ကျော်ဖြတ်ပြီး ပိုင်တံခွန်က နံပါတ်(၁၀) ချိတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ပိုင်တံခွန်ရဲ့အောင်မြင်မှုအတွက် သူရဲ့ပရိသတ်တွေကတော့ ဝမ်းသာဂုဏ်ယူ မဆုံးဖြစ်နေကြတာ လည်းတွေ့ရပါတယ်။ နောက်အခေါက်တွေမှာလည်း မြန်မာနိုင်ငံက အနုပညာရှင်တွေ ထပ်မံပါ လာဖို့ကို ပရိသတ်တွေကတော့ မျှော်လင့်နေကြပါတယ်။ 

Leave a Reply