လိပ်ပြာကန်မှ သက်ရင့်လိပ်ကြီး ဓားဒဏ်ရာဖြင့် သေဆုံး(ပဲခူး)

Local News

လိပ်ပြာကန်မှ သက်ရင့်လိပ်ကြီး ဓားဒဏ်ရာဖြင့် သေဆုံး(ပဲခူး)

ရှေးဘုရှင်များလက်ထက်မှ အစပြုကာ တည်ရှိခဲ့သည့် ပဲခူးမြို့လိပ်ပြာကန်အတွင်း ရှိ သက်ရင့်လိပ်ကြီး တစ်ကောင်ကို အဆိုပါကန်အနီးရှိ အိမ်ခြေမဲ့ လူငယ်တစ်ချို့က ဓားဖြင့် ပိုင်းခုတ်သဖြင့် လက်တစ်ဖက် ပြတ်ကာ ရရှိထားသည့်ဒဏ်ရာဖြင့် ယနေ့(ဒီဇင်ဘာလ ၂၉ ) နံနက်ပိုင်းကသေဆုံးခဲ့ကြောင်း သိရ သည်။

အဆိုပါ သက်ရင့်လိပ်ကြီးကို ပဲခူးမြို့စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်ဝေနှင့် ၄င်း၏ ခင် ပွန်းဖြစ်သူ တိရိစ္ဆာန်အထူးကုဆရာဝန်ကြီးတို့က ဆယ်ယူ၍ ဆေးကုသပေးခဲ့သော်လည်း သေဆုံး သွားခဲ့ကြောင်း သိရသည်။

“အဲဒီကန်အနားနေတဲ့ အိမ်ခြေမဲ့ ကလေးတွေက ဓားနဲ့ခုတ်တာလက်တစ်ဘက် ပြတ်သွားတယ်။ ဘယ်နေ့ကခုတ်လည်းတော့ မသိဘူး။ ရေပေါ်ပြန်ပေါ်လာတော့ ခုတ်ခံထားရတဲ့ အနာက တော် တော်ပုတ်နေပြီ။ ဒါကို ဆယ်ယူပြီး ဆေးကုသပေးပေမယ့် သေသွားပါတယ်။ ရဲစခန်းကို အပ်တယ် လို့တော့ သိရတာ်။ ဒါပေမဲ့ ပုတ်နေတော့ သူတို့ ပြန်ပေးရင် မြေမြှပ်ပစ်ရတော့မှာပေါ့။ ကလေးတွေက ငယ်တော့ ဘယ်လိုအရေးယူဆောင်ရွက်မလဲ ကျွန်တော်မသိပါဘူး” ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်ဦး ညွှန့်ရွှေက ပြည်မြန်မာကို ပြောသည်။

သေဆုံးသွားးသည် သက်ရင့်လိပ်အိုကြီမှာ အပေါ်ကျောရိုးအခွံ့နှင့် အတွင်းကလီစာများ ပုတ်နေကာ လက်တစ်ဘက်မှာ ရရှိထားသောဒဏ်ရာဖြင့် ပြတ်ကာ ပုတ်နေကြောင်း သိရသည်။

လိပ်ပြာကန်ကို ၁၄၇၅ ခု ဓမ္မစေတီမင်းလက်ထက်တွင် တူးဖော်ခဲ့ပြီး ရှင်စောပုလက်ထက်တွင် ဓမ္မဓရ ဘွဲ့ခံ ရဟန်းတော်တစ်ပါးအား ဥယျာဉ်ကြီး တစ်ခုနှင့် ကျောင်းကို ဆောက်လှူခဲ့သည့် ကန်တစ်ကန်ဖြစ် ကြောင်း၊ယခုအခါ ယင်းလိပ်ပြာကန်၌ လိပ်အကောင်ရေ ငါးထောင်ခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မင်းရန်နောင်

Leave a Reply