နာနတ်ရွက်တစ်ရွက်က ဘယ်လောက်အထိ ဆေးစွမ်းထက်တယ်လို့ ထင်ပါသလဲ ?

Knowledge

နာနတ်ပင်ဟာဆေးဖက်ဝင်ပါတယ်။ယနေ့ခေတ် ကာလမှာ နာနတ်သီးရဲ့ ဆေးစွမ်းထက်မြက်ပုံကို သိပ္ပံနည်းကျသုတေသနပြုနေကြတဲ့ သတင်းများ လည်းရှိနေပါတယ်။

တိုင်းရင်းဆေးဖက်ဝင်တဲ့ နာနတ်သီးကနာနတ်ရွက်လေးတစ်ရွက်နဲ့တင် လူအများ အတွက် ဆေးအသုံးဝင်ပုံလေးကို တင်ပြလိုပါ တယ်။

လွယ်လွယ်ကူကူနဲ့ လိုသူတိုင်းအသုံးပြုနိုင်စေရန် ရည်ရွယ်ပါတယ်-

(၁) နာနတ်ရွက်(၁)ရွက်ကို ထုထောင်းပြီးညှစ်ရည်(သတ္တုရည်) ဟင်းခပ်ဇွန်း(၁)ဇွန်းကို သကြားထည့်ပြီး သောက်ပေးပါက ကြို့ထိုးခြင်းပျောက်ကင်းစေပါတယ်။

(၂) ဒါတင်မကပါဘူး။ အမျိုးသမီးများ မီးယပ် သွေးချုပ်ခြင်း၊မီးယပ်ငုတ်ခြင်းကို ဖယ်ရှားပေးကာ မီးယပ်သွေးကိုမှန်ကန်စေပါတယ်။

(၃) ကလေးတွေအတွက် အရွက်ညှစ်ရည်ကို လက်ဖက်ရည်ဇွန်း(၂)ဇွန်းလောက်တိုက်ပေးပါက ဝမ်းတွင်းကသန်ကောင်တွေကို သေစေပါတယ်။

(၄) အလှအပကျန်းမာရေးအတွက် လူအတော်များများ စိတ်ညစ်ကြရတဲ့ ဥိးခေါင်းကသန်း၊ဗောက်၊အနာအဆာများကို

ခေါင်းလျော်ရည်ထဲနာနတ်ရွက်ထုချေရောစပ်ပြီး လျှော်ပေးလိုက်ခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

စမ်းသပ်ပြီးလည်း လျှော်ဖူးပါတယ်။

ဒါပြင်ဆံပင်ကိုလည်းပျော့ပျောင်းစေပါတယ်။

(၅) နောက်တစ်ချက်ကတော့ ဇက်ကြောတက် သူတွေ၊အညောင်းအညာသမားတွေ

ညအိပ်ရာဝင်ချိန် နာနတ်ရွက်ကိုထုချေကာ ဆားနဲ့ ရောပြီးခြေထောက်ကို ပွတ်ပေးပါ။

ပြီးမှရေလောင်းပါ။ အံဖွယ် အပူတွေထွက်လို့ အညောင်းအညာဇက်ကြောတက်တာတွေ သက်သာပျောက်ကင်းသွားမှာပါ။

နာနတ်ရွက်လေး(၁)ရွက်ကို တန်ဖိုးရှိရှိ အကျိုးသိစွာသုံးနိုင်ကြပါစေ…..

စာကိုး အိမ်တွင်းတိုင်းရင်းဆေးသမားတော်

Leave a Reply