ခြိမ့်ကေကို ကိုအားပေးစကားပြောလိုက်တဲ့ လူရွှင်တော် ဒိန်းဒေါင်

Local News

သဘာဝဘေးစီမံပုဒ်မနဲ့အရေးယူခံထားရပြီး‌ရှောင်နေတဲ့ခြိမ့်ကေကိုက အဖမ်းခံလိုက်ပြီလို့ ဟာသ သရုပ်ဆောင် ဒိန်း‌ဒေါင်က

အခုလိုရေးသားဖော်ပြထားပါတယ်။

“မင်းငါ့စကားနားထားပြီးအဖမ်းခံလိုက်တဲ့အတွက်ကျေနပ်တယ် လိုအပ်ရင်တက်နိုင်သလောက်ကူညီမယ်စိတ်ချ”

မြစ်သားမြို့နယ်က ကျေးရွာတစ်ခုမှာ လူ ၅၀ လောက်ဖိတ်ပြီး မွေးနေ့ပွဲကျင်းပခဲ့လို့

ဦးဆောင်ကျင်းပသူနဲ့ ခြိမ့်ကေကို ကိုသဘာဝဘေးစီမံပုဒ်မနဲ့ ဒီဇင်ဘာလဆန်းပိုင်းက

အရေးယူဆောင်ရွက်ထားတာဖြစ်ပါတယ်။သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀ (က) နဲ့

အရေးယူထားတယ်လို့သိရတယ်။

မွေးနေ့ပွဲကိုဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်ဟာ သမီးဖြစ်သူရဲ့ ၁၁ နှစ်ပြည့်မွေးနေ့ကို

ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီက မြစ်သားမြို့နယ် မင်းဝန်ကျေးရွာ တလင်းပြင်မှာ

လူ ၅၀ လောက်နဲ့ ဖျော်ဖြေပွဲကျင်းပခဲ့တာလို့ သိရပါတယ််

Source : Kumudra News

Leave a Reply