ဖိလစ်ပိုင်လေယာဥ်မယ်အား အုပ်စုဖွဲ့ဝိုင်းဘုခြင်း

Local News

ဖိလစ်ပိုင်လေယာဥ်မယ်ကို သူမ၏သူငယ်ချင်းအမျိုးသားတစ်စုမှ အုပ်စုဖွဲ့မုဒိန်းကျင့်
ဖိလစ်ပိုင်နိုင်ငံရှိအဆင့်မြင့်ဟိုတယ်တစ်ခု၏ရေချိုးကန်တွင်သေဆုံးခဲ့ရသည့်လေယာဉ်မယ်သည်ကိုအုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရသည်။

အမျိုးသမီး၏နာမည်မှာ
Christine Angelica Dacera အသက် ၂၃ ဟုသိရသည်။
New Year Party ကိုသူငယ်ချင်းများနှင့်အတူ
မနီလာ၊ Makati မြို့ရှိ City Garden Hotel တွင်ဆင်နွဲခဲ့ကြသည်။

သူမ အမူးလွန်နေသည့်အချိန်တွင် သူမ၏အရင်းနှီးဆုံးဟုသတ်မှတ်ထားသော ယောကျာ်းလေး တစ်စုမှ

သူမကို အုပ်စုဖွဲ့မုဒိန်းကျင့် ခဲ့သည်ဟုသိရပြီး ယခုအခါ ဖိလစ်ပိုင်ရဲများက သူမအမှုကိုစုံစမ်းစစ်ဆေးနေကြသည်။

သူမ၏သေဆုံးနေသော ခန္ဓာကိုယ်အား ပါတီပွဲတက်သောသူမ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သော Rommel Galida
မှ တွေ့ရှိခဲ့တာဖြစ်သည်။

ရေချိုးဇလုံထဲတွင် စောင်ခြုံထားပြီးအိပ်နေသည်ထင်မိ၍မနှိိုးမိခဲ့ရမှ Christine Angelica Dacera ၏အသားအရည်များ

ပြာလာသည်ကိုသတိထားမိ၍ Rommel Galida သည်သူ၏သူငယ်ချင်းသုံးယောက်နှင့်ဟိုတယ်၀န်ထမ်းများက

Makati ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့သော်လည်းဆရာဝန်များကလေယာဉ်မယ်ရောက်လာချိန်တွင်သေဆုံးခဲ့သည်ဟုကြေငြာခဲ့သည်။

(အခင်းဖြစ်သော City Garden Hotel)

ဆေးရုံမှဇန်နဝါရီ ၁ ရက်ညနေ ၅ နာရီတွင်သူမ၏သေဆုံးမှုအကြောင်းအာဏာပိုင်များကိုအကြောင်းကြားခဲ့သည်

ဟုဗိုလ်မှူးကြီး Harold Depositar ကဒေသခံမီဒီယာသတင်းစာ Pilipino Star Ngayon သို့ပြောကြားခဲ့သည်။

(သူမမသေဆုံးခင် သူမ ၏ instagram တွင်တင်ခဲ့သောပုံ – ပုံပါအမျိုးသားများဟုသံသယရှိ)

ယခုအခါ ဖိလစ်ပိုင်ရှိပြည်သူများမှ သူမ၏အမှုပေါ်ပေါက်ရေးအတွက် ဆန္ဒပြုနေကြကြောင်း

(သံသယဖြစ်ဖွယ်အမျိုးသားများ)

(သံသယဖြစ်ဖွယ်အမျိုးသားများ)

အရက်မူးနေသော အမျိုးသမီးများ ပေါ်တွင် လိင်အကျိုးအမြတ်မထုတ်သင့်ကြောင်း ဖေ့ဘွတ်စာမျက်နှာထက်တွင် တောင်းဆိုဆန္ဒပြုနေကြသည်။

Plz Like & Share

Leave a Reply