တန်ဖိုးကြီးကားဝယ်‌ပေးပြီး ဘဝတစ်သက်တာမိတ်ဆွေကြီးကို ကျေးဇူးဆပ်ခဲ့တဲ့ The Rock

Local News

လောကကြီးမှာ ကျေးဇူးသိတတ်တဲ့လူတွေဟာ အတော့်ကိုရှားပါးပါတယ်။ သူများအပေါ်တင်တဲ့ ကျေးဇူးတရားကို သိတတ်ဖို့မပြောပါနဲ့ ကျေးဇူးရှင်ကို ကျေးမစွတ်သွားတတ်တဲ့ လူမျိုးတောင် အတော့်ကို ရှားပါးလာပါပြီ။ အဲ့လိုရှားရှားပါးပါး ကျေးဇူးသိတတ်တဲ့လူတွေထဲမှာ The Rock လို့ခေါ်တဲ့ ဒဝိန်းဂျွန်ဆင်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

The Rock (ခေါ်)ဒဝိန်းအနေနဲ့ သူ့ရဲ့တစ်သက်တာမိတ်ဆွေကြီး ဘရူနိုလော်ရာကို ပေါင် ၃၀၀၀၀ တန် ကားအသစ်တစ်စီး ဝယ်ပေးလိုက်ချိန်ကတော့ The Rock အတွက် စိတ်အချမ်းသာဆုံးနေ့ဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ နှစ်သစ်ကူးနေ့မှာ ဒဝိန်းဂျွန်ဆင်က Ford F150 ကား လက်ဆောင်ပေးခဲ့တာပါ။ 

ဒီနေ့အချိန်မှာ ဟောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့ မင်းသား ဒီဝိန်းဂျွန်ဆင်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက အိမ်ခြေမဲ့တစ်ယောက်ပါ။ ဟာဝိုင်အီကျွန်းမှာ သူတို့မိသားစုကို အိမ်ပိုင်ရှင်က နှင်ချလိုက်လို့ အိမ်ရာမဲ့ဘဝ ရောက်ခဲ့တာပါ။ အဲဒီအချိန်မှာ နပန်းနည်းပြ ဘရူနိုလော်ရာက သူ့ကို ခေါ်ထားပေးခဲ့ပါတယ်။

” အ ဖေနဲ့အတူနေဖို့ နက်ရှ်ဗီးလ်မြို့ကို ကျွန်တော် လိုက်သွားတယ်။ အဲဒီကို ရောက်တော့ အဖေနဲ့နေလို့မရဘူးဆိုတာ သိသွားတယ်။ တလွဲတချော်တွေ ဖြစ်ကုန်တာပေါ့။ ဘရူနိုဆိုတဲ့ လူတစ်ယောက်နဲ့နေရမယ်လို့ အဖေက ကျွန်တော့်ကို ပြောတယ်။ အဲဒီအချိန်မှာ ဘရူနိုက အလာမိုပလာဇာမိုတယ်ရဲ့ အခန်းကျဉ်းလေးထဲမှာ နေနေတာပါ။ ဘရူနိုက ငါနဲ့မသိတဲ့ ကလေးကို ခေါ်မထားနိုင်ဘူးလို့ ပြောခွင့်ရှိပါတယ်။ ဒါပေမဲ့ သူ မပြောခဲ့ဘူး။ အဲဒီတေလေကြမ်းပိုးလေးကို သူ ခေါ်ထားခဲ့တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ တသက်တာမိတ်ဆွေတွေ ဖြစ်လာခဲ့တာပါ” လို့ ဒဝိန်းဂျွန်ဆင်က ပြောပါတယ်။ 

အဲဒီနောက်မှာ ဒဝိန်းဂျွန်ဆင်က နပန်းသမားဘဝ စတင်ခဲ့တာပါ။ ဒဝိန်းဂျွန်ဆင် ကားဝယ်မယ်ဆိုတုန်းကလည်း ဘရူနိုက သူ့ရဲ့နောက်ဆုံးလက်ကျန်ပိုက်ဆံ ဒေါ်လာ ၄၀ စိုက်ပေးခဲ့ဖူးပါတယ်။ ဒီနှစ်သစ်အစမှာတော့ အဲဒီကျေးဇူးတွေကို ဒဝိန်းဂျွန်ဆင်က ပြန်ဆပ်နိုင်ခဲ့ပါပြီ။ နပန်းနည်းပြအဖြစ်ကနေ ဘရူနို အနားယူမယ့်အချိန်ကျရင်လည်း သူ့အတွက် စရိတ်ထောက်ပံ့ပေးမယ်လို့ ဒဝိန်းဂျွန်ဆင်က ကတိပြုခဲ့ပါတယ်။

Leave a Reply