စိတ်ကူးယာဉ် အက်ရှင် – ဒရာမာ တစ်ခုမှာ ဇာတ်ဆောင်နေရာကနေ ပါဝင်မယ့် Lee Kwang Soo

Local News

စိတ်ကူးယာဉ် အက်ရှင် – ဒရာမာ တစ်ခုမှာ ဇာတ်ဆောင်နေရာကနေ ပါဝင်မယ့် Lee Kwang Soo

ဇန်နဝါရီ ၆ ရက်နေ့က King Kong Entertainment ရဲ့ တာဝန်ရှိသူတစ်ဉီးရဲ့ သတင်းထုတ်ပြန်ချက်အရ Lee Kwang Soo အနေနဲ့ ဒရာမာ အသစ်တစ်ခုဖြစ်တဲ့ Hero မှာဇာတ်ဆောင်နေရာက ကမ်းလှမ်းခံရခဲ့တယ်လို့သိရပါတယ်
သူ့အနေနဲ့လည်း ကမ်းလှမ်းချက်ကို သဘောကျနေပြီး လက်ခံနိုင်ဖွယ်ရှိနေပါတယ်။
Hero ဒရာမာ ဟာ စိတ်ကူးယာဉ် အက်ရှင် ဒရာမာ ဖြစ်ပြီး Melodrama တစ်ခုလည်းဖြစ်တယ်လို့ပြောပါတယ်။ (ချစ်ခန်းကြိုက်ခန်းတွေလည်းပါမယ့်သဘော)
အခုလက်ရှိခေတ်ကိုဦးတည်ထားပြီးတော့ ဘယ်သူက မကောင်းဆိုးဝါးလဲ ဘယ်သူက ဟီးရိုးဖြစ်လဲဆိုတာကို ခွဲခြားရခက်နေတဲ့ လောကကြီးကို ပြထားတဲ့ ဒရာမာတစ်ခုပါ။ ဇာတ်ဆောင်ဟာ အမှုစစ်တစ်ယောက်ဖြစ်ပြီးတော့ အရမ်းဝင်ရောက်စွက်ဖက်တတ်လို့ အလုပ်ဖြုတ်ခံထားရပြီးတော့ အထူးစွမ်းအင်တစ်ခု ရရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူရဲကောင်းတစ်ဉီးအဖြစ်သတ်မှတ်ခံရပြီးတော့ အခြားမကောင်းတဲ့ အဖွဲ့တွေကို တိုက်ခိုက်ဖြေရှင်းတာကို ပြထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာကောင်းတစ်ခုဖြစ်ပါတယ်။
Lee Kwang Soo ဟာဇာတ်ဆောင်နေရာဖြစ်တဲ့ Oh Gyu Tae နေရာကပါဝင်ဖို့ ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။ Oh Gyu Tae ဟာ အထက်ကပြောခဲ့သလိုပဲ
အမှုစစ်တစ်ယောက်ဖြစ်ပြီးတော့ အလုပ်ထုတ်ခံရပြီးတော့ အလုပ်လက်မဲ့ဖြစ်နေခဲ့ပါတယ်။ အခြားသူတွေရဲ့အလုပ်ကို တော်တော်စိတ်ဝင်စားတတ်ပြီးတော့ မတရားတာတွေ့ရင် အငြိမ်မနေတတ်ပဲ မွေးကတည်းက လူတစ်ဖက်သားကို အလွန်အမင်းကူညီတတ်တဲ့ လူတစ်ယောက်အဖြစ်မွေးဖွားလာခဲ့တာပါ။
Oh Gyu Tae မှာ အခြားသူထက်သာတဲ့ စွမ်းရည်တစ်ခုရှိပါတယ်။ ငယ်ငယ်ကတည်းက လက်ဝှေ့ထိုးတာကို ဝါသနာပါခဲ့ပြီး လေ့ကျင့်ခဲ့တဲ့အတွက်
လက်ဝှေ့ထိုးတဲ့နေရာမှာ တော်တော်ကျွမ်းကျင်တယ်လို့သိရပါတယ်။
Lee Kwang Soo အနေနဲ့ ကမ်းလှမ်းချက်ကို လက်ခံပါက ဇာတ်ဆောင်နေရာကနေပါဝင်ရမှာဖြစ်ပြီးတော့ ကြည့်ရှုသူတွေကလည်း တော်တော်များများ မျှော်လင့်ချက်ကြီးကြီးနဲ့ လက်ခံဖို့ကို တောင့်တနေကြပါတယ်။ ၂၀၁၈ က Live Drama ပြီးတဲ့နောက် သူ့ရဲ့ပထမဆုံး Drama တစ်ခုဖြစ်ပြီးတော့ ဇာတ်ဆောင်နေရာကပါဝင်ရမယ်ဆိုတော့ ကျွန်တော့်တို့ Admin တစ်ဖွဲ့လုံးကော ပရိတ်သတ်တွေပါ ရင်ခုန်နေကြမယ်လို့ထင်ပါတယ်။
source : soompi

Leave a Reply