အမျိုးသားက ၎င်းနှင့်ဖောက်ပြန်နေသော အိမ်ထောင်သည်အမျိုးသမီး၏နေအိမ်အောက်အထိ လျှို့ဝှက်လိုဏ်ခေါင်းတူးဖော်ထား

Local News

မက္ကဆီကိုနိုင်ငံ Villas del Prado ဒေသက အုတ်စီသမားတစ်ဦးဖြစ်တဲ့ Antonio ဟာ သူနဲ့ဖောက်ပြန်နေတဲ့အိမ် ထောင်ရှိအမျိုးသမီးရဲ့နေအိမ်အောက်အ ထိ မြေအောက်လိုဏ်ခေါင်းတူးဖော်ထား ခဲ့တယ်လို့ သိရပါတယ်။

အိမ်ထောင်ရှိအမျိုးသမီး Pamela ကိုသွားချိန်းတွေ့တဲ့အခါ လူမြင်မှာစိုးတဲ့ အတွက် နေအိမ်ကနေ Pamela ရဲ့အိမ် အောက်ကို လိုဏ်ခေါင်းစတူးခဲ့တာဖြစ်ပါ တယ်။ လိုဏ်ခေါင်းပြီးသွားချိန်မှာတော့ Pamela ရဲ့ခင်ပွန်း Jorge က အလုပ်သွား တိုင်း Antonio က ရောက်လာပြီးPamela နဲ့ချစ်ကြည်နူးလေ့ရှိပါတယ်။ တစ် ရက်မှာတော့ Jorge က အိမ်ကိုစောပြီး ပြန်ရောက်လာတာကြောင့် လက်ပူးလက် ကြပ်မိတဲ့အချိန်မှာ Antonio က အိမ်ထဲ မှာပဲထွက်ပြေးခဲ့ပါတယ်။ မိန်းမနဲ့ဖောက် ပြန်သူက အိမ်ထဲမှာတင်ပျောက်သွားတာ ကြောင့် Jorge က တစ်အိမ်လုံးကို ရှာဖွေ ခဲ့ရာမှာ လိုဏ်ခေါင်းအဝကို တွေ့ရှိခဲ့ပါ တယ်။ လိုဏ်ခေါင်းအတိုင်း လိုက်သွားရာ မှာ Antonio ရဲ့အိမ်အထိ ရောက်သွားပြီး Antonio နဲ့တန်းတွေ့ပေမယ့် Antonio က တစ်ဖက်အခန်းမှာ မိန်းမရှိတာကြောင့် တိုးတိုးနေပေးဖို့ တောင်းပန်ခဲ့ပါတယ်။ Jorge က ဒေါသထွက်လာတာကြောင့်Antonio ကို ထိုးတဲ့အခါ Antonio ရဲ့ မိန်းမက အိမ်ထဲဝင်လာပြီး ယောက်ျားကို ထိုးနေတဲ့သူကို ရဲတိုင်ခဲ့ပါတယ်။ ရဲစခန်း မှာ Antonio က ဖြစ်ကြောင်းကုန်စင်ကို ဝန်ခံခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply