၁၄နှစ်အရွယ်လေးကိုရည်းစားစာအတင်းလိုက်ပေးတယ်

Local News

လှိုင်သာယာလူမိုက်တွေ ကြောင့် ဒေသလုံခြုံမှုမရှိလို့
သတင်းစာရှင်းလင်းပွဲတောင်ပြုလုပ်ရ

လှိုင်သာယာမြို့နယ်အတွင်းရှိအချို့နေရာများတွင်
လူမိုက်အုပ်စုကြီးစိုးနေသည့်နယ်မြေ
များရှိရာထိုနယ်မြေများရှိ
သာမန်ပြည်သူများ လုံခြုံမှုမရှိ၍
နေထိုင်ရခက်ခဲနေကြောင်းအချို့ရွှေ့ပြောင်းသွားလာနေထိုင်နေရကြောင်းယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲမှသိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို
လှိုင်သာယာမြို့နယ်(၂၃)ရပ်ကွက်၊
ရွှေလင်ဗန်​းမူကြို
လမ်းဆုံမီးပွိုင့်အနီး၊ခရေ(၆)လမ်း၊စိန်ပန်းမြိုင်ဆွမ်းလောင်းဓမ္မာရုံတွင်
ရန်ကုန်ပြည်သူ့အကျ်ုးဆောင်ကွန်ယက်အဖွဲ့မှ ကိုဇော်ရန်းlလှိုင်သာယာ၂၂ရပ်ကွက်နေပြည်သူများဖြစ်သည့်
ကိုကုလား l ကိုခင်မောင်းဝင်း +မခိုင်နှင်းနှင့်ဒေသခံပြည်သူများက
လှိုင်သာယာ၂၂ရပ်ကွက်တွင်
လူမိုက်များကြီးစိုးနေသည့်အခြေအနေများနှင့်ပတ်သက်၍
ဇန်နဝါရီလ ၁၇ရက်မွန်းလွဲ၂နာရီချိန်က
သတင်းစာရှင်းလင်းပွဲ
ကျင်းပပြုလုပ်ခဲ့ကြသည်။

“ကျွန်မသမီးလေးက၁၄နှစ်အရွယ်လေးကိုရည်းစားစာအတင်းလိုက်ပေးတယ်မယူတော့ လူလွှတ်ပြီးအိမ်အထိလာပေးခိုင်းတယ် ဒါသက်သက်စော်
ကားတာ စာသက်သေရှိတယ် ကျွန်မတို့ကသိတော့ ဒေါသထွက်တာပေါ့မိဘပဲဘယ်သူပေးတာလည်းပေါ့
ပေးတဲ့လူက ငါပေးတာဘာဖြစ်ဆိုတော့ ကျွန်မယောက်ကျားနဲ့ရန်တွေဖြစ်ရော ထိုးကြခုတ်ကြတွေဖြစ်ဆေးရုံတွေရောက်

သူတို့ရမ်းလို့ဖြစ်ကြတာ
သူတို့ဘက်ကလူမိုက်တွေပါလာတယ်
ရမ်းကားတာ အခုဆိုရန်ဖြစ်ပြီးထဲကအိမ်မှာမနေရဲတော့ဘူးပြောင်းနေရတယ် အဲလူမိုက်တွေက အိမ်ဖျက်တယ်
အိမ်သိမ်းတာတွေရှိတယ် ရမ်းကားတာတစ်ရပ်ကွက်လုံးသိတယ်သူတို့နဲ့ဘယ်သူမှတုမဖြစ်ရဲဘူး
သူတို့မှာလက်နက်လည်းအစုံရှိနေတယ်”ဟုသတင်းစာရှင်းလင်းပွဲတွင်လှိုင်သာယာ၂၂ရပ်ကွက်မှ ဒေါ်ခိုင်နှင်းကပြောသည်။

၎င်းအပြင်သတင်းစာရှင်းလင်းပွဲတက်ရောက်လာသူပြည်သူများကလည်း
ယင်းလူမိုက်အဖွဲ့သည်အင်အားကြီးပြီး
အလွန်တရာကြောက်စရာကောင်းကြောင်းသတင်းမီဒီယာများကို နောက်တစ်ခေါက်လာစေ

လာခဲ့သော်လူစုပြီးလျှင် ရမ်းကားနေသည့်လူမိုက်များအကြောင်း
ရင်ဖွင့်ပြောကြားချင်ကြောင်း
ဝိုင်းဝန်းပြောဆိုကြသည်။

သတင်းအပြည့်အစုံမှာကိုဆက်လက်ရေးသားတင်ပြပေးပါအုံးမည်

မျှော်

လူထုသတင်းမှန်
🇲🇲အမှန်တရားဘက်တော်သားများအုပ်စု

Source : Facebook

Leave a Reply