တားရော့ကဒ်လေးတွေက သင့်ဆန္ဒတွေ ပြည့်၀လာအောင် ဘယ်လိုအကြံဉာဏ်ပေးမလဲ။

Local News

သင်က ပိုက်ဆံကို တော်တော်ချစ်ပါတယ်။ သင့်ခေါင်းထဲမှာ ပိုက်ဆံဘယ်လိုရမလဲပဲစဉ်းစားနေတဲ့အတွက် ဒီအရာက သင့်အနာဂတ်ကို ပျက်ဆီးစေနိုင်ပါတယ်။ သင်က အသုံးအဖြုန်းကြမ်းတဲ့လူဆိုရင် မလိုအပ်တဲ့အရာတွေမှာ ပိုက်ဆံသုံးဖို့ မစဉ်းစားပါနဲ့။ ဒါပေမယ့် သင်က ချွေတာစုဆောင်းတတ်တဲ့လူဆိုရင် ပိုက်ဆံကုန်မှာ စိတ်မပူပါနဲ့။ သင့်မှာ အလုပ်အကိုင်တစ်ခုရှိပြီး သင့်တင့်တဲ့လစာရှိပေမယ့် သင်လိုအပ်နေတာက ဘယ်လိုကို စနစ်တကျ သုံးစွဲတတ်ဖို့ပဲ လိုအပ်နေတာပါ။ အတိတ်က သုံးခဲ့တဲ့ပိုက်ဆံတွေနဲ့ ဘယ်လောက်စုရင် ဘယ်လောက်ရနေပြီဆိုတာကြီးကို စိတ်ထဲက ထုတ်ထားလိုက်ပါ။ အကယ်လို့ သင့်ဘက်က ယခုလက်ရှိအလုပ်အကိုင်ကနေ ပိုက်ဆံပိုရတဲ့ အလုပ်အကိုင်တစ်ခုကို ပြောင်းဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ခဏသည်းခံလိုက်ပါဦး။ အဲဒီအစား ပိုက်ဆံကို လိုအပ်တဲ့နေရာမှာသုံးပြီး မလိုအပ်တဲ့နေရာမှာ မဖြုန်းမိပဲ စနစ်တကျ သုံးစွဲတတ်အောင်ပဲ အရင်ကြိုးစားလိုက်ပါ။

အတိတ်မှာ ဘယ်လိုအရာတွေဖြစ်ခဲ့ဖြစ်ခဲ့ ထပ်မတွေးတော့ပဲ မေ့နိုင်အောင်ကြိုးစားပါ။ အတိတ်ဆိုတာ ပြင်ပြင်လို့ရတဲ့အရာ မဟုတ်ပါဘူးနော်။ အတိတ်ကို သင်ခန်းစာယူပြီး လက်ရှိအချိန်မှာ ပျော်ရွှင်အောင်နေပြီး သာယာတဲ့အနာဂတ်ကို ဖန်တီးယူရမှာ သင့်တာဝန်ပါပဲ။ ဒါကြောင့် လက်ရှိအချိန်မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေအပေါ် အချိန်ပိုပေးပြီး သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်နေတဲ့ အရာတွေကို မေ့နိုင်အောင် ကြိုးစားပါ။ သင့်အပေါ် မကောင်းတဲ့လူတွေကို ကိုယ်ပေါင်းစိတ်ခွာ နေတတ်အောင် ကြိုးစားပါ။ များများရယ်ပြီး ဘဝကိုပျော်ပျော်နေပါ။ ဒါဆိုရင် သင်အချိန်အကြာကြီး မျှော်လင့်နေတဲ့ လွတ်လပ်မှုတွေနဲ့ ပျော်ရွှင်မှုတွေက သင့်ထံရောက်ရှိလာမှာပါ။

အခုချိန်မှာ confort zone ထဲမှာ ပျော်မွေ့နေတာကို ရပ်တန့်သင့်ပါပြီ။ သင်ကိုယ်တိုင် သင့်ကိုယ်ပိုင်ဘဝ၊ အသက်မွေးဝမ်းကြောင်းနဲ့ လူမှုရေး စတဲ့အရာတွေမှာ ပြောင်းလဲမှုတွေ လုပ်သင့်နေပြီလို့ သတိပေးပါရစေ။ သင့်အနေနဲ့ လက်ရှိအချိန်မှာ confort zone ထဲမှာ ပျော်မွေ့နေပြီး တစ်ခုခုကို စွန့်စားပြီးလုပ်ရမှာ အရမ်းကြောက်နေပါတယ်။ ပြောင်းလဲမှုတွေ လုပ်ရမှာ မကြောက်ရွံ့ပါနဲ့။ အမှားတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ အချိန်သင့်ပါပြီ။ မကြာခင်မှာ သင့်ဘဝထဲကို လူတစ်ယောက် ဝင်ရောက်လာပါလိမ့်မယ်။ အဲဒီလူက သင့်အတွက် အရမ်းချစ်ပြီး အရေးပါတဲ့လူတစ်ယောက် ဖြစ်လာမှာပါ။ နောက်တစ်ခုက အခွင့်အရေးအသစ်တွေ ရလာရင် လက်မလွှတ်ဖို့ အကြံပေးပါရစေ။

Leave a Reply