မြစ်ကြီးနားကလူတွေအတွက် ဥပဒေနားလည်သူတစ်ယောက်က ပေးတဲ့အကြံ

Local News
မြစ်ကြီးနား 🛑
မြစ်ကြီးနားက ဥပဒေနားလည်သူ ဥပဒေဘက်တော်သားတစ်ယောက်က ပေးတဲ့ အကြံပါ။ စစ်ကောင်စီက KIA ကို လက်နက်ကိုင်ပြီး ပြန်တိုက်အောင် မြစ်ကြီးနားကို ပြဿနာရှာနေပုံရတယ်။
🛑
အခုပွဲမှာ ရဲက တကယ် အရေးပါပါတယ်တဲ့။
တပ်က ပြည်သူနဲ့ထိပ်တိုက်မတွေ့ဘူး။ ရဲက အရင်ထိပ်တိုက်တွေ့တယ်။ ရဲကမနိုင်တော့မှ တပ်ဘက်ကဝင်တာ။
ပြည်သူက ရဲတွေကိုမယုံဘူး။ ရဲတချို့ကလည်း ပြည်သူဘက်က ရပ်တည်ချင်ပေမဲ့လည်း ရဲစည်းကမ်း၊ ဥပဒေအရထောင်ကျမှာမို့ ရပ်တည်ဖို့ မလွယ်ဘူးတဲ့။
ရဲက အလယ်ကဖြစ်နေတယ်။
ပြည်သူက ရဲကိုစည်းရုံးမရပေမဲ့ အခုရဲကို စစ်ကောင်စီဘက်က နည်းမျိုးစုံနဲ့ ( အသေးစိတ်မပြောလိုပါ) စည်းရုံးနေပါပြီ။
🛑
ဒါပေမဲ့ နည်းလမ်းတစ်ခုရှိပါတယ်တဲ့။
မြစ်ကြီးနား ပြည်သူတွေလုပ်ရမှာက တစ်ခုခု ဒဏ်ရာရ၊ အစော်ကားခံရတိုင်း ရဲစခန်းတိုင်းကို လူစုသွား၊ ရဲကိုတိုင်ချက်ဖွင့်ပါတဲ့။
အမူဖွင့်ရင် မှတ်တမ်းရှိမယ်။ သက်သေရှိမယ်။ ကူညီချင်တဲ့စိတ်ရှိတဲ့ ရဲတွေလည်း ကူညီနိုင်မယ်။ အမှုမဖွင့်ပေးရင် မဖွင့်ပေးတဲ့အကြောင်းမှတ်တမ်းယူ သတင်းထဲပါအောင်လုပ်နိုင်ရင်ကောင်းမယ်။ တစ်နေ့တစ်နေ့ ဆန္ဒသီးခြားမပြဘဲ “ မတရားမှုကို အမှုဖွင့်ချင်လို့ပါ” ဆိုင်းပုဒ်ကိုင်ပြီး ရဲစခန်းရှေ့မှာ တန်းအရှည်ကြီးစီပြီး အေးချမ်းငြိမ်သက်စွာ အမှုဖွင့်ကြပါလို့ အကြံပေးထားပါတယ်။
🛑
ကိုယ်ရတဲ့ ဒဏ်ရာကို ဓာတ်ပုံရိုက် သက်သေပြ၊ အေးချမ်းစွာ ဆန္ဒပြနေတာ ရိုက်ပါတယ်။ အိမ်ထဲမှာနေတာ လေးခွနဲ့ အပစ်ခံရပါတယ်.. စသည်ပေါ့။ နောက်ဆုံး သေနတ်သံတွေကြားရလို့ စိတ်ထိခိုက်ပါတယ်လို့ အမှုဖွင့်။ ဒီနေ့ ဆရာမတွေပြန်လွတ်လာလည်း သူတို့ကို အမှုပြန်ဖွင့်။
ဥပဒေနဲ့အညီပေါ့။ သူတို့ပြောသလိုဥပဒေနဲ့ အညီပေါ့။ ကားတွေဖျက်တာ၊သတ်နတ်ပစ်ခံရတာ၊ အရိုက်ခံရတာ၊ ရထားကိုသေနတ်တေ့မောင်းခိုင်းတာ ပြည်သူတွေက တရားဝင် အမှုဖွင့်လို့ရပါတယ်။ ရဲစခန်းမှာပဲ သူတို့ရဲတွေ၊ စစ်သားတွေကို အမှုပြန်ဖွင့်ခိုင်းတာပါ။
🛑
ရဲတာဝန်က အမှုမဖွင့်ပေးလို့ မရပါဘူး။ မဖွင့်ပေးရင် “ခြေဥပျက်လို့ မဖွင့်ပေးသလား” လို့မေးပါ။ သူတို့ပြောတာ မှတ်တမ်းယူပါ။ အုပ်စုလိုက် တိုင်ပင်၊ လူစုပြီး စနစ်တကျ အမှုဖွင့်ပါ။
ပြည်သူ ၁ သိန်းလောက်က တစ်ယောက်တစ်စောင်နဲ့ စခန်းတွေမှာသွားပြီး သူတို့ကိုတိုင်ချက်အမူ့ဖွင့်ကြပါ။ အဲဒီ ကန်ပိန်းလုပ်ပါ။ အမှုမဖွင့်ပေးပါပြောလို့ အမှုဖွင့်မရရင် စခန်းမှူး အလုပ်ပြုတ်ပါတယ်တဲ့။
အဲဒီလို ရဲတွေကိုရင်ဆိုင်မှ ပြည်သူကနိုင်ပါလိမ့်မယ်။ ရဲကိုနိုင်ရင် သူတို့တပ်ပျက်ပါပြီတဲ့။
🛑
သူပေးတဲ့ အကြံကို ဘယ်လိုသဘောရလဲလို့ပါ။ New movement ပေါ့။
🛑 🛑 🛑
Crd
မရွှေမိုး ( ကိုရီးယား )
February 19th, 2021.

Leave a Reply