KIA ဘာလုပ်နေလဲမေးတဲ့ လူတွေအတွက် ကချင်တစ်ယောက်က ပြောလိုက်တဲ့စကား

Local News
KIA ဘယ်မာလဲ မေးနေတဲ့ သူတွေ
ပြောရလည်းအာပေါက်လာပြီ
တောထဲမှာဟေး တောထဲမှာ
မြို့လည်ကောင်လမ်းမတစ်လျှောက်တပ်နယ်မြေဆိုပြီးအပိုင်တပ်စွဲနေတာမဟုတ်ဘူး။။
တစ်ခုခုဖြစ်ရင်တချို့တွေ မကာကွယ်ဘူးလား မတိုက်ဘူးလားနဲ့မင့်အဘတွေက‌ ‌‌ တောထဲက‌ နေ3ပေလောက်မှာ တစ်ဂိတ်နဲ့ မအလဂိတ်တွေ အခု20လောက်ဖြတ်ပြီးမှမြို့ပေါ် ရောက်မှာဟေး။ပြည်မထိ မြို့ပေါ်ထိ စစ်ကို မဖိတ်ခေါ်ကြနဲ့။Post တစ်ခုတင်လိုက်ရင် KIA ဘယ်မာလဲ ဘဲ လာလာ ရှာနေကြတယ်။ကိုယ်ချင်းစာလို့ရှာတဲ့သူနည်းနည်း၊ လော်ချင်တဲ့သူများများ။
နားလည်တဲ့သူတွေကနားလည်တယ်။
တဖက်ပိတ်တွေက စစ်ကိုဆွနေကြတယ်
လူမျိုးကိုမကာကွယ်ဘူးလားဘာလားနဲ့
မင်းတို့အဘကို မထိရက်မကိုင်ရက် မတိုက်ရက်လို့ချစ်လွန်းလို့ကြည့်နေကြတာမဟုတ်ဘူး။နင်တို့မုန်းတာထက် ရွံတာထက်ဆယ်ဆ နှစ်ပေါင်း ဆယ်ချီ စောပြီး မုန်းခဲ့ရွံခဲ့တာပါဟဲ့။ ဖြစ်နိုင်ရင် သေနတ်တစ်ချက်တည်းနဲ့တောင်မဟုတ်ဘူး တစ်ယောက်ကို အချက်တစ်ရာလောက် အားရအောင် ပစ်သတ်ချင်နေတာတိုင်းရင်းသားလက်နက်ကိုင်တွေပါဟဲ့။
မြို့ပေါ်မှာတွေ စစ် ထဖြစ်တာနဲ့အရင်ဆုံးခံရမှာ ပြည်သူတွေနော်။ဘာမှ အမှားယွင်းမခံနိုင်လို့ညိမ်နေတာ။ အရေးတော်ပုံကိုကြိုးစားနေကြတာ။
မအလ ဂွင်ထဲ မရောက်အောင် ကြိုးစားနေကြတာ။
မအလကလည်း တမင် စစ်ဆွနေတာမမြင်ကြဘူးလား။အဲ့မှာ နင်တို့ဖြစ်စေချင်တဲ့ စစ်ဖြစ်ခိုင်းကြည့်လိုက်
ဘာတွေဖြစ်လာမလဲသိလား??
မဒိန်းကျင့်ပြီးအသတ်ခံရတဲ့ တိုင်းရင်းသူတွေလို/
မိဘမဲ့ ဖြစ်ခဲ့ရတဲ့ လူမမယ်လေးတွေလို၊
သားသမီးတွေ ကိုယ့်မျက်စိရှေ့မှာ ဗုံးတွေ ထိပြီး မရှုမလှ သေခဲ့ရတာတွေလို/
ထမင်းစားနေရင်း ထမင်းပန်းကန်ပစ်ချထွက်ပြေးရတာ တွေလို/ကိုယ်ဝန် အရင့်အမာကြီးနဲ့ ‌စိတ္တဇလိုပြေးရတဲ့ အမေတွေလို/ကိုယ်ဝန်ကြီးနဲ့ မရှုမလှ သေဆုံးသွားခဲ့ရတဲ့ မိခင်တွေလို/လမ်းတောင်မလျှောက်နိုင်လို့ ထမ်းပြေးရတဲ့ အဖိုးအဖွားတွေလို/
အိပ်နေရင်း ဗုံးထိပြီး ဘယ်အချိန်အသက်ပါသွားမှန်းတောင်မသိ လိုက်ဘဲဖြစ်ခဲ့ရတဲ့သူတွေလို/
သူလျှိုဆိုတဲ့စွတ်စွဲချက်တွေနဲ့ ကိုယ့်အဖေ ကို ကိုယ့်ရှေ့ ရိုက်နက် နိပ်စက် တာတွေလို/ ကလေး တွေ အမိမဲ့ အဖမဲ့ စိတ်ဓာတ်တွေ သေပြီး ကြီးပြင်းလာခဲ့ရတာတွေလို/
အိုးအိမ်စွန့် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
သူများခိုင်းဖတ် /သူများအနိမ်ခံ /ဆေးသမားဖြစ်/သူခိုးဂျပိုးဖြစ်/ဘဝတွေသေပြီး ကြီးပြင်း လာရသူ‌ေတွလို ဖြစ်လာမှာ။ အေးမှတ်ထား အဲ့ဒါ စစ်ဖြစ်တာနဲ့ မင်းတို့ငါတို့ ဖြစ်လာမယ့်ကံကြမ္မာတွေဘဲ။
သိပ်အလွယ်ပြောမနေကြနဲ့
မခံချင်လို့ပြောနေကြတယ်ဆိုတာနားလည်တယ်။
ဒါမဲ့ သေချာစဉ်းစားပြီးမှပြော။ ခနဲ့သလို စစ်ကိုအားပေးသလိုတွေလာမပြောနဲ့။ အဲဒါတွေ ခံနိုင်ရည် ရှိမှ တိုင်းရင်းသားလက်နက်ကိုင်တွေကိုမြောက်ပေးကြ။ခနဲ့ကြ။ အဲဒါတွေကစစ်ကြောင့် နှစ်ပေါင်းများစွာတိုင်းရင်းသား‌‌ တွေခံခဲ့ရတဲ့ ကံကြမ္မာတွေဘဲ။မင်းတို့ အဲ့ဒါ‌ေတွအတွက် အဆင်သင့်ဖြစ်ပြီလား??ဖြစ်မှပြော။ငါတို့က ပြည်သူတွေခံ နေရတာမကြည့်ရက်လို့ပြောနေတာလို့ပြန်လာမပြောနဲ့။ ဘယ်သူကမှ လည်းကြည့်ရက်လို့ကြည့်နေတာမဟုတ်ဘူး။စစ်ဖြစ်ကြတာထက်ပိုကောင်းမယ့်အခြေနေကို ကြိတ်မိတ်
ကြိုးစား‌နေကြတာ။
မကြည့်ရက်လိုဆိုပြီး စစ်ကိုမြောက်ပေး
တကယ်စစ်ဖြစ်လာကြည့် ခုအခြေနေထက်ပိုဆိုးမှာ။
ဘာနိုင်ငံခြားအကူညီမှ မရ။အရေးတော်ပုံလည်းပလုံ။
တရုတ်နဲ့ မအလ ဂွင်တွေ့ လက်ဝါးကြီးအုပ်ဖို့အခွင့်ကောင်းရ။
ဘယ်ကဗုံးပျံ တွေ တွေ့စားပြီးဘယ်ချိန် မသာပေါ် မလဲ ဘဲ စောင့်နေကြတာပေါ့။
မချိုသာနိုင်တော့ဘူး ခနခနလည်းပြောပြနေပြီ။မပြောပြလည်း မြို့ပေါ်စစ်ဖြစ်လာရင် ဘာဖြစ်လာနိုင်လဲ ဆိုတာ ထမင်းစားရင်သိသင့်တယ်။ချီးစားနေလို့လားတော့မပြောတတ်ဘူး။ NCA မထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မင်းတို့အဘတပ်တွေက တွေ့တာနဲ့ လက်ဆွဲနှုတ်ဆက်ကြမှာမဟုတ်ဘူး။
အရိပ်မြင်တောင်အရိပ် ထပြစ်ကြမဲ့ သူတွေ။
ဒီ‌ နေရာမှာက ပြည်သူတွေ ရှိလို့ လူရှင်းတဲ့နေရာ သွားပစ်ကြရအောင် ပြောနေကြမှာမဟုတ်ဘူးနော်။
မြို့ပေါ်ထိ တက်ကာကွယ်နိုင်တဲ့ လက်နက်ကိုင်တွေ က ဘယ်လိုလက်နက်ကိုင်တွေလဲဆိုတာ သေချာလေ့လာပြီးမှ ပြောကြ။။
ဒီလက်နက်ကိုင် မအလနဲ့တင်တော်လောက်ပြီ နောက်ထပ်လက်နက်ကိုင်တွေကိုမြို့ပေါ်ထိ
မဖိတ်ချင်ကြနဲ့တော့။စစ်ဖြစ်တာထက်ပို ကောင်းမယ့်ဟာလုပ်နေကြတာ။တောကလူတွေ စစ်ကြောင့်မြို့ပေါ်စစ်လာရှောင်ကြတယ်။မြို့မှာ ဖြစ်ရင် ဘယ်နားသွားရှောင် ကြမလဲ ဖြေကြ။
KIA ဘယ်မာလဲ? မကာကွယ်ဘူးလား?
နောက်ထပ်မေးကြည့်!!

Leave a Reply