Flash Strike (ဓာတ်မီးသပိတ်)ကို မြို့၁၀၀ကျော်မှာ လုပ်ဆောင်ခဲ့

Local News

Flash Strike (ဓာတ်မီးသပိတ်)ကို မြို့၁၀၀ကျော်မှာ လုပ်ဆောင်ခဲ့
===============================
မနေ့က ဧပြီလ ၁၁ ရက် ညပိုင်းမှာ Flash Strike (ဓာတ်မီးသပိတ်)နဲ့ အခြား ညသပိတ်တွေကို လုပ်ဆောင်ခဲ့တဲ့မြို့နယ်တွေကို စုစည်းခဲ့တာမှာ (၁၀၃) မြို့ဆိုပြီး ရေတွက်လို့ရခဲ့တယ်လို့ စစ်တမ်းကောက်ယူသူ တစ်ဦးထံက သိရပါတယ်။
ပြည်ပမှာတော့ ထိုင်ဝမ်နိုင်ငံ (တိုင်ပေမြို့) မှာလုပ်ဆောင်ခဲ့ပါတယ်။
အင်တာနက်ရတဲ့နေရာတွေအပြင် အင်တာနက်မရတဲ့နေရာတွေကိုပါ ဖုန်းသတင်းနဲ့ ရေတွက်ခဲ့တယ်လို့ဆိုပါတယ်။
“ဒီအခြေအနေမှာ ရိုးရှင်းလွယ်ကူတဲ့ သပိတ်အမျိုးအစား နဲ့ သတင်း ကြိုတင်ပေးပို့နိုင်မှုဟာ ကောင်းစွာအလုပ်လုပ်ကြောင်း နားလည်သိရှိရပါတယ်”လို့ သူက ရေးသားထားပါတယ်။

@pink

Leave a Reply