မန္တလေးတွင် EPC ရုံး ဗုံးကွဲ

Local News

ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်မီတာရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မြို့နယ်လျှပ်စစ်ရုံးမှ ဒုတိယတာဝန်ခံ အရာရှိနှင့် မီတာလာဆောင်သည့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ဘုံပျံတောရကျောင်းအနီး မြို့ နယ်လျှပ်စစ်မီတာရုံးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးကို လာရောက်ပစ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply