ပိတ်ရက်သတ်မှတ်လိုက်တဲ့ ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အတွင်း မအလ ဘာလုပ်မှာလဲ . . .

Local News

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နယ်အတွင်း ပြေးဆွဲလျှက်ရှိသော လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းနှင့် Omni Focus ယာဉ်လိုင်းများသည် ယခုကူးစက်ပျံ့ပွားလျှက်ရှိသော Covid – 19 ကူးစက်မြန်ရောဂါ၏ ကူးစက်မှုလျှော့ချနိုင်ရေးအတွက် ယာဉ်လိုင်းပြေးဆွဲမှု ယာယီရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီရပ်နားမှုအား ဇူလိုင် ၁၇ ရက် မှ ဇူလိုင် ၂၅ ရက် နေ့ထိဖြစ်ကြောင်း သိရှိရပါသည်။

ဘဏ်များအားလုံးကိုလည်း ဇူလိုင် ၁၇ ရက် မှ ဇူလိုင် ၂၅ ရက် နေ့အထိ ပိတ်ရက်သတ်မှတ်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်မှ ကြေညာသွားခဲ့သည်။

ဇူလိုင်လ ၁၉ရက်နေ့သည် အာဇာနည်နေ့ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ထိုနေ့တွင် ဖြစ်ပေါ်လာနိုင်သော ဆန္ဒထုတ်ဖော်မှုများကို ရှောင်ရှားနိုင်ရန် ယခုကဲ့သို့ ကိုဗစ်အကြောင်းပြ၍ Stay Home နေထိုင်ခိုင်းနေခြင်း ဖြစ်ကြောင်း ပြောဆိုဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။

အချို့မှာ စစ်ကောင်စီသည် ထိုပိတ်ရက်ကာလများတွင် ယတြာချေခြင်းကဲ့သို့သော လုပ်ငန်းများကို လုပ်ဆောင်လိုသောကြောင့် ယခုကဲ့သို့ ပြည်သူများ၏ အာရုံများကို လမ်းလွှဲနေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါကာလတွင် မည်သို့ သော ကိစ္စရပ်များ ဖြစ်ပေါ်လာမည်နည်း။

သတိထားစောင့်ကြည့်သွားရပေမည်။

Leave a Reply