စတေးဟုမ်းလား . . . လော့ဒေါင်းလား . . . မအလ ဘာလုပ်တာလဲ

Local News

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာခြင်းကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ဇူလိုင်လ ၁၇ရက်မှ ဇူလိုင်လ ၂၅ရက်အတွင်းကို ရုံးပိတ်ရက်အဖြစ် ကြေညာပြီး Stay Home နေကြရန် တိုက်တွန်းချက်တစ်ခုကို အာဏာလုစစ်ကောင်စီမှ ပြီးခဲ့တဲ့ ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် အာဏာလုစစ်ကောင်စီကို ဦးဆောင်နေသော

မင်းအောင်လှိုင်အနေဖြင့် လုပ်ဆောင်ချက်တချို့ကို လုပ်ဆောင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြည်သူများကို Stay Home နေထိုင်ရန် ပြုလုပ်ခြင်းသက်သက်သာဖြစ်ကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။

စစ်ကောင်စီထောက်ခံသူများမှလည်း ‌ကြေညာချက်မှာ ဆိုးရွားနေသော ကိုဗစ်ကူးစက်မှုကို ထိန်းသိမ်းရန်သက်သက်သာ ဖြစ်ပြီး Stay Home သာဖြစ်ကြောင်း၊

Lock Down  မဟုတ်ကြောင်း

ယခင် ကာလများကလည်း ထုတ်ပြန်ခဲ့ဖူးကြောင်း ပြန်လည်ချေပမှုများ ထွက်ပေါ်ခဲ့သည်။

သို့သော်လည်း ၁၇ရက်နေ့ညပိုင်းတွင် နယ်မြို့အချို့၌

“၁၈.၇.၂၀၂၁ ရက်မှစတင်၍ ပြည်သူများအနေဖြင့်

စျေးဝယ်ထွက်ခြင်းကို မနက်ခင်း ၉ နာရီမတိုင်ခင် အပြီးဆောင်ရွက်ထားရှိရန်

၉ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့ထွက်ခွာပါက

တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ပါမည် ဖြစ်ကြောင်း” လှည့်လည်ကြော်ငြာမှုများ ရှိလာခဲ့သည်။

အဆိုပါ ကြေညာချက်များအရ ပြည်သူများကို ဇူလိုင်လ ၁၈ရက်မှ ၂၅ ရက်အတွင်း နေ့အချိန်များတွင် နေအိမ်များအတွင်း၌ ပိတ်လှောင်ထားလိုသော စစ်ကောင်စီ၏ ရည်ရွယ်ချက်ကို တွေ့မြင်ရသည်။

ယခုကဲ့သို့ Lock Down ချပြီး ပြည်သူများကို နေအိမ်များအတွင်း ပိတ်လှောင်ထားလိုခြင်းမှာ မည်သို့သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မသိရှိနိုင်သောကြောင့် ပြည်သူအနေဖြင့် ဂရုပြုကြရန် အထူးအရေးကြီးလှသည်။

Leave a Reply