ဆေးရုံသို့ အောက်စီဂျင်များ ရောက်ရှိပြီးနောက် စစ်ကောင်စီတပ်များက ပရဟိတလူနာယာဥ်များ ဝင်ခွင့်မပြု

Local News

မြောက်ဥက္ကလာမြို့နယ် ဆေးရုံသို့ အလှူရှင်များ လှူဒါန်းမှုဖြင့်

အောင်စီဂျင်စက်များ ရောက်ရှိလာပြီး

တစ်ရက်အကြာ ဇူလိုင်လ ၁၇ ရက်နေ့ ည ၁ဝနာရီတွင်

အကြမ်းဖက် စစ်ကောင်စီ တပ်များက

လက်နက်ကိုင်ဆောင်ကာ ဆေးရုံဝန်းအတွင်းသို့

မည်သည့် ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း

ပရဟိတ အဖွဲ့များ ပြောဆိုချက်အရ သိရသည်။

အဆိုပါ အောက်စီဂျင်စက်သည် ဇူလိုင်လ ၁၅ရက်နေ့က

မြောက်ဥက္ကလာ မြို့နယ် ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး

၄ဝ လီတာ အောက်စီဂျင် အိုးကြီး ၃ဝဝဝ ကျော်ကို

အောက်စီဂျင် ပေးဝေနိုင်သည့် စက်ကြီးဖြစ်ကြောင်း သိရသည်။

“ မြောက်ဥက္ကလာဆေးရုံက လူနာလက်မခံတော့တာကြာပြီ

ကိုဗစ် တတိယလှိုင်း စဖြစ်တည်းက မြောက်ဥက္ကလာထဲက

ပရဟိတသမားတွေက dead body တွေပဲ လိုက်ကောက်တော့တယ်။

လူနာကို ဆေးရုံ ပို့ပေးတာမလုပ်တော့ဘူး။

အဲဒီ ဆေးရုံ ဝန်းတံခါးက အရင်တုန်းက လူနာလက်မခံပေမယ့်

၂၄နာရီ ဖွင့်ထားတယ်။ မနေ့ ညကစပြီး ဝင်းတံခါးတွေ ပိတ်ပြီး ဘယ်ကားကိုမှ

စစ်တပ်က ဝင်ခွင့်မပေးတော့တာ ဘာလို့ ဝန်းတံခါးတွေ ပိတ်လည်းဆိုတာတော့

ကျွန်တော်တို့လည်း မသိဘူး။ ထူးတာကတော့ အောက်စီဂျင်စက်တွေရောက်လာပြီးမှ

ဖြစ်တယ်ဆိုတော့ အောက်စီဂျင်နဲ့များ ပတ်သက်နေမလားလို့ပေါ့ အဲလိုတော့ ထင်မိတယ်” ဟု

အမည်မဖော်လိုသည့် ပရဟိတလုပ်ဆောင်နေသူ တစ်ဦးကပြောဆိုသည်။

ထိုသို့ မြောက်ဥက္ကလာ ဆေးရုံဝန်းတံခါးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက

မည်သည့် ရည်ရွယ်ချက်ဖြင့် ပိတ်ထားသည်ကို အတိအကျမသိရှိရသေးသော်လည်း

ဆေးရုံရှိ အလှူရှင်များ လှူဒါန်းထားသည့် အောက်စီဂျင်စက်မှလည်း ပြည်သူများကို

ဖြန့်ဝေပေးမှု မရှိသေးကြောင်း ပရဟိတ အဖွဲ့များ ပြောဆိုချက်အရသိရသည်။

Leave a Reply