ရုတ်တရက်လိုအပ်လာလို့ အောက်ဆီဂျင်ချက်ချင်းမရနိုင်လျှင် လုပ်ဆောင်ထားသင့်တဲ့ အရာများ

Local News

ယခုလတ်တလော COVID -19 ရောဂါကြောင့်

အမောဖေါက်ပီး အောက်စီဂျင်မရကြသော

လူနာများအတွက် ရည်ရွယ်ပါသည်။

ပထမဆုံး အသိပေးလိုသည်မှာ

COVID ရောဂါဖြစ်သူတိုင်း Oxygen မလိုပါ။

ရောဂါဖြစ်သူအားလုံး၏ ၂၀ ရာခိုင်နှုန်းသာ

oxygen လိုအပ်ပါသည်။

ရုတ်တရက် အမောဖောက်လူနာအားပြုစုရန် လုပ်ဆောင်ရမည့် အချက်များ

အ‌မောဖောက်ခြင်းမှာ – – –

A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုနည်းသွားခြင်း

B.ခန္ဓာကိုယ်မှ oxygen ကို အသုံးပြုမှုများသဖြင့် oxygen မလုံလောက်ခြင်း . . . စတဲ့ အချက်များကြောင့် ဖြစ်သည်။

အမောဖောက်ခြင်း သက်သာစေရန် အထက်ပါအချက်များကို ‌ဖြေရှင်းရပါမည်။

A. Oxygen ပံ့ပိုးမှုနည်းသွားခြင်း ကို ကုစားရန်နည်းလမ်းများ

အဆုတ်မကောင်းလျှင်သော်လည်းကောင်း၊

နှလုံးမကောင်းလျှင်သော်လည်းကောင်း၊

သွေးအားနည်းလျှင်သော်လည်းကောင်း

ခန္ဓာကိုယ်သို့ Oxygen ပံ့ပို့နည်းသွားတတ်ပါသည်။

SpO2 90% အောက်ရောက်လျှင် oxygen ရှုရန် လိုအပ်ပါမည်။

ယခု မြန်မာနိုင်ငံ သားများကြုတွေ့နေရသည့် အခြေအနေအရ

Oxygen မရရှိပါက အောက်ပါကိစ္စများကိုပြုလုပ်ခြင်းဖြင့်

ခန္ဓာကိုယ်အား Oxygen ပံ့ပိုးမှု ပိုများလာအောင် ပြုလုပ်ပါ။

၁_လူနာကို လေကောင်းလေသန့် ရသည့်နေရာတွင်ထားပါ။

၂ _အဆုတ်ထဲ လေဝင်အောင် ဂရုတစိုက် သတိထားပီး ဖြေးဖြေးနှင့် ရှည်ရှည်ရှုပါ။

၃_ လူနာအနီးတွင် ဆူညံသံများကို မပြုလုပ်ပါနှင့်၊

အသက်ရှုခြင်း တစ်ခုထဲကိုသာအာရုံစိုက်ရန် လူနာကို သတိပေးပါ။

၄_ပက်လက်အနေအထားဖြင့် အသက်ရှုခြင်းသည် ပို၍ မောပါသည်။

( ထိုင်ပီးမှောက်လျှက်အနေအထားဖြင့် နေပါ)

၅_လူနာအား စိတ်အေးလက်အေးဖြစ်နေပါစေ။

(ကြောက်လန့်တကြားဖြစ်ပီး လူနာရုန်းကန်ပါက

အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။

ထို့ကြောင့် ကြုံလာသည့် ပြဿနာကို

စိတ်အေးအေးထားပီးရင်ဆိုင်နိုင်ရန် အရေးကြီးပါသည်။)

၆_အခန်းအပူချိန်ကို မပူလွန်း မအေးလွန်းဖြစ်နေဖို့လိုပါသည်။

(26’C သည် လူအတွက်အကောင်းဆုံးအပူချိန်ဖြစ်သည်။)

၇_လူနာရှိသောအခန်းအား ပြူတင်းပေါက်များဖွင့်ထားပါ

၈_ လူနာအနီးတွင် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းရှိနေပါစေ

၉_အနံ့အသက်များ မရှိပါစေနှင့်။

(ညှော်နံ့, ခြင်ဆေးခွေနံ့, မြောင်းပုပ်နံ့, ရေမွေးနံ့ , ဟင်းနံ့ များသည် အမောဖောက်လူနာအားပိုဆိုးစေပါသည်။)

၁၀_အသက်ရှုလမ်းကြောင်းတွင် ချွဲသလိပ်များ ပိတ်ဆို့နေပါက လက်ဖြင့်ဖြစ်စေ၊ Suction Machine ဖြင့်ဖြစ်စေ ဖယ်ရှားပေးပါ။

B. ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုများပြားခြင်းကို လျော့ချရန်။

လူ့ခန္ဓာကိုယ်တွင် Oxygen အများဆုံးအသုံးပြုသည့် ကိုယ်အင်္ဂါများမှာ ဦးနှောက်၊ နှလုံးနှင့် ကြွက်သားများဖြစ်ကြပါသည်။

ဦးနှောက်နှင့် နှလုံး တို့သည် oxygen ပြတ်၍ မရပါ။

သဘာဝအရ ၄င်းအင်္ဂါများတွင် Oxygen နည်းလာပါက

နှလုံးခုန် မြန်လာပါမည်။

အသက်ရှု မြန်လာပါမည်။

စိုးရိမ်စိတ် ဝင်လာတတ်ပါသည်။

၄င်းအခြေအနေတွင် ခန္ဓာကိုယ်မှ

Oxygen သုံးစွဲမှုနည်းအောင် အောက်ပါ ကိစ္စများပြုလုပ်ပါ။

၁_စိတ်အေးအေးထားရန်၊ စိတ်မပူရန် အရေးကြီးပါသည်၊ မကြောက်ပါနဲ့။

(လူနာကို သတိပေးပါ၊ အားပေးပါ။)

၂_လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရပါမည်။

(လှုပ်ရှားလေ ကြွက်သားများ oxygen ပိုသုံးလေ ပိုမောလေ ဖြစ်ပါသည်။

ထို့ကြောင့်ငြိမ်ငြိမ်နေပါ။)

၃_သက်တောင့်သက်သာ အဖြစ်ဆုံးအနေအထားဖြင့် နေပါ။

အဝတ်အစားကိုချောင်ချောင်လယ်လယ်ရှိသောချည်သား ဝတ်ဆင်ပါ။

၄_တတ်နိုင်သမျှစကားမပြောပါနဲ့။ (စကားပြောလျှင်ပိုမောပါသည်။)

၅_လူနာကို အားပေးစကားပြောပါ။

၆_စိတ်ရှုပ်စရာများမတွေးပါနှင့်။ စိတ်ငြိမ်အောင် ဘုရားစာတစ်မျိုးမျိုးရွတ်နေလို့ရပါသည်။

အသက်ရှုတာကိုဘဲအာရုံစိုက်ပါ။

(“ငါဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရမည်”” ကျော်ဖြတ်နိုင်ရမည်” ဟုအကြိမ်ကြိမ်ရွတ်နေနိုင်သည်။)

၇_လူနာအနီးအသံဆူညံခြင်းမဖြစ်အောင် ဂရုစိုက်ပါ။

ဆူညံခြင်းကြောင့် စိတ်မတည်မငြိမ်ဖြစ်ပါသည်။

၈_ချောင်းဆိုးချင်လာပါက အတတ်နိုင်ဆုံး အားမသုံးပါနှင့်။

အသာအယာ ဆိုးပါ။

၉_လူနာအသက်ရှု မြန်လာပါက ဖြေးဖြေးနှင့် ရှည်ရှည်ရှုဖို့ ဘေးမှသတိပေးပါ။

မြန်မာပြည်သူပြည်သားများအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အခြေအနေဆိုး များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ…။

(ဒေါက်တာကောင်းမြတ်)

Leave a Reply