မင်းအောင်လှိုင်ဖင်ကြား ခဲအစုလိုက် အပြုံလိုက် ညှပ်သွားပြီ

Local News

မင်းအောင်လှိုင်ဖင်ကြား ခဲအစုလိုက် အပြုံလိုက် ညှပ်သွားပြီ

အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင်ဖင်ကြား ခဲအစုလိုက် အပြုံလိုက် ညှပ်သွားပြီ ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်…

အာဏာသိမ်းပြီး ၃လ ပြည့်ခါနီးမှာ အာဆီယံအစည်းအဝေးကို မအလကိုယ်တိုင် မြောက်ကြွမြောက်ကြွနဲ့ သွားတက်ခဲ့တယ်။မအလရဲ့ အကြံအစည်က

(၁) အာဆီယံအဖွဲ့ကို ၈၈အာဏာသိမ်းပြီးတဲ့နောက် အသုံးချခဲ့သလိုမျိုး အသုံးချဖို့ရယ်

(၂) နိုင်ငံတကာနဲ့ အာဆီယံက သူ့ကို အသိအမှတ်ပြု့လက်ခံတယ်။ အဲဒါကြောင့် အာဆီယံအစည်းအဝေးပွဲကို ဖိတ်ခေါ်ခံရပြီး ခေါင်းဆောင်ကိုယ်တိုင် သွားတက်တာသာဖြစ်ကြောင်း သူကိုထောက်ခံတဲ့ သောက်ပိန်းတွေကို ဂျင်းထည့်ဖို့ရယ်အတွက် ရည်ရွယ်ပြီး သွားတက်ခဲ့တာဖြစ်တယ်။

တကယ်လည်း အဲဒီအတိုင်း သောက်ပိန်းတွေကို ပြန်ပြီး ဂျင်းထည့်ခဲ့သလို သောက်ပိန်းတွေကလည်း အကြီးအကျယ် ယုံခဲ့ကြတာပဲ။

အမှန်က အာဆီယံဟာ သူ့ကို အစိုးရအဖွဲ့အနေနဲ့ အသိအမှတ်ပြု့ပြီး ခေါ်ယူတွေ့ဆုံခဲ့တာမဟုတ်ပဲ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ကောင် အနေနဲ့သာ ခေါ်ယူလက်ခံခဲ့တာပါ။ အဓိက က အစည်းဝေးဆုံးဖြတ်ချက် အချက်၅ချက်ကို အကောင်အထည်ဖေါ်ဖို့ ခိုင်းခြင်းသက်သက်ပဲဖြစ်တယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကဆိုရင် ” အစည်းအဝေးတက်ရင် အဲဒီခွေးမသား မင်းအောင်လှိုင်ရဲ့ စောက်ခွက်ကို စုတ်ပြတ်သွားအောင် လက်သီးနဲ့ ထိုးမိမှာစိုး၍ မတက်ရောက်တာဖြစ်တယ်”လို့ ဆိုတဲ့ သီတင်းစာရှင်းလင်းပွဲ ဖြေကြားချက်ဟာ တစ်ကမ္ဘာလုံးကို ဟိုးဟိုးကျော်သွားခဲ့တယ်။

မြန်မာပြည် ပြန်ရောက်လို့ ဆရာ့ဆရာကြီးများနဲ့ တိုင်ပင်ညှိနိုင်းပြီးတဲ့အခါ ” မိမိနိုင်ငံရဲ့ ပြည်တွင်းရေးမို့ ကိုယ့် Road map နဲ့ကိုယ် ဆက်သွားမယ်”ဆိုပြီး ကြေညာပါတယ်။

မင်းဟောင်လှိုင် ၆လပြည့် အာဏာသိမ်း မိန့်ခွန်းပြောအပြီး အိမ်စောင့်အစိုးရအဖြစ်ကြေညာလိုက်ချိန်မှာတော့ မအလရဲ့ စောက်ချိုးပြောင်းတာကို ၃လကြာတဲ့အထိစောင့်ကြည့်နေခဲ့ရတဲ့ အာဆီယံရဲ့ သီးခံမူ့က အထွဋ်အထိပ်ထိရောက်ရှိသွားပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ကို “လက်ခံမလား လက်မခံဘူးလား”လို့ မေးရတဲ့အထိ တင်းသွားခဲ့တယ်။

မအလဟာ သူရဲ့ မွေးစားအဖေနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ပရာစွတ်ရဲ့ တပည့်ကိုပဲ လက်ခံပါရစေ ဆိုတာတောင် အာဆီယံက သဘောမတူတော့ပါ။ အာဆီယံက ရွေးချယ်ထားတဲ့ ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီးကိုပဲ လက်ခံရမယ်ဆိုလို့ အောက်သက်သက်နဲ့ မအလ လက်ခံလိုက်ရတယ်။

အဲဒီအစည်းအဝေးပွဲမှာ မင်းဟောင်လှိုင်နဲ့ ဝဏ္ဏမောင်လွင်တို့က “ပြည်တွင်းရေးပါ”လို့ ပြန်မပြောရဲသလို ဘရူနိုင်းဒုဝန်ကြီးဟာ “မွတ်စလင်နိုင်ငံကမို့ အမျိုးဘာသာ သာသနာအတွက် မသင့်လျှော်ပါဘူး” လို့ ဆင်ခြေ ပြန်မပေးဝံ့ပါဘူးး။ အခု့တော့ မအလ ဖင်ကြား ခဲအစု့လိုက် အပြုံလိုက် အညှပ်ခံလိုက်ရသလို ခံစားနေရပါပြီ။

CNN သီတင်းထောက်မကို သူတို့လိုပဲ စောက်ပေါလို့ ထင်ခဲ့မိတဲ့အတိုင်း အာဆီယံကိုပါ လျော့တွက်ခဲ့တဲ့မအလ ပြန်ပေးဆပ်ရပါတော့မယ်။ အာဆီယံနဲ့ကမ္ဘာကြီးရဲ့ ထိန်းချုပ်မူ့အောက် မင်းဟောင်လှိုင်ရဲ့ အိမ်စောင့်အစိုးရ ရောက်ရှိသွားပါပြီ။ မကြာခင် အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ကို လာပြီး ချယ်လှယ်ခြင်းကို ခံရပါတော့မယ်။ လုပ်ချင်သလိုလုပ်လို့မရတော့ပါ။ ဘာပဲလုပ်လုပ် လုပ်သမျှ အစီရင်ခံရပါမယ်။
အဲဒီအတွက် အခု့ဆိုရင် ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွတ်ပေးနေရပြီဖြစ်တယ်။

နိဂုံးချုပ်ရရင်
ဘောင်ကျဉ်းသွားပြီဖြစ်တဲ့ မအလဟာ တိုင်းပြည်ကို ထိန်းချုပ်လို့ မရဘူးဆိုတာ အာဆီယံ အထူးကိုယ်စားလှယ်ကို မျက်ဝါးထင်ထင် ပြခွင့်ရပါတော့မယ်။

ဒါကြောင့် ပြည်သူတို့ရေ ကျန်းမာရေးကို ဂရု့စိုက်ပြီး အားမွေးထားကြပါခင်ဗျားး

အရေးတော်ပုံအောင်ရမည်။

ချစ်ကိုကြီး ၅.၈.၂၁

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply