ရန်ကုန်အင်းစိန် မြို့ပတ် ရထားပေါ်မှာ ရဲ ၆ ယောက် ဖောင်းဒိုင်းခံရ မုန့်ဟင်းခါး ၄ ပွဲ

Local News

ရန်ကုန်အင်းစိန် မြို့ပတ် ရထားပေါ်မှာ ရဲ ၆ ယောက် ဖောင်းဒိုင်းခံရ မုန့်ဟင်းခါး ၄ ပွဲ

အခုတင်ဆက်ပေးမယ့် သတင်းကတော့ ရန်ကုန်- အင်းစိန် မြို့ပတ် ရထားပေါ်တွင် ရဲ ၆ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ ရဲ ၄ ဦး သေဆုံးတဲ့ သတင်းပဲဖြစ်ပါတယ်

ရန်ကုန်၊ သြဂုတ် ၁၄

ရန်ကုန်ဘူတာကြီး က အင်းစိန်သို့ ထွက်ခွာလာသည့် မြို့ပတ်ရထားပေါ်တွင် လိုက်ပါလာသည့် ရဲ ၃ဦးကို ယနေ့ သြဂုတ်လ ၁၄ ရက်နေ့ ညနေ၅နာရီခန့်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ပြီး ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း အဆိုပါ ဖြစ်ရပ်အား တွေ့မြင်ခဲ့သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် ပန်းလှိုင်ဘူတာနှင့် အလုံလမ်းဘူတာကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီ ဒု-တပ်ကြပ် ဝင်းဇော်လတ်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင် တို့မှာ သေဆုံးခဲ့ကြောင်း၊ တပ်ကြပ် မြင့်ဌေး၊ တပ်ကြပ် ကျော်ဇင် တို့အား ကုတင် ၅၀၀ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ သေနတ် ၄ လက် ပါသွားကြောင်း သတင်းရရှိသည်။

” ရန်ကုန်က အင်းစိန်သို့ထွက်ခွာလာတဲ့ မြို့ပတ်ရထားပေါ်မှာ ဂတ်ဗိုလ်ကို သေနတ်နဲ့ ထောက် ပြီးရဲခွေးတွေကို ပစ်သတ်သွားတာ။ ရဲခွေး ၄ ကောင် အလောင်းကို ကြည့်မြင့်တိုင်ဘူတာမှာ စစ်ခွေးတွေလာယူသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply