အချစ်ရေးအခြေအနေကို ဂဏန်းဗေဒင်လေးတွက်ပြီး ဆန်းစစ်ကြည့်ကြမယ် (၂)

Astrology

(၆) ဂဏန်းသမားများ

မွေးရက် (၆၊ ၁၅၊ ၂၄) ရက်

မွေးတဲ့သူတွေကတော့

(၆) ဂဏန်းသမားတွေပါ။

သံယောဇဉ်ကြီးမားပြီး

ချစ်သူအပေါ်မှာ စိတ်ချမ်းသာအောင်

ဖြည့်ဆည်းပေးမယ့်သူပါ။

ချစ်ခဲပြီး အချစ်မြဲတဲ့သူပါ။

မိသားစုအသိုင်းအဝိုင်း မတူသူကို

ရွေးချယ်ပြီး အားလုံးနဲ့

ဆန့်ကျင်ဖို့တောင် ဝန်မလေးတတ်သူပါ။

အပျော်စိတ်ကစားတဲ့သူ မဟုတ်ဘဲ

သစ္စာတရား ရှိသူ ဖြစ်ပါတယ်။

(၇) ဂဏန်းသမားများ

မွေးရက် (၇၊၁၆၊၂၅)

ရက်မွေးသူတွေကတော့

(၇) ဂဏန်းသမားတွေပါ။

လေးလေးနက်နက် ချစ်တတ်ပြီး

တဖက်သူအပေါ်ကို စာနာပေးနိုင်ကြသူတွေပါ။

အချစ်ကို ဖွင့်ဟဖို့ ဝန်လေးသူဖြစ်ပြီး

မချစ်တတ်သူအဖြစ် အထင်ခံရတတ်ပါတယ်။

စန်းပွင့်ပြီး အချစ်အတွက်

တိုက်ခိုက်ဖို့ ဝန်မလေးပါဘူး။

(၈) ဂဏန်းသမားများ

မွေးရက် (၈၊ ၁၇၊ ၂၆) ရက်

မွေးတဲ့သူတွေကတော့

(၈) ဂဏန်းသမားတွေပါ။

ထိန်းချုပ်နိုင်စွမ်း များပြီး

ချစ်သူကို အလိုလိုက်လွန်းလို့

သောက ရောက်တတ်ပါတယ်။

ချစ်သူကို အရာရာပြည့်စုံအောင်ထားပြီး

ပေးဆပ်တတ်သူဖြစ်တာကြောင့်

ကိုယ့်နှလုံးသားကို ခုတုံးလုပ်တာမျိုး

ကြုံရနိုင်ပါတယ်။

(၉ )ဂဏန်းသမားများ

မွေးရက် (၉၊၁၈၊၂၇) ရက်

မွေးတဲ့သူတွေကတော့

(၉) ဂဏန်းသမားတွေပါ။

အချစ်ခံချင်ပြီး ကိုယ့်ကို

အလေးပေး ဆက်ဆံတဲ့သူတွေကို

သဘောကျပါတယ်။

အချစ်အတွက် ဘာမဆို ပေးဆပ်ရဲပြီး

အိမ်ထောင်ဘက်နဲ့ မြဲစေဖို့

အစဉ်ကြိုးပမ်းလေ့ ရှိပါတယ်။

အပြင်ပန်းအရ ကြမ်းတမ်းတယ်

ထင်ရပေမယ့် အတွင်းစိတ်နူးညံ့တဲ့သူတွေပါ။

Leave a Reply