ကိုယ့်အချစ်ရေးအခြေအနေအတွက် ဗေဒင်တွက်ကြည့်ရအောင်

Astrology

အချစ်ရေးမှာ ကိုယ့်ရဲ့ အခြေအနေက ဘယ်လိုရှိနေမလဲဆိုတာ

သိချင်ရင်တော့ ဒီဂဏန်းဗေဒင်လေးကို တွက်ကြည့်လို့ ရပါတယ်

တွက်နည်းကတော့ ကိုယ့်ရဲ့ မွေးရက်ကို တွက်ရမှာပါ။

ဥပမာ – ကိုယ်က ၁၁ ရက်နေ့မှာ မွေးတယ်ဆိုရင် ၁+၁=၂ ပါ။

၁၉ ဆိုရင် အဲဒီတော့ (၂) ဂဏန်းကို ကြည့်ရမှာပါ။

ကိုယ့်မွေးနေ့က ပေါင်းခြင်းမရှိဘူးဆိုရင်လည်း

တစ်လုံးတည်းဟာကိုပဲ ကြည့်လို့ ရပါတယ်။

၁၉ဆိုရင် ၁+၉=၁၀ ၁+၀=၁ ပေါ့။

(၁) ဂဏန်း

(၁) ဂဏန်းဆိုရင်တော့ ဒီနှစ်အတွက် Single ဘဝကနေ

ကျွတ်မှာ သေချာသလောက်ပါပဲ။

မြန်မြန်စွံမယ့်နှစ်လို့ ပြောလို့ ရပါတယ်။

(၂)ဂဏန်း

(၂)ဂဏန်းဆိုရင်တော့ ဒီနှစ်မှာ ကိုယ့်ကို ချစ်ခင်တဲ့သူ

ပေါပေါများများ ရှိနေမှာ သေချာပါတယ်။

လာဖွင့်မပြောရဲသေးတောင် ကြိတ်ချစ်နေတဲ့သူက အပြည့်ပါပဲ။

(၃) ဂဏန်း

(၃) ဂဏန်းဆိုရင်တော့ အချစ်ရေး အဆင်ပြေလိုက်

မပြေလိုက်တွေ ဖြစ်တတ်ပါတယ်။ ကိုယ်ချစ်ရသူရဲ့

အထင်လွဲမှုတွေ ခဏခဏ ကြုံရနိုင်ပါတယ်။

(၄) ဂဏန်း

(၄) ဂဏန်းဆိုရင်တော့ ကိုယ့်ဘေးနားမှာ ချစ်တဲ့သူရော

မချစ်တဲ့သူရော ရှိနေမှာပါ။ ကိုယ်က ချစ်ပေမယ့်

ကိုယ့်ကို ပြန်မချစ်တဲ့ အချစ်ရေးမျိုး ဖြစ်မယ့် နှစ်တစ်နှစ်ပါပဲ။

(၅)ဂဏန်း

(၅)ဂဏန်းဆိုရင်တော့ ဒီနှစ်မှာအချစ်ရေး

အတော်ကံခေနေတဲ့ နှစ်တစ်နှစ်ပါပဲ။

(၆)ဂဏန်း

(၆)ဂဏန်းဆိုရင်တော့ လက်ထပ်ခွင့်တောင်းခံရတာမျိုး

ကြုံရနိုင်ပါတယ်။ မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်တဲ့ နှစ်ပါ။

(၇) ဂဏန်း

(၇) ဂဏန်းဆိုရင်တော့ ကိုယ့်ချစ်သူက ခြေရှုပ်လို့

စိတ်ညစ်ရမယ့် နှစ်တစ်နှစ်ပါပဲ။ သေချာညှိနှိုင်းမှ

ကိုယ့်အချစ်ရေး အဆင်ပြေမှာပါ။

(၈)ဂဏန်း

(၈)ဂဏန်းဆိုရင်တော့ ချစ်တို့အတွက်

အချစ်ရေး ကံကောင်းတဲ့ နှစ်တစ်နှစ်ပါပဲ။

(၉) ဂဏန်း

(၉) ဂဏန်း ဆိုရင်တော့ ကိုယ့်ရဲ့ အချစ်ရေးမှာ

အနှောင့်အယှက်မယ့်သူတွေ ရှိနေနိုင်ပါတယ်။

သတိထားဖို့ လိုပါတယ်။

ချစ်တတ်သူတိုင်း အဆင်ပြေကြပါစေ။

Leave a Reply