မုန်တိုင်းကြောင့် ရခိုင် ၆ မြို့နယ်က ကမ်းရိုးတန်းနေထိုင်သူများ အရေးပေါ်ရွေ့ပြောင်း

Local News

မုန်တိုင်းကြောင့် ရခိုင် ၆ မြို့နယ်က ကမ်းရိုးတန်းနေထိုင်သူများ အရေးပေါ်ရွေ့ပြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မုန်တိုင်းကြောင့် ရခိုင် ၆ မြို့နယ်က ကမ်းရိုးတန်းနေထိုင်သူများ အရေးပေါ်ရွေ့ပြောင်းရတဲ့ သတင်းပဲဖြစ်ပါတယ်။

အားပြင်းသော မုန်တိုင်းငယ် အနီရောင်အဆင့်သတ်မှတ်လိုက်ပြီးနောက် ရခိုင်ကမ်းရိုးတန်းရှိ ရခိုင် ၆ မြို့နယ်က ကမ်းရိုးတန်းနေထိုင်သူများ အရေးပေါ်ရွေ့ပြောင်းမှုများ ပြုလုပ်နေကြသည်။

အားပြင်းသော မုန်တိုင်းငယ်သည် ယနေ့ မတ်လ ၂၂ ရက်နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းဝင်ရောက်နိုင်သောကြောင်း မိုး/ဇလဌာနက အနီရောင်အဆင့်သတ်မှတ်လိုက်ပြီး ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ်တစ်ချို့မှ ပြည်သူများကို မုန်တိုင်းလွတ်ရာ ကုန်မြင့်ဒေသများသို့ ရွေ့ပြောင်းနေခြင်းဖြစ်သည်။

လက်ရှိ ရွေ့ပြောင်နေကြသည့် မြို့နယ်များမှာ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မြေပုံမြို့နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်မှ ဒေသခံများကိုရွေ့ပြောင်းပေးနေခြင်းဖြစ်သည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက်၊ ဟိုင်းကြီးကျွန်းမြို့၏တောင်-အနောက်တောင်ဘက်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက်၊ ဂွမြို့၏ရေမိုင် တောင်-အနောက်တောင်ဘက်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက်၊ အိန္ဒိယနိုင်ငံ ပို့ပလဲ့ယား၏ မြောက်-အရှေ့မြောက်ဘက်၊ မယာဘန်ဒါမြို့၏ မြောက်-အရှေ့မြောက်ဘက်၊ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ထုတ်ပြန်သည်။

အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ တစ်ဖြည်းဖြည်း အားလျှော့သွားနိုင်ပြီး ယနေ့နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြစ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလကထုတ်ပြန်ထားသည်။

မူရင်းရေးသားသူ Western News-WN

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply