ကွာရင်တင်းဝင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်

Local News

ကွာရင်တင်းဝင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကွာရင်တင်းဝင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနီးအနားကသူတွေ ကိုဗစ်ကူးစက်ခံရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကွာရင်တင်းဝင်နေရတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။


ကွာရင်းတင်းဝင်နေရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကူးစက်ခံရမှုမရှိဘူးလို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ရုံးချိန်းကိုရောက်မလာသလို ဒီနေ့ ရုံးချိန်းကို လည်းရောက်မလာခဲ့ပါဘူး။

ဒါကြောင့် စုံစမ်းကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကွာရင်တင်းဝင်နေရတယ်လို့သိရပြီး မနက်ဖြန် ရုံးချိန်းကိုလည်းလာရောက်နိုင်မှာမဟုတ်ဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပြပါတယ်။


တရားရုံးက ဒီနေ့နဲ့မနက်ဖြန်ရုံးချိန်းတွေကို လာမယ့်အပတ် တနင်္လာနဲ့ အင်္ဂါနေ့တွေကို ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချကတွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply