ကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ြပင်ဆင်ချက် – ေကာလဟာသတင်း)

Local News

ကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(သတင်းမှား စိစစ်ချက် ။     ။ ယခုသတင်းကို Boom Myanmar မှ စစ်ဆေးထားရာ ဒေါ်အောင်ဆန်းစုကြည်မှာ ကိုဗစ်ကူးစက်မခံရဘဲ အခန်းဖော်မှသာ ကူးစက်ခံရသောကြောင့် ကွာရာတင်းသာဝင်ရကြောင်း တေွ့ရှိရပါသည်။ ထို့ေကြာင့် ဤသတင်းမှ သတင်းမှားဖြစ်ကြောင်း တေွ့ရှိထားပါသည်။)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်သူတွေမှာ ကိုဗစ်ပိုး တွေ့လို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က မတ်လ ၂၈ ရက်နေ့က ရုံးမထုတ်ခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် မှာလည်း ကိုဗစ်ပိုးတွေ့ရတယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

 


စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာကောင်းမွန်ကြောင်း။ အရင်တုန်းကတော့ အရပ်ဘက်နဲ့ စစ်ဘက်ဆရာဝန်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးထားကြောင်း။ အခုလည်း ဆရာဝန်တွေနဲ့ ကျန်းမာရေးကို စစ်ဆေးပေးလျက်ရှိကြောင်း၊ စစ်ကြောရေးနဲ့ တရားရင်ဆိုင်မှုတွေကို ကိုဗစ်စည်းကမ်းအရ ရပ်ဆိုင်းထားကြောင်းနဲ့ လာမယ့်ကြာသပတေးနေ့မှာ ရုံးပြန်ထုတ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

 

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိတ်ပူရပြီး လုပ်ကြံခံရမယ့် အန္တရာယ်ကို စိုးရိမ်နေရကြောင်း ပြောကြားထားကြပါတယ်။

မူရင်းရေးသားသူ – BBC

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။