CDM လည်းမလုပ်၊ ကျောင်းသွားတာ စာမသင်ရဘဲ Tiktok မှာယွနေတဲ့ ကျောင်းသူတွေ

Local News

CDM လည်းမလုပ်၊ ကျောင်းသွားတာ စာမသင်ရဘဲ Tiktok မှာယွနေတဲ့ ကျောင်းသူတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ CDM လည်းမလုပ်၊ ကျောင်းသွားတာ စာမသင်ရဘဲ Tiktok မှာယွနေတဲ့ ကျောင်းသူတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရကို အာဏာမပေးဘဲ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်းမှုကြောင့် မြန်မာတနိုင်ငံလုံး တခဲနက်ဆန့်ကျင် တော်လှန်နေကြတာဟာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီထဲမှာဆိုရင် ဆရာဝန်တွေ၊ အစိုးရဝန်ထမ်းတွေ ပါဝင်ဦးဆောင်တဲ့ CDM လှုပ်ရှားမှုကြီးဟာ သမိုင်းဝင် တော်လှန်ရေးရဲ့အစ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ CDM လုပ်သူများကို ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွဲပါတော့တယ်။

CDM လှုပ်ရှားမှုမှာ တက္ကသိုလ် ကျောင်းသူကျောင်းသားများလည်းပါဝင်ပြီး အစိုးရအထက်တန်း ကျောင်းများမှာတော့ မိဘတွေကျောင်းမပို့ဘဲ CDM လုပ်ကြပါတယ်။

သို့ရာတွင် စစ်အုပ်စုဘောမများမှာ CDM လုပ်ခြင်းမရှိဘဲ CDM လုပ်သူများကိုပါ သတင်းပေး၍ ဒလံလုပ်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ထို့အတူ စစ်အာဏာရှင်ကို မလွန်ဆန်နိုင်သောသူများမှာလည်း CDM လုပ်နေရာမှ တစတစ Non-CDM ဖြစ်လာကြပါသည်။

စစ်အာဏာရှင်များမှာလည်း ကမ္ဘာ့အလယ်တွင် အရှက်ကွဲမှုကို ဖုံးဖိရန်အတွက် ကိုဗစ် ၁၉ ကပ်ရောဂါ ပျံ့နှံ့နေသည့်ကြားမှ အတင်းအကြပ် ကျောင်းများကို ဖွင့်လှစ်စေပြီး ပြည်သူများမှ စစ်အစိုးရအား အသိအမှတ်ပြုနေသယောင် ကမ္ဘာကို လိမ်လည်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိပါသည်။

CDM လုပ်ခြင်း မလုပ်ခြင်းထက် ကျောင်းသွားတက်သည်မှာ ကျောင်းသားများအတွက် အမှန်ပင် အကျိုးရှိနေသလော။ အကျိုးယုတ်နေသလော။ စင်စစ်တွင် ကျောင်းတွင် စစ်အာဏာရှင် ဝါဒဖြန့်စာပေများမှလွဲ၍ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်သော ပညာရေးမျိုး သင်ကြားနေခြင်းမဟုတ်ပေ။ မိမိအိမ်တွင် ဝတ္ထုဖတ်နေသည်ကမှ သာ၍ အကျိုးရှိပေဦးမည်။ ထို့အပြင် ဆယ်တန်းအောင်လက်မှတ် အတွက်လည်း ငွေ ၃ သိန်းဖြင့် ရောင်းစားသည့် သတင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့သေးသည်။

ထိုထက်ဆိုးဝါးသည့် ကိစ္စမှာ စစ်ကောင်စီ ဖွင့်လှစ်သော ကျောင်းသွားတက်သူများမှာ ပညာသင်ကြားရခြင်းမရှိဘဲ အလေလိုက်နေခြင်း၊ အသက်မပြည့်ဘဲ ရည်းစားထားခြင်း၊ အရက်သေစာများသောက်စားခြင်းပါ ရှိနေပေသည်။ ထိုသို့ပျက်စီးခြင်း ၅ ပါး ဆိုက်နေသည်ကို Tiktok တွင် ဗီဒီယိုများ ရိုက်ကူး၍ အဆိုပါကျောင်းသားများကိုယ်တိုင် တင်နေကြပေသည်။

အချုပ်ဆိုရသော် မိမိ၏ မိကောင်းဖခင်သားသမီးများ မပျက်စီးစေရန် စစ်အာဏာရှင်ကျောင်းများတက်ခြင်းထက် ပြည်သူ့အစိုးရ NUG ၏ အွန်လိုင်းပညာရေးကိုသာ အလေးပေးကြိုးစားကြစေရန် တိုက်တွန်းပါသည်။

ရေးသားသူ – မင်းသီဟစိုး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။