ဒေါ်သက်သက်ခိုင်မိခင်ကို ​ထောက်ပံ့​ကြေး​ပေးခဲ့​သောNon-CDM အရာရှိ ရာထူးတိုး

Local News

ဒေါ်သက်သက်ခိုင်မိခင်ကို ​ထောက်ပံ့​ကြေး​ပေးခဲ့​သောNon-CDM အရာရှိ ရာထူးတိုး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်သက်သက်ခိုင်မိခင်ကို ​ထောက်ပံ့​ကြေး​ပေးခဲ့​သောNon-CDM အရာရှိ ရာထူးတိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


Non CDM ဖြစ်ပြီးအာဏာသိမ်းစစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်အား အကပ်ကောင်းသူအဖြစ် ဌာနတွင်း နာမည်ကြီး​ပြီး ​ဒေါ်သက်သက်ခိုင်မိခင်ကိုပင်​ထောက်ပံ့​ကြေးကိုယ်တိုင်သွား​ပေးခဲ့သည့် စစ်​ကောင်စီ၏ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ညွှန်ကြားရေးမှုး ဒေါက်တာကေသီကျော် ရာထူးတက်သွား​​သောကြောင့် ဌာနတွင်းမ​ကျေနပ်မှု အချို့ရှိ​နေ​ကြောင်းသိ့ရသည်။


ဒေါက်တာကေသီကျော်ကို ယခု မတ်လ နောက်ဆုံးရက်သတ္တပတ်တွင် ဒုတိယ ညွှန်ကြားရေးမှုးချုပ်ရာထူးသို့ တိုးပေးလိုက်ခြင်းဖြစ်ကြောင်း လူကယ်ပြန်ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။


” သူ(ဒေါက်တာကေသီကျော်) ရာထူးတိုးသွားပြီး။ ဝန်ကြီးရဲ့ အမေကိုတောင် ထောက်ပံကြေးပေးပစ်တာ။အခု သူဒုချုပ်ဖြစ်သွားပြီ။ အချို့က မကျေနပ်ဘူးပေါ့ဗျာ”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။


စစ်တပ်မှ အသွင်ပြောင်းဖြစ်သည့်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်မိုးကို ညွှန်ကြား​ရေးမှူယချုပ်ရာထူးတိုးပေးပြီး​နောက် ဒေါက်တာကေသီကျော်ကို ဒုညွှန်ချုပ်ရာထူးတိုး​ပေးခြင်းဖြစ်သည်။


ကရင်နီပြည်နယ် ၊ စစ်ကိုင်းတိုင်းနှင့်ဒေသအများစုတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကိုပင်အသုံးပြုတိုက်ခိုက်၍ သက်ကြီးရွယ်အိုများပါ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ၂၀၂၂ ဇန်နဝါရီလအတွင်း ဒေါက်တာကေသီကျော်က စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီးဒေါ်သက်သက်ခိုင်၏ မိခင်ကို သက်ကြီးရွယ်အိုထောက်ပံ့ကြေးစရိတ်ကိုယ်တိုင်သွား​ရောက်ပေးခဲ့သည်။ ယင်းလုပ်ရပ်အ​ပေါ် ပြည်သူလူထုက အပြင်းအထန်ဝေဖန်ခဲ့ကြသည်။​ဒေါ်သက်သက်ခိုင် နှင့် ခင်မွန်း ဦး​အောင်​ကျော်ဝင်းတို့မိသားစုသည် ​ရွှေနန်း​တော် ၊စိန်နန်း​​တော်အပါအဝင်စီးပွား​ရေးလုပ်ငန်းများစွာပိုင်ဆိုင်ပြီး ချမ်းသာကြွယ်ဝသူများဖြစ်သည်။စစ်​ကောင်စီလက်​အောက်တွင် ဦး​အောင်​ကျော်ဝင်းမှာလည်း စစ်​ကောင်စီကိုကူညီ​ပေး​နေပြီး စီး​ပွား​ရေးဂွင်​ကောင်းများစွာရ​နေသည်ဟုလုပ်ငန်းရှင်အချို့က​ပြောသည်။


၂၀၂၀ရွေးကောက်ပွဲတွင် ကိုယ်တိုင်​ရော ၊ပါတီတစ်ပါတီလုံးပါ မရှုမလှ ရှုံးနိမ့်ခဲ့ပြီ အာဏာလုစစ်ကောင်စီကနေရာပေး၍ ဝန်ကြီးဖြစ်လာသည့် ဒေါ်သက်သက်ခိုင်နှင့် ဒေါက်တာ
ကေသီကျော်သည် နေပြည်တော်ရုံးချုပ်တွင် အတူတူတာဝန်ထမ်းဆောင်ပြီး ကျန်အရာရှိနှင့် ဝန်ထမ်းများအား ဖိနှိပ်မည်ကို စိုးရိမ်နေရသည်ဟု တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းအချို့ကပြောသည်။စစ်​ကောင်စီခန့် ဝန်ကြီးများနှင့် Non-CDM ဝန်ထမ်း​လောကတွင် ရာထူးကြီးသူကို ဖားတက်သူများသာ​နေရာရ​ကြောင်းဝန်ထမ်းအချို့က​ပြောသည်။
အခြားသတင်းတစ်ရပ်တွင် ယ​နေ့မှာပင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က လူကန်ပြန် ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၀၀ ​ကျော်ကို အမည်ပျက်စာရင်း​ကြေညာ၍ ရာထူးမှထုတ်ပယ်လိုက်သည်။


“စစ်ကောင်စီသည် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ သက်ကြီးရွယ်အိုနှင့် ကလေးများကို အရှင်လတ်လတ်မီးရှို့ခြင်းစသည့် လူမဆန်သည့် ပြစ်မှုများကို ကျူးလွန်နေချိန်တွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် တာဝန်ရှိသည့် အဆိုပါဝန်ကြီးဌာနကလည်း စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ ကူညီခြင်း မပြုဘဲ စစ်ကောင်စီ၏ ဖြတ်(၄)ဖြတ်လုပ်ငန်းစဉ်တွင် အလိုတူ အလိုပါ လုပ်ဆောင်လျက်ရှိပါသည်”ဟု NUG ၏ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် ​ဘေးအန္တရာယ်စီမံခန့်ခွဲ​ရေးဝန်ကြီးဌာနပြည်​ထောင်စုဝန်ကြီး​ဒေါက်တာဝင်းမြတ်​အေးအမိန့်ဖြင့်ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။
ထို​ကြောင့်စစ်​​ကောင်စီယန္တရားလည်ပါတ်နိုင်​ရေးအလိုတူအလိုပါ ​ဆောင်ရွက်​နေ​သောဝန်ထမ်း၁၀၀ ​ကျော်ကိုထုတ်ပယ်​ကြောင်း​ကြေညာထားသည်။ဌာန သုံးခုမှဝန်းထမ်း၁၀၀ ​ကျော်ထုတ်ပယ်​သောစာရင်းတွင် ​ဒေါက်တာ​ကေသီ​ကျော်အမည် ပါဝင်သည်ကိုမ​တွေ့ရ​သေး​ပေ ။

(​ဒေါ်သက်သက်ခိုင် မိခင်ကို​ သက်ကြီးရွယ်အို​ထောက်ပံ့​ကြေး​ပေး​နေ​သော ​ဒေါက်တာ​ကေသီ​ကျော်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။